ရိုဒရီ တိုက်တွန်းချက်၊ ရုန်းကန်ရကြောင်း ဝန်ခံလာတဲ့ ဟာလန်း၊ အယ်လ်ဗာရက် ကို စောင့်ကြည့်တဲ့ ရီးရဲလ်နဲ့ မန်စီးတီး သတင်းတိုများ

မန်စီးတီး အသင်း ကွင်းလယ်ကစားသမား ရိုဒရီကတော့ ဘောလုံးအာဏာပိုင် တွေအနေနဲ့ ဆော်ဒီလိဂ်ရဲ့ ကစားသမား ခေါ်ယူမှုတွေကို ထိန်းသိမ်းသင့်ကြောင်း တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာစီးတီး အသင်းတိုက်စစ်မှူး ဟာလန်းကတော့ နည်းပြ ဂွာဒီယိုလာလက်အောက်မှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ ရဖူးကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

တိုက်စစ်မှုး ဟာလန်း က အသင်းဖော်ဟောင်း ဘယ်လင်ဟမ်တစ်ယောက် ရီးရဲလ်မက်ဒရစ်မှာ အမြင့်ပျံသန်းနေတာ မြင်ရတဲ့အတွက် ထပ်တူပျော်ရွှင်ရကြောင်း ဝန်ခံခဲ့ပါတယ်။

ဒေါ့မွန်ဟာ ၂၀၂၀ ဇန်နဝါရီမှာ ဟာလန်းကို ခေါ်ယူခဲ့ပြီးနောက် အဲ့ဒီ့ နွေရာသီမှာ ဘယ်လင်ဟမ်ကို ထပ်မံ ခေါ်ယူ ခဲ့တာဖြစ်သလို ဟာလန်းနဲ့ ဘယ်လင်ဟမ်တို့ဟာ ဒေါ့မွန်မှာ ရာသီအနည်းငယ် အတူကစားခဲ့တာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ် ဟာ လာမယ့် နွေရာသီမှာ PSG တိုက်စစ်မှူးလေး ခီလီယံ အမ်ဘာပေ ကို မခေါ်ယူ နိုင်ခဲ့ပါက မန်စီးတီး ရဲ့ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနား တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် ကို အစားထိုး ပစ်မှတ်ထားသွားဖို့ ရှိတယ်လို့ သတင်း ပေါ်ထွက်လာခဲ့ ပါတယ်။

စပိန် နဲ့ မန်စီးတီး ဂန္ထဝင် ကွင်းလယ် ကစားသမားဟောင်းကြီး ဒေးဗစ် ဆေးလ်ဗား ကတော့ သူ့ကို ဘောလုံးသမား ဘ၀ ကနေ အနားယူစေခဲ့ရတဲ့ အရွတ် ဒဏ်ရာကို ခွဲစိတ်ကုသလိုက်ပြီ ဖြစ်ပါတယ်။

ဆေးလ်ဗား ဟာ ပြီးခဲ့တဲ့ ဇူလိုင်တုန်းက လေ့ကျင့်ခန်း အစီအစဉ်မှာ အဆိုပါ ဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး ၉ လ လောက် အနားယူရနိုင်တာကို သိရှိအပြီးမှာတော့ ဘောလုံးကစားခြင်းကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။