အာဆင္နယ္က ဆုဖလားထက္ အေရးၾကီးတာေတြကို အရင္လုပ္ေဆာင္ေနေၾကာင္း အာတီတာ အသိေပး

အာဆင္နယ္မန္ေနဂ်ာ အာတီတာက ကာလတစ္ခုအတြင္း အာဆင္နယ္ကို ျပန္လည္ တည္ေဆာက္ရမွာျဖစ္ျပီး ဒီအခ်ိန္မွာေတာ့ ျပိဳင္ဘက္ေတြနဲ႔အျပိဳင္ စိန္ေခၚဖို႔ ေဝကြာေနဦးမယ္လို႔ အသင္းပရိသတ္ေတြကို သတိေပးလိုက္ပါတယ္။

ပထမဆံုးအေနနဲ႔ အာဆင္နယ္ကို ကိုယ္ပိုင္ဟန္ ကိုယ္ပိုင္စံရွိတဲ့ အသင္းတစ္သင္းအျဖစ္ ျပန္လည္တည္ေဆာက္ကာ ေနာက္ပိုင္းမွာ လိုအပ္တဲ့ ကစားသမားေတြ ေခၚယူျခင္းနဲ႔အတူ အာဆင္နယ္ကို ျပန္လည္ ျပဳျပင္ရမယ္လို႔ စပိန္သား မန္ေနဂ်ာၾကီးက ဆိုပါတယ္။

အာတီတာက ေျပာရာမွာ ” အသင္းတစ္သင္းက ကိုယ္ပိုင္ပံုစံ မရွိပဲ ဘယ္လို အစီအစဥ္မွ ဆြဲလို႔ မရပါဘူး။ ကစားသမားေတြ လာေအာင္လည္း ဆြဲေဆာင္ႏုိင္မွာ မဟုတ္ဘူး။ က်ေနာ္တုိ႔ ကိုယ္တိုင္က အစီအစဥ္မရွိပဲ ကစားသမား ေခၚယူမႈေတြ လုပ္လို႔ မရပါဘူး။

အသင္းရဲ႕ ကစားဟန္၊ ကိုယ္က ဘယ္လို ကစားေစလိုတယ္ဆိုတာကို ရွင္းရွင္းလင္းလင္း မရွိဘူးဆိုရင္ ကစားသမားေတြကို ေခၚယူႏုိင္မွာ မဟုတ္ဘူး။ ဒါကို ပထမဆံုးရလုပ္ရပါမယ္။ ကိုယ္သြားလိုတဲ့ ပံုစံနဲ႔ ကိုယ္ကစားလိုတဲ့ အေနအထားကို ေဖာ္ေဆာင္ႏုိင္ရမွာပါ။ ဒါမွ ကစားသမားေတြကို ေခၚယူျပီး ကိုယ္လိုခ်င္တဲ့ ပံုစံကို တည္ေဆာက္ရမွာျဖစ္တယ္။ အသင္းတစ္သင္းအတြက္ ကိုယ္ပိုင္ ပံုစံရွိဖို႔က အေျခခံပဲ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အာဆင္နယ္က အနာဂတ္မွာ ဘယ္လို ေခၚယူမႈေတြ လုပ္မလဲဆိုတာက ေစာင့္ၾကည့္ရမွာပါ။ ဒါေပမယ့္လည္း ဇန္နဝါရီမွာ အေတြ႔အၾကံဳရွိ ကစားသမားေတြကို ေခၚယူခဲ့ျပီး လူငယ္ေတြကို ေနရာေပးေနမႈအရ အာဆင္နယ္ရဲ႕ ပံုစံဟာ ငယ္ရြယ္ႏုပ်ိဳမႈကို ဝါရင့္ေတြနဲ႔ ေပါင္းစပ္ျပီး ကစားေစလိုတယ္ဆိုတာက ေပၚလြင္ပါတယ္။

အာတီတာက ” က်ေနာ္တို႔မွာ ေရရွည္ စီမံကိန္း လိုပါတယ္။ ကာလတိုနဲ႔ အသင္းရဲ႕ လိုအပ္ခ်က္ေတြ ျပည့္ေအာင္ လုပ္ႏုိင္မွာ မဟုတ္သလို အခုခ်ိန္မွာေတာ့ ျပည္တြင္းနဲ႔ ဥေရာပက ထိပ္သီးေတြကို ယွဥ္ႏုိင္မွာ မဟုတ္ပါဘူး။ က်ေန္ာတို႔က အဲ့အသင္းေတြနဲ႔ အလွမ္းေဝးေနခဲ့ျပီး ျပန္လည္ နီးစပ္လာေအာင္ လုပ္ရပါမယ္။ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ေတြနဲ႔ ၾကိဳးစားမႈေတြ လုပ္ဖို႔က အေရးပါပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

UNICODE

အာဆင်နယ်မန်နေဂျာ အာတီတာက ကာလတစ်ခုအတွင်း အာဆင်နယ်ကို ပြန်လည် တည်ဆောက်ရမှာဖြစ်ပြီး ဒီအချိန်မှာတော့ ပြိုင်ဘက်တွေနဲ့အပြိုင် စိန်ခေါ်ဖို့ ဝေကွာနေဦးမယ်လို့ အသင်းပရိသတ်တွေကို သတိပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ အာဆင်နယ်ကို ကိုယ်ပိုင်ဟန် ကိုယ်ပိုင်စံရှိတဲ့ အသင်းတစ်သင်းအဖြစ် ပြန်လည်တည်ဆောက်ကာ နောက်ပိုင်းမှာ လိုအပ်တဲ့ ကစားသမားတွေ ခေါ်ယူခြင်းနဲ့အတူ အာဆင်နယ်ကို ပြန်လည် ပြုပြင်ရမယ်လို့ စပိန်သား မန်နေဂျာကြီးက ဆိုပါတယ်။

အာတီတာက ပြောရာမှာ ” အသင်းတစ်သင်းက ကိုယ်ပိုင်ပုံစံ မရှိပဲ ဘယ်လို အစီအစဉ်မှ ဆွဲလို့ မရပါဘူး။ ကစားသမားတွေ လာအောင်လည်း ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။ ကျနော်တို့ ကိုယ်တိုင်က အစီအစဉ်မရှိပဲ ကစားသမား ခေါ်ယူမှုတွေ လုပ်လို့ မရပါဘူး။

အသင်းရဲ့ ကစားဟန်၊ ကိုယ်က ဘယ်လို ကစားစေလိုတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မရှိဘူးဆိုရင် ကစားသမားတွေကို ခေါ်ယူနိုင်မှာ မဟုတ်ဘူး။ ဒါကို ပထမဆုံးရလုပ်ရပါမယ်။ ကိုယ်သွားလိုတဲ့ ပုံစံနဲ့ ကိုယ်ကစားလိုတဲ့ အနေအထားကို ဖော်ဆောင်နိုင်ရမှာပါ။ ဒါမှ ကစားသမားတွေကို ခေါ်ယူပြီး ကိုယ်လိုချင်တဲ့ ပုံစံကို တည်ဆောက်ရမှာဖြစ်တယ်။ အသင်းတစ်သင်းအတွက် ကိုယ်ပိုင် ပုံစံရှိဖို့က အခြေခံပဲ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

အာဆင်နယ်က အနာဂတ်မှာ ဘယ်လို ခေါ်ယူမှုတွေ လုပ်မလဲဆိုတာက စောင့်ကြည့်ရမှာပါ။ ဒါပေမယ့်လည်း ဇန်နဝါရီမှာ အတွေ့အကြုံရှိ ကစားသမားတွေကို ခေါ်ယူခဲ့ပြီး လူငယ်တွေကို နေရာပေးနေမှုအရ အာဆင်နယ်ရဲ့ ပုံစံဟာ ငယ်ရွယ်နုပျိုမှုကို ဝါရင့်တွေနဲ့ ပေါင်းစပ်ပြီး ကစားစေလိုတယ်ဆိုတာက ပေါ်လွင်ပါတယ်။

အာတီတာက ” ကျနော်တို့မှာ ရေရှည် စီမံကိန်း လိုပါတယ်။ ကာလတိုနဲ့ အသင်းရဲ့ လိုအပ်ချက်တွေ ပြည့်အောင် လုပ်နိုင်မှာ မဟုတ်သလို အခုချိန်မှာတော့ ပြည်တွင်းနဲ့ ဥရောပက ထိပ်သီးတွေကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ကျနေ်ာတို့က အဲ့အသင်းတွေနဲ့ အလှမ်းဝေးနေခဲ့ပြီး ပြန်လည် နီးစပ်လာအောင် လုပ်ရပါမယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကြိုးစားမှုတွေ လုပ်ဖို့က အရေးပါပါတယ် ” လို့ ဆိုခဲ့ပါတယ်။