နောက်ကျော ဒဏ်ရာ ရသွားတာကြောင့် ပွဲ အနည်းငယ် လွဲဖို့ ရှိနေတဲ့ မန်စီးတီး ကွင်းလယ် ကြယ်ပွင့်

မန်စီးတီး ကွင်းလယ်လူ မာတီယို ကိုဗာဆစ်ဟာ နောက်ကျော ဒဏ်ရာတစ်ခု ရရှိခဲ့တာကြောင့် ရက် အနည်းငယ် အနားယူရနိုင်ဖွယ် ရှိနေပါတယ်။

ကိုဗာဆစ် က ကြွက်သားပြဿနာနဲ့ ရုန်းကန်နေရတာကြောင့် လက်ဗီးယား၊ အာမေးနီးယားတို့နဲ့ ကစားခဲ့တဲ့ ခရိုအေးရှားရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ ၂ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။

သူ့ရဲ့ ဒဏ်ရာကို ဓာတ်မှန်ရိုက် စစ်ဆေးမှု ပြုလုပ်သွားမှာဖြစ်ပြီး ကိုဗာဆစ်အနေနဲ့ ၁၀ ရက် ဒါမှမဟုတ် အဲ့ဒီထက်ပိုကြာပြီးတော့ အနားယူရနိုင်လောက်ပါတယ်။

ကိုဗာဆစ်ဟာ ပေါင်၂၅သန်းနဲ့ နွေအပြောင်းအရွှေ့မှာ ချယ်ဆီးကနေ စီးတီးထံ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၆ပွဲ ကစားခဲ့ရပါတယ်။

မန် စီးတီးဟာ လာမယ့် စနေနေ့ ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းနဲ့ ကစားရဖို့ ရှိနေတာနဲ့အတူ ခရိုအေးရှားကြယ်ပွင့်ဟာ အဆိုပါပွဲကို လွဲချော်သွားရတော့မှာ ဖြစ်ပါတယ်။