အာတီတာရဲ႕ အာဆင္နယ္အသင္း အရွိန္ရလာျပီလို႔ အူဘာ ယံုၾကည္စြာ ဆို

အာဆင္နယ္အသင္းဟာ ညက အမ္းမရိတ္မွာ ကစားခဲ့တဲ့ နယူးကာဆယ္နဲ႕ ပြဲမွာေတာ့ ေလးဂိုး ဂိုးမရွိနဲ႕ ဂိုးျပတ္ နိုင္ပြဲ ရသြားခဲ့ပါတယ္။ အာဆင္နယ္ အတြက္ ဂိုးမ်ားကို တိုက္စစ္မွဴးေတြ ျဖစ္တဲ့ အူဘာ၊ လာကာဇက္တီ၊ ပီပီနဲ႕ ကြင္းလယ္ကစားသမား အိုေဇးလ္တို႔က သြင္းယူေပးခဲ့တာပါ။

ဒီနုိင္ပြဲက နည္းျပသစ္ အာတီတာ ေရာက္လာျပီးေနာက္ အာဆင္နယ္ရဲ႕ ဂိုးအျပတ္ဆံုး နုိင္ပြဲလည္း ျဖစ္ထားျပီး အာဆင္နယ္ဟာ ၂၀၂၀ ထဲ ရွံဳးပြဲ မရွိတဲ့ အသင္းလည္း ျဖစ္ေနပါတယ္။

အာဆင္နယ္အသင္းေခါင္းေဆာင္ တိုက္စစ္မွဴး အူဘာမီးယန္းကေတာ့ ဂန္းနားေတြဟာ နည္းျပ အာတီတာရဲ႕ ဦးေဆာင္မႈနဲ႕ တစတစ ပိုမို တိုးတက္ လာကာ အရွိန္ေကာင္းေတြ ရေနျပီလို႔ ယံုၾကည္ေၾကာင္း ပြဲ အျပီးမွာ ဆိုခဲ့ပါတယ္။

” က်ေန္ာတို႔ တစ္ပဲြထက္ တစ္ပြဲ ပုိေကာင္းလာတယ္လုိ႔ ခံစားမိပါတယ္။ ဒီထက္ ပုိေကာင္းျပီး ရွင္းရွင္းလင္းလင္း ကစားမယ့္ နည္းဗ်ဴဟာေတြ လည္း က်ေန္ာတို႔ တုိ႔မွာ ရွိေနတယ္။ ဒီအေနအထားေလးကုိ ဆက္လက္ထိန္းသိမ္းျပီးေတာ့ ေရွ႕ဆက္ ဒီပံုစံအတိုင္း ဆက္ ကစားသြားမွာပါ ” လုိ႔ ပြဲျပီး အင္တာဗ်ဴးမွာ အူဘာမီးယန္းက ေျပာၾကား သြားခဲ့ပါတယ္။

အာဆင္နယ္က နယူးကာဆယ္ကို ဂိုးျပတ္နုိင္ခဲ့ေပမယ့္ ပထမပိုင္းမွာ ထိေရာက္စြာ ကစားနိုင္ျခင္း မရွိခဲ့ပါဘူး။ ဒုတိယပိုင္းမွာေတာ့ အာတီတာက မွန္ကန္စြာ ျပင္ဆင္ တည့္မတ္ေပးနုိင္ခဲ့ျပီး ဂိုးေတြ ဆက္တိုက္ သြင္းယူခဲ့တာ ျဖစ္ပါတယ္။ အာတီတာ ကုိယ္တုိင္လည္း ဒုတိယပုိင္း ျပန္မစခင္ အသင္းရဲ႕ အဝတ္လဲခန္းအတြင္း နည္းဗ်ဴဟာ အေျပာင္းအလဲအတြက္ အသင္းသားေတြကုိ ညႊန္ၾကားခဲ့ရတယ္လုိ႔ ဝန္ခံခဲ့ပါတယ္။

နယူးကာဆယ္ကို ဂိုးျပတ္နုိင္လိုက္တာက ဖိအားေတြ ရွိေနတဲ့ နည္းျပ အာတီတာနဲ႕ အာဆင္နယ္ အတြက္ အရွိန္အဟုန္ေကာင္း တစ္ခု ရသြားခဲ့တာေတာ့ အမွန္ပဲ ျဖစ္ပါတယ္။

Unicode – အာဆင်နယ်အသင်းဟာ ညက အမ်းမရိတ်မှာ ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာတော့ လေးဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် နိုင်ပွဲ ရသွားခဲ့ပါတယ်။ အာဆင်နယ် အတွက် ဂိုးများကို တိုက်စစ်မှူးတွေ ဖြစ်တဲ့ အူဘာ၊ လာကာဇက်တီ၊ ပီပီနဲ့ ကွင်းလယ်ကစားသမား အိုဇေးလ်တို့က သွင်းယူပေးခဲ့တာပါ။

ဒီနိုင်ပွဲက နည်းပြသစ် အာတီတာ ရောက်လာပြီးနောက် အာဆင်နယ်ရဲ့ ဂိုးအပြတ်ဆုံး နိုင်ပွဲလည်း ဖြစ်ထားပြီး အာဆင်နယ်ဟာ ၂၀၂၀ ထဲ ရှုံးပွဲ မရှိတဲ့ အသင်းလည်း ဖြစ်နေပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီးယန်းကတော့ ဂန်းနားတွေဟာ နည်းပြ အာတီတာရဲ့ ဦးဆောင်မှုနဲ့ တစတစ ပိုမို တိုးတက် လာကာ အရှိန်ကောင်းတွေ ရနေပြီလို့ ယုံကြည်ကြောင်း ပွဲ အပြီးမှာ ဆိုခဲ့ပါတယ်။

” ကျနေ်ာတို့ တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာတယ်လို့ ခံစားမိပါတယ်။ ဒီထက် ပိုကောင်းပြီး ရှင်းရှင်းလင်းလင်း ကစားမယ့် နည်းဗျူဟာတွေ လည်း ကျနေ်ာတို့ တို့မှာ ရှိနေတယ်။ ဒီအနေအထားလေးကို ဆက်လက်ထိန်းသိမ်းပြီးတော့ ရှေ့ဆက် ဒီပုံစံအတိုင်း ဆက် ကစားသွားမှာပါ ” လို့ ပွဲပြီး အင်တာဗျူးမှာ အူဘာမီးယန်းက ပြောကြား သွားခဲ့ပါတယ်။

အာဆင်နယ်က နယူးကာဆယ်ကို ဂိုးပြတ်နိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ ထိရောက်စွာ ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ အာတီတာက မှန်ကန်စွာ ပြင်ဆင် တည့်မတ်ပေးနိုင်ခဲ့ပြီး ဂိုးတွေ ဆက်တိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အာတီတာ ကိုယ်တိုင်လည်း ဒုတိယပိုင်း ပြန်မစခင် အသင်းရဲ့ အဝတ်လဲခန်းအတွင်း နည်းဗျူဟာ အပြောင်းအလဲအတွက် အသင်းသားတွေကို ညွှန်ကြားခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

နယူးကာဆယ်ကို ဂိုးပြတ်နိုင်လိုက်တာက ဖိအားတွေ ရှိနေတဲ့ နည်းပြ အာတီတာနဲ့ အာဆင်နယ် အတွက် အရှိန်အဟုန်ကောင်း တစ်ခု ရသွားခဲ့တာတော့ အမှန်ပဲ ဖြစ်ပါတယ်။