မနက်ဖြန် ည ဝက်စ်ဟမ်း – မန်စီးတီး ပွဲ ဘယ်လို ရလဒ်ထွက်မလဲ ပေါမာဆန်ကြီး ကြိုတင် ဟောကိန်းထုတ်လိုက်ပါပြီ
နိုင်ငံပွဲတွေ ပြီးချိန်မှာတော့ ဒီတပတ်မှာ ပရီးမီးယားလိဂ် ပွဲတွေ ပြန် စပါပြီ။ မန်ချက်စတာ စီးတီးက ဝက်စ်ဟမ်း အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။
ပွဲက မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ၊ လန်ဒန်ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဆရာကြီး ပေါမာဆန် ကတော့ ဝက်စ်ဟမ်း – မန်စီးတီး ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
ပေါမာဆန် ခန့်မှန်းချက်
နှစ်သင်းလုံးက ခြေစွမ်း အမြင့်ဆုံးတွေ ရောက်နေပါတယ်။ ဒါပေမယ့် ဒီပွဲမှာ မန်စီးတီး မနိုင်ဖို့ရာ ကျနော်တော့ ရှာမရပါဘူး။ ဒီနှစ်တွေအတွင်း ပရီးမီးယားလိဂ်မှာ သူတို့ တည်ဆောက်ထားတဲ့ အဆင့်အတန်းက သိပ်မြင့်ပါတယ်။
ဒီပွဲက ဝက်စ်ဟမ်လို ကောင်တာတိုက်စစ် ကစားတဲ့ အသင်းတွေ ခြိမ်းခြောက်မှု လုပ်ဖို့ သိပ်ကောင်းတဲ့ပွဲ ဖြစ်ပါတယ်။ ဒါကို ချယ်ဆီးကို ရင်ဆိုင်တုန်းက သူတို့ ပြသခဲ့ပြီးပြီ။ အန်တိုနီယိုနဲ့ ဘိုဝင်တို့ဟာ တိုက်စစ်မှာ ဂိုးသွင်းနိုင်ပြီး ပြိုင်ဘက်ကို နာကျင်မှုတွေ ပေးနိုင်ပါတယ်။
ဒီပွဲက မလွယ်လောက်ပေမယ့် ကျနော်ကတော့ ပြီးပြည့်စုံတဲ့ တာထွက်ကို ပိုင်ဆိုင်နေတဲ့ မန်စီးတီးတို့ အနိုင် ၃မှတ်ရမယ်လို့ ထင်ပါတယ်။
ပရီးမီးယားလိဂ် ဖလားမှာ မန်စီးတီးကို ယှဉ်ပြိုင်နိုင်ဖို့ အာဆင်နယ်နဲ့ လီဗာပူးပဲ လုပ်နိုင်မှာဖြစ်ပါတယ်။ နယူးကာဆယ် က ရမှတ်တွေ အများကြီး ဆုံးရှုံးထားပြီး တာထွက် မကောင်းမှုကြောင့် အဆင့် ၄ ထဲ ဝင်ဖို့တောင် ခက်ခဲနိုင်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်
ဝက်စ်ဟမ်း ၁-၂ မန်စီးတီး