ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု ဆန်ခါတင်မှာ မန်စီးတီး ကစားသမား ၇ ဦးထိ ပါဝင်နေ

မနေ့ည က ဖီဖာ တစ်နှစ်တာ အကောင်းဆုံး ဆုတွေအတွက် ဆန်ခါတင်စာရင်း ထွက်ပေါ်လာရာမှာ အမျိုးသား ကစားသမားဆု စာရင်းမှာ ဟာလန်းက အမ်ဘာပေ၊ မက်ဆီတို့နဲ့အတူ ဦးဆောင်လာခဲ့ပါတယ်။

ထို ဆန်ခါတင် စာရင်းမှာ မန်စီးတီး ကစားသမား ၇ ဦးထိ ပါဝင်ခဲ့သလို နည်းပြ ဆန်ခါတင် စာရင်းမှာလည်း ပက် ဂွါဒီယိုလာ ပါဝင်ခဲ့ပါတယ်။

မက်ဆီကလည်း ဆန်ခါတင်စာရင်းထဲ ပါဝင်လာတယ်ဆိုပေမယ့် ဒီနှစ်ဆုအတွက် အချိန်သတ်မှတ်ချက်က ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၂ရက်နေ့ကနေ ၂၀၂၃ခုနှစ် ဩဂုတ်လ၂၀ရက်နေ့ထိပဲ ဖြစ်ပါတယ်။

ဖီဖာ အကောင်းဆုံးက စားသမားဆု ဆန်ခါတင်စာရင်းထဲမှာ ပရီးမီးယားလိဂ်ကစားသမားတွေအဖြစ် ဟာလန်းနဲ့အတူ အယ်ဗာရက်ဇ်၊ ဒီဘရိုင်း၊ ဂမ်ဒိုဂန်၊ ရိုဒရီ၊ ဘာနာဒိုဆေးလ်ဗားနဲ့ ဒီကလန်ရိုက်စ်တို့ ပါဝင်လာခဲ့ပါတယ်။

ခရိုအေးရှား ကွင်းလယ်လူ ဘရိုဇိုဗစ်၊ နာပိုလီတိုက်စစ်အတွဲ ခဗာရက်စ်ကီလီယာနဲ့ အိုဆီမန်တို့ဟာလည်း စာရင်းထဲ ပါဝင်လာခဲ့ပါတယ်။

အကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်းမှာတော့ ပိုစတီဂိုဂလူ၊ ဂွါဒီယိုလာ၊ ဇာဗီနဲ့ စပယ်လက်တီတို့ ပါဝင် လာခဲ့ပါတယ်။

အကောင်းဆုံး ဂိုးသမားဆု ဆန်ခါတင်စာရင်းမှာ မန်စီးတီးဂိုးသမား အီဒါဆန်၊ ယူနိုက်တက်နဲ့ အင်တာမီလန်ဂိုးသမား အိုနာနာ၊ ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တိုရစ်တို့ ပါဝင်လာခဲ့ပါတယ်။