ချယ်ဆီးတိုက်စစ်သမားကို ကန်ခဲ့မိတာအတွက် မက်ဂွဲရား တောင်းပန်စကားဆို
ညက ချယ်ဆီးနဲ့ ပွဲစဉ်မှာ ယူနိုက်တက် အသင်းခေါင်းေ်ဆာင် မက်ဂွဲရားက ချယ်ဆီး တိုက်စစ်မှူး ဘတ်ရှူဝါယီကို ခြေနဲ့ ကန်မိတဲ့ ဖြစ်ရပ် ရှိခဲ့ပြီး မက်ဂွဲရား အနေနဲ့ အနီကတ်နဲ့ ထုတ်ပယ် မခံရတာ ကံကောင်းသွားခဲ့တာ ဖြစ်တယ်လို့ စကိုင်းစပေါ့မှာ ရွိုင်ကိန်းက သုံးသပ် ပြောကြားခဲ့ပါတယ်။
မက်ဂွဲရားဟာ ပထမပိုင်း ပွဲချိန် မိနစ် ၂၀ ဝန်းကျင်လောက်မှာ ချယ်ဆီး အရန်ခုံတန်းရှေ့နားမှာ လဲကျခဲ့တာ ဖြစ်ပြီး လေပေါ် ထောင်မြှောက် နေဆဲ ဖြစ်တဲ့ မက်ဂွဲရား ခြေထောက်က ဘတ်ရှူဝါယီရဲ့ ပေါင်ကို ကန်မိသွားခဲ့ပါတယ်။ ဘတ်ရှူဝါယီကလည်း ထိုကန်ချက်ကြောင့် နာကျင်စွာ လဲကျသွားခဲ့ပြီး အရန်ခုံမှာ ရှိတဲ့ ချယ်ဆီးအသင်းသားတွေလည်း အမျက်ထွက်ခဲ့ကြပါတယ်။
ဒိုင်လူကြီး တေလာကတော့ ထိုဖြစ်ရပ်ကို မမြင်ခဲ့ဘဲ VAR နဲ့ ပြန်လည်စစ်ဆေးသော်လည်း မက်ဂွဲရားက ပြစ်ဒဏ်က လွတ်မြောက်ခဲ့ပါတယ်။ မက်ဂွဲရားကတော့ ဘတ်ရှူဝါယီကို ထိခိုက်မိခဲ့တာ အတွက် ဝန်ခံသွားခဲ့ပြီး မတော်တဆ ဖြစ်ရပ် ဖြစ်ကြောင်း ပွဲအပြီးမှာ ရှင်းလင်းပြောကြားခဲ့ကာ ဘတ်ရှူဝါယီကိုလည်း တောင်းပန် စကား ဆိုခဲ့ပါတယ်။
” သူ (ဘတ်ရှူဝါယီ)က ကျနော့် အပေါ် ထပ်ကျလာမယ် ထင်ခဲ့တာပါ။ သူ့ကို ဖမ်းထားရမယ်ဆိုတာ သိခဲ့တယ်။ ခြေထောက်နဲ့ ထိသွားတာက အလိုလျောက် တုန့်ပြန်လိုက်သလို ဖြစ်သွားခဲ့တာပါ သူ့ကို ထိန်းဖို့ ကျနော် ကြိုးစားမိလိုက်တာ။
ဒါက တမင် သက်သက် ကန်လိုက်တာ မဟုတ်ပါဘူး။ ခြေထောက်က အလိုလို တုန့်ပြန်မိသွားတာ ဖြစ်ပြီး သူ ကျလာရင် ကျနော် ဖမ်းထိန်းထားပေးမှာပါ။ ဒါပေမယ့် ထိခိုက်မိသွားစေတာ အတွက် ကျနော် တောင်းပန်ပါတယ်။ ” လို့ မက်ဂွဲရားက ပြောကြားခဲ့ပါတယ်။
စကိုင်းစပေါ့မှာ ထိုပွဲ အတွက် သုံးသပ်နေကြတဲ့ ရွိုင်ကိန်းကတော့ မက်ဂွဲရား ထုတ်ပယ် မခံခဲ့ရတာက အလွန် ကံကောင်းတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ တမင် လုပ်တာ မဟုတ်သည့်တိုင် ပြိုင်ဘက်အသင်းသားကို ကန်ခဲ့မိတာပဲလို့ ကိန်းက ထောက်ပြခဲ့ပါတယ်။
Zawgyi – ညက ခ်ယ္ဆီးနဲ႕ ပြဲစဥ္မွာ ယူနုိက္တက္ အသင္းေခါင္းေ္ဆာင္ မက္ဂြဲရားက ခ်ယ္ဆီး တိုက္စစ္မွဴး ဘတ္ရွဴ၀ါယီကို ေျခနဲ႕ ကန္မိတဲ့ ျဖစ္ရပ္ ရွိခဲ့ျပီး မက္ဂြဲရား အေနနဲ႕ အနီကတ္နဲ႕ ထုတ္ပယ္ မခံရတာ ကံေကာင္းသြားခဲ့တာ ျဖစ္တယ္လို႔ စကိုင္းစေပါ့မွာ ရြိဳင္ကိန္းက သံုးသပ္ ေျပာၾကားခဲ့ပါတယ္။
မက္ဂြဲရားဟာ ပထမပိုင္း ပြဲခ်ိန္ မိနစ္ ၂၀ ၀န္းက်င္ေလာက္မွာ ခ်ယ္ဆီး အရန္ခံုတန္းေရွ႕နားမွာ လဲက်ခဲ့တာ ျဖစ္ျပီး ေလေပၚ ေထာင္ေျမွာက္ ေနဆဲ ျဖစ္တဲ့ မက္ဂြဲရား ေျခေထာက္က ဘတ္ရွဴ၀ါယီရဲ႕ ေပါင္ကို ကန္မိသြားခဲ့ပါတယ္။ ဘတ္ရွဴ၀ါယီကလည္း ထိုကန္ခ်က္ေၾကာင့္ နာက်င္စြာ လဲက်သြားခဲ့ျပီး အရန္ခံုမွာ ရွိတဲ့ ခ်ယ္ဆီးအသင္းသားေတြလည္း အမ်က္ထြက္ခဲ့ၾကပါတယ္။
ဒိုင္လူၾကီး ေတလာကေတာ့ ထိုျဖစ္ရပ္ကို မျမင္ခဲ့ဘဲ VAR နဲ႕ ျပန္လည္စစ္ေဆးေသာ္လည္း မက္ဂြဲရားက ျပစ္ဒဏ္က လြတ္ေျမာက္ခဲ့ပါတယ္။ မက္ဂြဲရားကေတာ့ ဘတ္ရွဴ၀ါယီကို ထိခိုက္မိခဲ့တာ အတြက္ ၀န္ခံသြားခဲ့ျပီး မေတာ္တဆ ျဖစ္ရပ္ ျဖစ္ေၾကာင္း ပြဲအျပီးမွာ ရွင္းလင္းေျပာၾကားခဲ့ကာ ဘတ္ရွဴ၀ါယီကိုလည္း ေတာင္းပန္ စကား ဆိုခဲ့ပါတယ္။
” သူ (ဘတ္ရွဴ၀ါယီ)က က်ေနာ့္ အေပၚ ထပ္က်လာမယ္ ထင္ခဲ့တာပါ။ သူ႔ကို ဖမ္းထားရမယ္ဆိုတာ သိခဲ့တယ္။ ေျခေထာက္နဲ႕ ထိသြားတာက အလိုေလ်ာက္ တုန္႔ျပန္လိုက္သလို ျဖစ္သြားခဲ့တာပါ သူ႔ကုိ ထိန္းဖို႔ က်ေနာ္ ၾကိဳးစားမိလိုက္တာ။
ဒါက တမင္ သက္သက္ ကန္လိုက္တာ မဟုတ္ပါဘူး။ ေျခေထာက္က အလိုလို တုန္႔ျပန္မိသြားတာ ျဖစ္ျပီး သူ က်လာရင္ က်ေနာ္ ဖမ္းထိန္းထားေပးမွာပါ။ ဒါေပမယ့္ ထိခိုက္မိသြားေစတာ အတြက္ က်ေနာ္ ေတာင္းပန္ပါတယ္။ ” လို႔ မက္ဂြဲရားက ေျပာၾကားခဲ့ပါတယ္။
စကိုင္းစေပါ့မွာ ထိုပြဲ အတြက္ သံုးသပ္ေနၾကတဲ့ ရြိဳင္ကိန္းကေတာ့ မက္ဂြဲရား ထုတ္ပယ္ မခံခဲ့ရတာက အလြန္ ကံေကာင္းတယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။ တမင္ လုပ္တာ မဟုတ္သည့္တိုင္ ျပိဳင္ဘက္အသင္းသားကို ကန္ခဲ့မိတာပဲလို႔ ကိန္းက ေထာက္ျပခဲ့ပါတယ္။