ဒီနှစ်ရဲ့ ချန်ပီယံလိဂ်ဖလား ဘယ်အသင်း ရသွားမလဲ ခန့်မှန်းပေးလိုက်တဲ့ ရီးရဲလ်နည်းပြ

ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီက ဒီရာသီ ချန်ပီယံလိဂ် အောင်မြင်မယ်လို့ သူထင်တဲ့ အသင်းကို ထုတ်ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီကတော့ မက်ဒရစ်ဟာ ရေပန်းစားမယ့် အသင်း မဟုတ်နိုင်ဘူးလို့ မြင်ပါတယ်။ သူကပဲ လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းက ဒီနှစ်မှာလည်း ချန်ပီယံ ထပ်ဖြစ်လာမယ်လို့ ရေပန်းစားနေမှာဖြစ်ကြောင်း ထင်မြင်ချက်ပေးပါတယ်။

ဂွာဒီယိုလာရဲ့ အသင်းဟာ ဒီနောက်ပိုင်းနှစ်တွေမှာ ချန်ပီယံလိဂ်ကို အနိမ့်ဆုံး ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်အဆင့်ထိ တက်ရောက်လာနေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်နဲ့ ပတ်သက်လို့ ရီးရဲလ်မက်ဒရစ် နည်းပြကြီးက “ မန်စီးတီး ရေပန်းစားမယ် ထင်ပါတယ် ဘာလို့လဲဆိုတော့ သူတို့ရဲ့ လူစာရင်းကြောင့်ပါ။ ချန်ပီယံလိဂ်လည်း အောင်မြင်ထားပြီမို့ သူတို့က အားလုံးထက် ပိုပြီး ရေပန်းစားနေပါတယ်။

ဒါပေမယ့်လို့ ပြိုင်ပွဲရဲ့ နောက်ဆုံးအပိုင်းတွေက အံ့အားသင့်ဖို့ ကောင်းလေ့ရှိပါတယ်။ ဒီအခြေအနေမှာ မန်စီးတီးက ရေပန်းစားမှာပါ။ မက်ဒရစ်က အဆုံးထိ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ ရေပန်းစား အသင်းဖြစ်နေမယ်တော့ မထင်ပါဘူး။

စီးတီးလည်း သူတို့က ရေပန်းစားအသင်းလို့ ထင်နေမှာ မဟုတ်ဘူး ဒါပေမယ့်လို့ မနှစ်ကရာသီ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့တာကပဲ သူတို့ကို ဒီရာသီ ချန်ပီယံဖြစ်မယ် ရေပန်းစားစေပါလိမ့်မယ် ” လို့ ထင်မြင်ချက် ပေးခဲ့ပါတယ်။