မန်စီးတီး နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ရဲ့ စနေည ပွဲစဉ် အတွက် ဆရာကြီး ပေါမာဆန်က ကြိုတင် ဟောကိန်း ထုတ်ပါပြီ
ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ နော်တင်ဟမ် ဖောရက်စ် တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ပွဲကတော့ မနက်ဖြန် စနေနေ့ည ၈ နာရီခွဲ အချိန် စီးတီးတို့ရဲ့ အီတီဟက် ကွင်းကြီးမှာ ကစားကြမှာပါ။
ဘောလုံးပွဲ သုံးသပ်ဆရာကြီး ပေါမာဆန်ကတော့ စီးတီးနဲ့ ဖောရက်စ် ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းမှုတွေ ပြုလုပ်လာပါပြီ။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
ဒီလထဲမှာ နော်တင်ဟမ် ဖောရက်စ်က အံ့ဩစရာ ရလဒ်တစ်ခုအဖြစ် ချယ်ဆီးကို အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ မန်စီးတီး အနိုင်ရလွဲလို့ အခြားရလဒ် ထွက်ပေါ်မယ် မထင်ပါဘူး။
လီဗာပူးနဲ့ အာဆင်နယ်တို့ တနင်္ဂနွေနေ့မှာ ကစားရမှာဖြစ်ပြီး လက်ရှိ ချန်ပီယံတွေက သူတို့ပွဲကို အနိုင်ယူကာ ပြိုင်ဘက်တွေကို ဖိအားတွေ ဝင်စေဖို့ အခွင့်အရေးကောင်း ဖြစ်ပါတယ်။
မနှစ်နွေမှာ မန်စီးတီးကို ရောက်လာပြီးတည်းက ဟာလန်းဟာ စီးတီးရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့တယ်။ ဒါပေမယ့် ကျနော်က အဲဗာရက်စ်ရဲ့ အမာခံ ပရိသတ်ပါ။
သူက စပယ်ရှယ် ကစားသမားပါ။ နံပါတ် ၁၀ နေရာကော တိုက်စစ်ပိုင်း နေရာစုံမှာ ကစားနိုင်တယ်။ ဂိုးသွင်းနိုင်ပြီး ဖန်တီးမှုတွေ လုပ်နိုင်စွမ်း ရှိပါတယ်။ ဒီရာသီ အပတ်တိုင်းမှာ သူကစားနေရပြီး ဒီအတိုင်း ကာလရှည် ကစားနိုင်ဦးမှာပါ။
ပေါမာဆန် ခန့်မှန်းရလဒ်
မန်စီးတီး ၃-၁ နော်တင်ဟမ် ဖောရက်စ်