ချယ်ဆီးနဲ့ပွဲမှာ ဘိုင်လီကို ထုတ်သုံးရခြင်းနဲ့ အစ်ဟာလိုကို ပွဲထွက်မှာ မထည့်ခြင်းကို ဆိုးရှား ဖြေရှင်း
မနက်က ယှဉ်ပြိုင်ကစားတဲ့ ချယ်ဆီးနဲ့ ပွဲမှာ ဗဟိုခံစစ်မှူးအဖြစ် မက်ဂွဲရားနဲ့ ဘိုင်လီ အတွဲကို အသုံးပြုရတာက လင်ဒီအော့ ဖျားနေလို့ ဖြစ်ကြောင်း မန်နေဂျာအိုလီက ထုတ်ဖော်ပြောဆိုပါတယ်။
ယူနိုက်တက်ဟာ ခံစစ်မှာ လုရှော၊ မက်ဂွဲရား၊ ဘိုင်လီတို့ကို ထားကာ ဝီလီယမ်နဲ့ ဘစ်ဆာကာတို့ကို အစွန်တွေ ထွက်စေတဲ့ နည်းစနစ်ကို အသုံးပြုခဲ့တာပါ။ မန်နေဂျာရဲ့ လူစာရင်း ရွှေးချယ်မှုက အလုပ်ဖြစ်ခဲ့ပြီး ချယ်ဆီးတိုက်စစ်က အသင်းရဲ့ ခံစစ်ကို ထိုးဖောက်ဖို့ အခက်တွေ့ခဲ့ပါတယ်။
အိုလီက ပြောရာမှာ ” လင်ဒီအော့က ဖျားနေပါတယ်။ ဘိုင်လီကတော့ အရန်အသင်းနဲ့ ကွင်းပိတ်ပွဲတွေမှာလည်း သူပါဝင်ထားတော့ တက်ကြွနေတာပေါ့။ ဒီညပွဲအတွက် သူအဆင်သင့် ဖြစ်နေခဲ့ပြီး ကောင်းကောင်းလည်း ကစားနိုင်ခဲ့ပါတယ်။
ဘိုင်လီက ကျနော်ရဲ့ အိမ်တံခါးကို လာခေါက်ပြီး ဘယ်အချိန်မှာ အခွင့်အရေးတွေ ရမလဲလို့ လာမေးတာတွေ ရှိပါတယ်။ ဒီညမှာတော့ သူက အခွင့်အရေး ရခဲ့ပါပြီ။ ရလာတဲ့ အခွင့်အရေးကို အကောင်းဆုံးလည်း အသုံးချနိုင်ခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် သူနောက်ဆုံး ကစားခဲ့တာကလည်း ချယ်ဆီးနဲ့ပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။
” အစ်ဟာလိုကို အသင်းက သူ့အပေါ် အားထားနေရတယ်လို့ မထင်စေချင်ဘူး။ ကျနေ်ာတို့ ၃-၀ နဲ့ ဂိုးပြတ် နိုင်နေတဲ့ ပွဲလောက်မှ သူ့ကို ထည့်လိုပါတယ်။ ချယ်ဆီးလို အသင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ ပွဲထွက်လူစာရင်းကနေ ထုတ်သုံးပြီး သူ့ကို ဖိအားဝင်စေတာတွေ မလုပ်လိုပါဘူး။
သူက အသင်းနဲ့အတူ တစ်ရက် လေ့ကျင့်ထားခဲ့ပြီးပါပြီ။ သူ ဂိုတွေလည်း သွင်းယူနိုင်ခဲ့ပါတယ်။ သူ့ထံက ဒီထက် တိုးတက်လာတာတွေ မြင်ရဖို့လည်း မျှော်လင့်နေပါတယ် ” လို့ ချယ်ဆီးနဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်လာခဲ့တဲ့ အင်ဟာလိုနဲ့ ပက်သက်ပြီး ယူနိုက်တက် မန်နေဂျာက ပြောဆိုခဲ့သေးတာ ဖြစ်ပါတယ်။
ZAWGYI
မနက္က ယွဥ္ျပိဳင္ကစားတဲ့ ခ်ယ္ဆီးနဲ႔ ပြဲမွာ ဗဟိုခံစစ္မွဴးအျဖစ္ မက္ဂြဲရားနဲ႔ ဘိုင္လီ အတြဲကို အသံုးျပဳရတာက လင္ဒီေအာ့ ဖ်ားေနလုိ႔ ျဖစ္ေၾကာင္း မန္ေနဂ်ာအိုလီက ထုတ္ေဖာ္ေျပာဆိုပါတယ္။
ယူႏုိက္တက္ဟာ ခံစစ္မွာ လုေရွာ၊ မက္ဂြဲရား၊ ဘိုင္လီတို႔ကို ထားကာ ဝီလီယမ္နဲ႔ ဘစ္ဆာကာတို႔ကို အစြန္ေတြ ထြက္ေစတဲ့ နည္းစနစ္ကို အသံုးျပဳခဲ့တာပါ။ မန္ေနဂ်ာရဲ႕ လူစာရင္း ေရႊးခ်ယ္မႈက အလုပ္ျဖစ္ခဲ့ျပီး ခ်ယ္ဆီးတိုက္စစ္က အသင္းရဲ႕ ခံစစ္ကို ထိုးေဖာက္ဖို႔ အခက္ေတြ႔ခ့ဲပါတယ္။
အိုလီက ေျပာရာမွာ ” လင္ဒီေအာ့က ဖ်ားေနပါတယ္။ ဘိုင္လီကေတာ့ အရန္အသင္းနဲ႔ ကြင္းပိတ္ပြဲေတြမွာလည္း သူပါဝင္ထားေတာ့ တက္ၾကြေနတာေပါ့။ ဒီညပြဲအတြက္ သူအဆင္သင့္ ျဖစ္ေနခဲ့ျပီး ေကာင္းေကာင္းလည္း ကစားႏုိင္ခဲ့ပါတယ္။
ဘိုင္လီက က်ေနာ္ရဲ႔ အိမ္တံခါးကို လာေခါက္ျပီး ဘယ္အခ်ိန္မွာ အခြင့္အေရးေတြ ရမလဲလို႔ လာေမးတာေတြ ရွိပါတယ္။ ဒီညမွာေတာ့ သူက အခြင့္အေရး ရခဲ့ပါျပီ။ ရလာတဲ့ အခြင့္အေရးကို အေကာင္းဆံုးလည္း အသံုးခ်ႏုိင္ခဲ့ပါတယ္။ ဒီပြဲမတိုင္ခင္ သူေနာက္ဆံုး ကစားခဲ့တာကလည္း ခ်ယ္ဆီးနဲ႔ပါပဲ ” လို႔ ဆိုခဲ့တာျဖစ္တယ္။
” အစ္ဟာလိုကို အသင္းက သူ႔အေပၚ အားထားေနရတယ္လုိ႔ မထင္ေစခ်င္ဘူး။ က်ေန္ာတို႔ ၃-၀ နဲ႔ ဂိုးျပတ္ ႏုိင္ေနတဲ့ ပြဲေလာက္မွ သူ႔ကို ထည့္လိုပါတယ္။ ခ်ယ္ဆီးလို အသင္းနဲ႔ ရင္ဆိုင္ရတဲ့ပြဲမွာ ပြဲထြက္လူစာရင္းကေန ထုတ္သံုးျပီး သူ႔ကို ဖိအားဝင္ေစတာေတြ မလုပ္လိုပါဘူး။
သူက အသင္းနဲ႔အတူ တစ္ရက္ ေလ့က်င့္ထားခဲ့ျပီးပါျပီ။ သူ ဂိုေတြလည္း သြင္းယူႏုိင္ခဲ့ပါတယ္။ သူ႔ထံက ဒီထက္ တိုးတက္လာတာေတြ ျမင္ရဖို႔လည္း ေမွ်ာ္လင့္ေနပါတယ္ ” လို႔ ခ်ယ္ဆီးနဲ႔ပြဲမွာ လူစားဝင္ ကစားသမားအျဖစ္ ပါဝင္လာခဲ့တဲ့ အင္ဟာလိုနဲ႔ ပက္သက္ျပီး ယူႏုိက္တက္ မန္ေနဂ်ာက ေျပာဆိုခဲ့ေသးတာ ျဖစ္ပါတယ္။