နယူးကာဆယ် – မန်စီးတီးတို့ ကာရာဘောင်း ပွဲမတိုင်ခင် ထူးခြားသတင်းများ၊ ထိပ်တိုက်ရလဒ်များနဲ့ ပွဲကြို ခန့်မှန်းချက်

မန်ချက်စတာစီးတီး အသင်းဟာ မနက်ဖြန် ဗုဒ္ဓဟူးနေ့ ည မှာ နယူးကာဆယ်နဲ့ ကာရာဘောင်းဖလား တတိယ အဆင့်ပွဲစဉ်အဖြစ် စိန့် ဂျိမ်းစ်ပါ့ခ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ငှက်ကျားတွေဟာ ရှက်ဖီးယူနိုက်တက်ကို အဝေးကွင်းမှာ ၈ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ယုံကြည်မှုတွေ မြင့်မားနေမှာဖြစ်ပါတယ်။

မန်စီးတီးကလည်း ပြီးခဲ့တဲ့အပတ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၀ နဲ့ နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် ၂၀၂၃-၂၀၂၄ ရာသီ အစ ၁၀၀ ရာခိုင်နှုန်းနိုင်ပွဲကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် နှစ်သင်းလုံး အခြေအနေတွေကို စုစည်း ဖော်ပြပေးပါမယ်။

နှစ်ဖက်အသင်း ဒဏ်ရာရနဲ့ ပွဲပယ်

နယူးကာဆယ်တောင်ပံကစားသမား ဟာဗီး ဘန်းစ်ဟာ ရှက်ဖီးနဲ့ပွဲ ပထမပိုင်း ၁၂ မိနစ်မှာပဲ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီး ဂျိုလင်တန်၊ ဂျိုး ဝီလ်လော့ခ်၊ အီမီလ် ခရက်ဖ်တို့အားလုံးကလည်း ဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်ပါဘူး။

မန်စီးတီးဘက်မှာ ကီဗင် ဒီဘရိုင်းနား၊ ကိုဗာဆစ်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဂျွန် စတုန်းစ်တို့ လွဲချော်မှာဖြစ်ပြီး ရိုဒရီက ဖောရက်စ်နဲ့ပွဲမှာ အနီကတ် ထိခဲ့တာကြောင့် ကယ်လ်ဗင် ဖိလစ်ပ်စ်က ပွဲထွက်ပါဝင်လာမှာဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

နယူးကာဆယ်-ပုပ်၊ ထရစ်ပီယာ၊ ရှား၊ ဘော့တ်မန်း၊ ဘန်း၊ လောင်းစတက်ဖ်၊ ဂီမာရေးစ်၊ တိုနာလီ၊ မာဖီ၊ အီဆက်၊ ဂေါ်ဒွန်။

မန်စီးတီး-အော်တီဂါ၊ လူးဝစ္စ၊ အကန်းဂျိ၊ အကီ၊ ဂိုးမက်စ်၊ နူးနက်စ်၊ ဖိလစ်ပ်စ်၊ ဖိုဒန်၊ အယ်လ်ဗာရက်ဇ်၊ ဂရီးလစ်ရှ်၊ ဟာလန်း။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးပွဲရလဒ်များ

နယူးကာဆယ်နဲ့ မန်စီးတီးတို့ဟာ ၂၈ ကြိမ်တွေ့ဆုံခဲ့ရာမှာ နယူးကာဆယ်က ၂ ပွဲနိုင် ၃ ပွဲသရေ မန်စီးတီးက ၂၃ ပွဲအနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ နယူးကာဆယ်က ၂ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံးနိမ့်ခဲ့ပြီး မန်စီးတီးက ၅ ပွဲစလုံး အနိုင်ရရှိခဲ့ပါတယ်။

ခန့်မှန်းရလဒ် ကတော့ ဧည့်သည် မန်စီးတီးကပဲ နယူးကာဆယ်ကို ၂-၁ လောက်နဲ့ အနိုင်ရရှိသွားပါမယ်။