ချယ်ဆီးနဲ့ပွဲမှာ သေချာပေါက် ဂိုးသွင်းယူမယ်ဆိုပြီး ပွဲမတိုင်ခင်တည်းက စိတ်ပိုင်းဖြတ်ခဲ့တဲ့ မက်ဂွဲရား
မနက်က စတမ်းဖိုဒ်ဘရစ်မှာ ယှဉ်ပြိုင်ကစားတဲ့ ချယ်ဆီးနဲ့ပွဲမှာ ယူနိုက်တက်ခံစစ်မှူး မက်ဂွဲရားက သွင်းဂိုး တစ်ဂိုးကို ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး သွင်းယူသွားခဲ့ပါတယ်။
မက်ဂွဲရားရဲ့ သွင်းဂိုးကြောင့် ယူနိုက်တက်ရဲ့ အနိုင်ရလဒ်က ခိုင်မာခဲ့ပြီး အိမ်ရှင် ချယ်ဆီးအသင်းကို ပွဲအပြီးမှာ ၂-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့တာဖြစ်တယ်။ မိနစ် ၉၀ အတွင်းမှာ မက်ဂွဲရားနဲ့ တွဲဘက် ခံစစ်မှူး ဘိုင်လီတို့ကလည်း ချယ်ဆီးရဲ့ တိုက်စစ် ထိုးဖောက်မှုတွေကို အကောင်းဆုံး ကာကွယ် ဟန့်တားနိုင်ခဲ့တာဖြစ်တယ်။
ပွဲချိန် ၁ နာရီအကျော်မှာ မက်ဂွဲရားက အသင်းဖော် ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘော ပေးမှုကနေ ဂိုးရယူခဲ့တာဖြစ်ပြီး အဆိုပါဂိုးကို သွင်းယူဖို့ ပွဲမတိုင်ခင်တည်းက စိတ်ပိုင်းဖြတ်ထားတာဖြစ်တယ်။ အသင်းအတွက် အရေးပါတဲ့ပွဲမှာ ထောင့်ကန်ဘောကနေ အခွင့်အရေးယူပြီး ဂိုးသွင်းနိုင်ဖို့ သေချာပေါက် ကြိုးစားမယ်လို့ မက်ဂွဲရားက စိတ်ပိုင်းဖြတ်ထားတာဖြစ်တယ်။
မက်ဂွဲရားနဲ့ ညီဖြစ်သူတို့က ပွဲမတိုင်ခင် စကားပြောမှုမှာ ယူနိုက်တက် အသင်းခေါင်းဆောင်က စတမ်းဖိုဒ့်ဘရစ်မှာ ပြိုင်ဘက်အသင်းဘက်ကို ခေါင်းတိုက်ဂိုး သွင်းယူပြမယ်လို့ ကြုံးဝါးထားတာပါ။ မက်ဂွဲရားက ပွဲမှာတော့ သူပြောထားတဲ့အတိုင်း လုပ်နိုင်ခဲ့ပြီး ဒီအကြောင်းကို လူတိုင်းသိနိုင်ဖို့ ညီဖြစ်သူက အင်စတာဂရမ်ကနေ ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲ ပထမပိုင်းမှာပဲ မက်ဂွဲရားနဲ့ ချယ်ဆီးတိုက်စစ်မှူး ဘတ်ရှုဝါရီတို့ကြား ထိတွေ့မှု အနည်းငယ်လည်း ဖြစ်ပွားခဲ့ပါတယ်။ မက်ဂွဲရားကတော့ သူ တမင်လုပ်တာ မဟုတ်ကြောင်းနဲ့ မတော်တဆမှုကို ဒိုင်လူကြီးတွေ သိကြတာအတွက် ဝမ်းသာမိကာ ဘတ်ရှုဝါရီကိုလည်း အဆိုပါကိစ္စအတွက် တောင်းပန်တယ်လို့ ပွဲအပြီးမှာ ပြောဆိုသွားပါတယ်။
ZAWGYI
မနက္က စတမ္းဖိုဒ္ဘရစ္မွာ ယွဥ္ျပိဳင္ကစားတဲ့ ခ်ယ္ဆီးနဲ႔ပြဲမွာ ယူႏုိက္တက္ခံစစ္မွဴး မက္ဂြဲရားက သြင္းဂိုး တစ္ဂိုးကို ေထာင့္ကန္ေဘာကေန ေခါင္းတိုက္ျပီး သြင္းယူသြားခဲ့ပါတယ္။
မက္ဂြဲရားရဲ႕ သြင္းဂိုးေၾကာင့္ ယူႏုိက္တက္ရဲ႕ အႏုိင္ရလဒ္က ခိုင္မာခဲ့ျပီး အိမ္ရွင္ ခ်ယ္ဆီးအသင္းကို ပြဲအျပီးမွာ ၂-၀ နဲ႔ ဂိုးျပတ္ အႏုိင္ရခဲ့တာျဖစ္တယ္။ မိနစ္ ၉၀ အတြင္းမွာ မက္ဂြဲရားနဲ႔ တြဲဘက္ ခံစစ္မွဴး ဘိုင္လီတို႔ကလည္း ခ်ယ္ဆီးရဲ႕ တိုက္စစ္ ထိုးေဖာက္မႈေတြကို အေကာင္းဆံုး ကာကြယ္ ဟန္႔တားႏုိင္ခဲ့တာျဖစ္တယ္။
ပြဲခ်ိန္ ၁ နာရီအေက်ာ္မွာ မက္ဂြဲရားက အသင္းေဖာ္ ဖာနန္ဒက္စ္ရဲ႕ ေထာင့္ကန္ေဘာ ေပးမႈကေန ဂိုးရယူခဲ့တာျဖစ္ျပီး အဆိုပါဂိုးကို သြင္းယူဖို႔ ပြဲမတိုင္ခင္တည္းက စိတ္ပိုင္းျဖတ္ထားတာျဖစ္တယ္။ အသင္းအတြက္ အေရးပါတဲ့ပြဲမွာ ေထာင့္ကန္ေဘာကေန အခြင့္အေရးယူျပီး ဂိုးသြင္းႏုိင္ဖို႔ ေသခ်ာေပါက္ ၾကိဳးစားမယ္လို႔ မက္ဂြဲရားက စိတ္ပိုင္းျဖတ္ထားတာျဖစ္တယ္။
မက္ဂြဲရားနဲ႔ ညီျဖစ္သူတို႔က ပြဲမတိုင္ခင္ စကားေျပာမႈမွာ ယူႏုိက္တက္ အသင္းေခါင္းေဆာင္က စတမ္းဖိုဒ့္ဘရစ္မွာ ျပိဳင္ဘက္အသင္းဘက္ကို ေခါင္းတိုက္ဂိုး သြင္းယူျပမယ္လို႔ ၾကံဳးဝါးထားတာပါ။ မက္ဂြဲရားက ပြဲမွာေတာ့ သူေျပာထားတဲ့အတိုင္း လုပ္ႏုိင္ခဲ့ျပီး ဒီအေၾကာင္းကို လူတိုင္းသိႏုိင္ဖို႔ ညီျဖစ္သူက အင္စတာဂရမ္ကေန ေဖာ္ျပသြားခဲ့တာျဖစ္ပါတယ္။
အဆိုပါပြဲ ပထမပိုင္းမွာပဲ မက္ဂြဲရားနဲ႔ ခ်ယ္ဆီးတိုက္စစ္မွဴး ဘတ္ရႈဝါရီတို႔ၾကား ထိေတြ႔မႈ အနည္းငယ္လည္း ျဖစ္ပြားခဲ့ပါတယ္။ မက္ဂြဲရားကေတာ့ သူ တမင္လုပ္တာ မဟုတ္ေၾကာင္းနဲ႔ မေတာ္တဆမႈကို ဒိုင္လူၾကီးေတြ သိၾကတာအတြက္ ဝမ္းသာမိကာ ဘတ္ရႈဝါရီကိုလည္း အဆိုပါကိစၥအတြက္ ေတာင္းပန္တယ္လို႔ ပြဲအျပီးမွာ ေျပာဆိုသြားပါတယ္။