နယူးကာဆယ်နဲ့ပွဲက လုပ်ရပ်အတွက် ဟာလန်းကို ချီးကျူးမှုတွေ ရှိသလို မလုပ်သင့်ဘူး ဝေဖန်မှုတွေလည်း ရှိနေ

ပြီးခဲ့တဲ့ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့ ပြိုင်ဘက်တိုက်စစ်မှူး အိုင်ဆက်ခ်ရဲ့ ဂျာစီကို ဟာလန်း တစ်ယောက် သွားရောက် တောင်းယူခဲ့တာကြောင့် ဟာလန်းရဲ့ နှိမ့်ချမှုရှိတဲ့ စိတ်ဓါတ်ကို ပရိသတ်တွေ ချီးကျူးပြောဆိုနေကြပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအကောင်းဆုံး တိုက်စစ်မှူးအဖြစ် သက်မှတ်ခြင်း ခံထားရတဲ့ ဟာလန်းဟာ အဆိုပါ ပွဲမှာ ပါဝင်ခွင့်မရခဲ့ပေမယ့် အနိုင်ဂိုးသွင်းယူခဲ့တဲ့ အိုင်ဆက်ခ်ရဲ့ ဂျာစီကိုတော့ အမှတ်တရ သိမ်းဆည်းလိုခဲ့တာကြောင့် သွားရောက်တောင်းဆိုခဲ့ပြီး အိုင်ဆက်ခ်ကလည်း ဟာလန်းကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

ဟာလန်းလို တိုက်စစ်မှူးတစ်ယောက်က ပြိုင်ဘက်တိုက်စစ်မှူးရဲ့ ဂျာစီကို အောက်ကျခံပြီး သွားရောက် မတောင်းယူ သင့်ဘူး ဆိုပြီး ဝေဖန်သူတွေ ရှိနေပေမယ့် ပရိသတ် အများစုကတော့ ပွဲအနေအထားကို လက်ခံတက်ပြီး ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုပေးတက်တဲ့ ဟာလန်းရဲ့ ကောင်းကွက်တွေကို ထောက်ပြ ချီးကျူးနေကြပါတယ်။

ဟာလန်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၈ ဂိုးအထိ သွင်းယူထားသလို ပြီးခဲ့တဲ့ရာသီကလည်း ဂိုးတွေ တဒိုင်းဒိုင်းသွင်းယူပြီး စံချိန်သစ်တွေ တင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၃ ဂိုးသာ သွင်းယူထားသေးတဲ့ အိုင်ဆက်ခ်ရဲ့ အဆိုပါ ပွဲအတွင်းက ကြိုးစားအားထုတ်မှုတွေကိုတော့ အပြည့်အ၀ လက်ခံပေးခဲ့တာ တွေ့ရပါတယ်။