စနေနေ့ ဝုဗ် – မန်စီးတီး ပွဲ ရလဒ် ဘယ်လိုထွက်မလဲ ကြိုပြောလိုက်တဲ့ ဘီဘီစီ ဆရာကြီး ခရစ်ဆက်တန်
မန်ချက်စတာစီးတီး အသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဝုဗ်နဲ့ ကန်ရမှာ ဖြစ်ပြီး အဝေးကွင်း ပွဲစဉ် ဖြစ်ပါမယ်။ ပွဲကတော့ မနက်ဖြန် စနေနေ့ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။
ဘီဘီစီမှ ပွဲသုံးသပ် ဆရာကြီး ခရစ်ဆက်တန် က ဝုဗ်နဲ့ မန်စီးတီး ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်လာခဲ့ပါပြီ။
” ကာရာဘောင်းပွဲအဖြစ် နယူးကာဆယ်ကို အရေးနိမ့်တုန်းက မန်စီးတီးဟာ လူစာရင်းမှာ ဟာလန်းကို ချန်ထားခဲ့ ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ သူ့ကို ပြန်သုံးမှာပါ။ အဲ့တာကြောင့်ပဲ စီးတီးတို့ ဒီပွဲကို အနိုင်ရသွားမယ်လို့ ကျနော် ထင်တာပါ။

စီးတီးကလည်း ဒဏ်ရာ ပြဿနာတွေ ရှိနေတဲ့ အသင်း ဖြစ်သလို ဖောရက်စ်ပွဲတုန်းက ရခဲ့တဲ့ အနီကဒ်ကြောင့် သူတို့ ကွင်းလယ်မှာ ရိုဒရီကို လက်လွတ်ထားရမှာ ဖြစ်ပါတယ်။
ကယ်ဗင်ဖီလစ် ဝင်ကစားမှာက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ပက်ကတော့ လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်ကပဲ ဝုဗ်ကနေ သူခေါ်ယူထားတဲ့ နူးနက်စ်ကို ဦးစားပေးလိုနေမှာပါ။
စီးတီးတိုက်စစ်မှာ အဲဗာရက်စ်နဲ့ ဟာလန်းတို့ကို တွဲသုံးမယ်ဆိုရင် သူတို့ကို ရပ်တန့်နိုင်ဖို့ ခက်ခဲပါတယ်။ နယူးကာဆယ် ပွဲမှာ နူးနက်စ်၊ ဒိုကူတို့က ဒုတိယပိုင်းမှ လူစားဝင်ခဲ့ပေမယ့် ဒီပွဲမှာ ပွဲထွက်က ပါမှာပါ။ တကယ်ကို အသုံးဝင်မယ့်သူတွေ ဖြစ်ပါတယ်။ ” လို့ ဆက်တန် က သုံးသပ် ထားပါတယ်။
ခရစ် ဆက်တန်ရဲ့ ခန့်မှန်း ရလဒ်ကတော့ ဝုဗ် ဝ-၃ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။
