ချယ်ဆီးပွဲ နောက်ဆက်တွဲနဲ့ ယူရိုပါလိဂ် ပွဲအကြို ကိစ္စတွေ ပါဝင်နေတဲ့ ယူနိုက်တက် ညနေခင်းသတင်းများ
ယူနိုက်တက်ခံစစ်မှူး ဘိုင်လီက အချိန်အကြာကြီး ပွဲတွေ မကစားခဲ့ရရာက အသင်းအတွက် ပြန်လည် ပွဲထွက်ပေးရပြီး အသင်းကောင်းတစ်သင်းနဲ့ ရင်ဆိုင်ရတာဟာ မလွယ်ကူတဲ့ ကိစ္စ ဖြစ်ခဲ့ပါတယ်လို့ ချယ်ဆီးနဲပွဲအပြီး ဝန်ခံလိုက်ပါတယ်။
ခံစစ်မှူး မက်ဂွဲရားက ချယ်ဆီးနဲ့ပွဲ မတိုင်ခင်တည်းက ညီဖြစ်သူကို ဒီပွဲမှာ သူ ခေါင်းတိုက်ဂိုး သေချာပေါက် သွင်းယူပြမယ်လို့ ကြိုတင် ပြောဆိုထားပါတယ်။
ရာသီအစောတုန်းက ဝေဖန်မှုတွေရှိထားခဲ့ပေမယ့် ယူနိုက်တက်ခံစစ်က အတော်လေး တည်ငြိမ်လာခဲ့ပြီး လေးပွဲဆက်တိုက် ဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်ပါတယ်။
ဆိုးရှားက သူနဲ့ ပေါ့ဘာအေးဂျင့် ရွိုင်အိုလာကြားမှာ စကားပြောရမှုတွေ ရှိလာမှာဖြစ်ပေမယ့် သူက သွားရောက် ပြောဆိုမှာ မဟုတ်ကာ ရွိုင်အိုလာက သူ့ထံ လာရောက် ပြောဆိုရတာ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
ရွိုင်အိုလာကတော့ ဆိုးရှားကို တုန့်ပြန်စကားတစ်ခွန်း ပြောလာပြီး နွေတုန်းက ပေါ့ဘာကို ဘာတွေပြောခဲ့လဲ မှတ်မိမှာပါလို့ ဆိုကာ ယူနိုက်တက် မန်နေဂျာနဲ့ စကားစစ်ပွဲ ဖြစ်နေမှုကို ထပ်ကွန့်သွားပါတယ်။ ပေါ့ဘာရဲ့ အကိုဖြစ်သူကလည်း သူ့ညီဖြစ်သူက ယူနိုက်တက်ကနေ ထွက်ခွာလိုတယ်လို့ ဆိုပြန်ပါတယ်။
ကလပ်အသင်း ဂန္တဝင်ဖြစ်သူ ရွိုင်းကိန်က နွေမှာ ပေါ့ဘာကို ရောင်းထုတ်ပလိုက်ဖို့ ခပ်ပြတ်ပြတ် တောင်းဆိုလိုက်ပါတယ်။
ချယ်ဆီးနဲ့ပွဲကို အဖျားကြောင့် မပါဝင်နိုင်ခဲ့တဲ့ ခံစစ်မှူး လင်ဒီအော့ဟာ ဒီကနေ့ ကာရင်တန် လေ့ကျင့်ရေးကို လာရောက် ပူးပေါင်းမှု ပြုလုပ်နိုင်ခဲ့ပါပြီ။
မနက်ကပွဲအတွင်း မက်ဂွဲရားနဲ့ ဘတ်ရှုဝါရီတို့ ဖြစ်ခဲ့တဲ့ မတော်တဆမှုမှာ ချယ်ဆီး အရန်ခုံက အပြုအမှုက အရမ်းကို ရန်လိုလွန်းတယ်လို့ ပေါလ်စခိုးက ဝေဖန်လိုက်ပါတယ်။
ယူနိုက်တက်ဟာ ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုကို ချယ်ဆီးနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးစားနေဆဲဖြစ်ကာ မနက်ကပွဲက ယူနိုက်တက်ဟာ ထိပ်ဆုံးဆင့်တွေကို စိန်ခေါ်ဖို့ အင်အားတောင့်တင်းလာပြီဆိုတာကို ပြသနိုင်ခြင်းလို့ ယုံကြည်နေပါတယ်။
ZAWGYI
ယူႏုိက္တက္ခံစစ္မွဴး ဘိုင္လီက အခ်ိန္အၾကာၾကီး ပြဲေတြ မကစားခဲ့ရရာက အသင္းအတြက္ ျပန္လည္ ပြဲထြက္ေပးရျပီး အသင္းေကာင္းတစ္သင္းနဲ႔ ရင္ဆိုင္ရတာဟာ မလြယ္ကူတဲ့ ကိစၥ ျဖစ္ခဲ့ပါတယ္လို႔ ခ်ယ္ဆီးနဲပြဲအျပီး ဝန္ခံလိုက္ပါတယ္။
ခံစစ္မွဴး မက္ဂြဲရားက ခ်ယ္ဆီးနဲ႔ပြဲ မတုိင္ခင္တည္းက ညီျဖစ္သူကို ဒီပြဲမွာ သူ ေခါင္းတိုက္ဂိုး ေသခ်ာေပါက္ သြင္းယူျပမယ္လို႔ ၾကိဳတင္ ေျပာဆိုထားပါတယ္။
ရာသီအေစာတုန္းက ေဝဖန္မႈေတြရွိထားခဲ့ေပမယ့္ ယူႏုိက္တက္ခံစစ္က အေတာ္ေလး တည္ျငိမ္လာခဲ့ျပီး ေလးပြဲဆက္တိုက္ ဂိုးမေပးရေအာင္ စြမ္းေဆာင္ထားႏုိင္ပါတယ္။
ဆိုးရွားက သူနဲ႔ ေပါ့ဘာေအးဂ်င့္ ရိြဳင္အိုလာၾကားမွာ စကားေျပာရမႈေတြ ရွိလာမွာျဖစ္ေပမယ့္ သူက သြားေရာက္ ေျပာဆိုမွာ မဟုတ္ကာ ရိြဳင္အိုလာက သူ႔ထံ လာေရာက္ ေျပာဆိုရတာ ျဖစ္လိမ့္မယ္လို႔ ဆိုပါတယ္။
ရိြဳင္အိုလာကေတာ့ ဆိုးရွားကို တုန္႔ျပန္စကားတစ္ခြန္း ေျပာလာျပီး ေႏြတုန္းက ေပါ့ဘာကို ဘာေတြေျပာခဲ့လဲ မွတ္မိမွာပါလို႔ ဆိုကာ ယူႏုိက္တက္ မန္ေနဂ်ာနဲ႔ စကားစစ္ပြဲ ျဖစ္ေနမႈကို ထပ္ကြန္႔သြားပါတယ္။ ေပါ့ဘာရဲ႕ အကိုျဖစ္သူကလည္း သူ႔ညီျဖစ္သူက ယူႏုိက္တက္ကေန ထြက္ခြာလိုတယ္လို႔ ဆိုျပန္ပါတယ္။
ကလပ္အသင္း ဂႏၱဝင္ျဖစ္သူ ရိြဳင္းကိန္က ေႏြမွာ ေပါ့ဘာကို ေရာင္းထုတ္ပလိုက္ဖို႔ ခပ္ျပတ္ျပတ္ ေတာင္းဆိုလိုက္ပါတယ္။
ခ်ယ္ဆီးနဲ႔ပြဲကို အဖ်ားေၾကာင့္ မပါဝင္ႏုိင္ခဲ့တဲ့ ခံစစ္မွဴး လင္ဒီေအာ့ဟာ ဒီကေန႔ ကာရင္တန္ ေလ့က်င့္ေရးကို လာေရာက္ ပူးေပါင္းမႈ ျပဳလုပ္ႏုိင္ခဲ့ျပီျဖစ္ျပီး ယူရိုပါလိဂ္ပြဲအတြက္ အဆင္သင့္ ျဖစ္ေနပါမယ္။
မနက္ကပြဲအတြင္း မက္ဂြဲရားနဲ႔ ဘတ္ရႈဝါရီတို႔ ျဖစ္ခဲ့တဲ့ မေတာ္တဆမႈမွာ ခ်ယ္ဆီး အရန္ခံုက အျပဳအမႈက အရမ္းကို ရန္လိုလြန္းတယ္လို႔ ေပါလ္စခိုးက ေဝဖန္လိုက္ပါတယ္။
ယူႏုိက္တက္ဟာ ေဒါ့မြန္ၾကယ္ပြင့္ ဆန္ခ်ိဳကို ခ်ယ္ဆီးနဲ႔အျပိဳင္ ေခၚယူဖို႔ ၾကိဳးစားေနဆဲျဖစ္ကာ မနက္ကပြဲက ယူႏုိက္တက္ဟာ ထိပ္ဆံုးဆင့္ေတြကို စိန္ေခၚဖို႔ အင္အားေတာင့္တင္းလာျပီဆိုတာကို ျပသႏုိင္ျခင္းလို႔ ယံုၾကည္ေနပါတယ္။