အမှတ်လျော့သွားတဲ့ စီးတီးနဲ့ နောက်တစ်ပတ် တွေ့ရမယ့် အပေါ် အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ် ဘာပြောသလဲ
အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ် က စနေနေ့မှာ မန်စီးတီးရဲ့ ဝုလ်ဗ်စ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ချိန် အာဆင်နယ်က ဘုန်းမောက်ကို ၄ဂိုးပြတ် နိုင်ပြီး အမှီ လိုက်လာနိုင်တဲ့ အပေါ် သူ့ သဘောထား ထုတ်ဖော် ပြောဆိုလာပါတယ်။
အိုဒီဂတ်ကတော့ စီးတီး ခြေချော် အမှတ်လျော့သွားတာကို စိတ်လှုပ်ရှားခြင်းမရှိဘဲ အာဆင်နယ်ဟာ လာမယ့်အပတ် တွေ့ဆုံရမယ့်ပွဲစဉ်မတိုင်ခင် ကိုယ့်ဘာသာကိုယ်ပဲ အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။
ဂွါဒီယိုလာရဲ့အသင်းက ပြီးခဲ့တဲ့ပွဲမှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ဒုတိယနေရာက စပါးစ်နဲ့ တတိယနေရာက အာဆင်နယ်တို့ထက် ၁ မှတ်အသာနဲ့ ရပ်တည်နေဆဲဖြစ်ပါတယ်။
ဒါပေမယ့်လည်း မန်စီးတီးဟာ လာမယ့်အပတ်မှာ အဓိက ကစားကွက်ဖန်တီးရှင် ကီဗင် ဒီဘရိုင်းနားနဲ့ အားထားရတဲ့ ကွင်းလယ်ကြယ်ပွင့် ရိုဒရီမပါဝင်ဘဲ အမ်းမရိတ်စ်ကို သွားရောက်ကာ အာဆင်နယ်နဲ့ ယှဉ်ပြိုင် ကစား ရတော့မှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ မန်စီးတီးနဲ့ ပွဲစဉ်မတိုင်ခင် အင်္ဂါနေ့ညမှာ လွန်းစ်အိမ်ကွင်းကို ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အိုဒီဂတ် က မန်စီးတီးနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပြီးဖြစ်ပါတယ်။
ဝုလ်ဗ်စ်နဲ့ပွဲမှာ မန်စီးတီး ခြေချော်သွားခဲ့တဲ့အကြောင်း သိလိုက်ရလားလို့ မေးမြန်းခဲ့ရာမှာ အိုဒီဂတ် က ပြုံးပြီး
“ကျွန်တော် ကြားခဲ့ပါတယ်။ ဒါပေမယ့် ထပ်ပြောရရင် ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ်ပဲ အာရုံစိုက်ရမယ်။ ဒီလိဂ်က အရမ်းခက်ခဲတယ်။ ခင်ဗျားကို အားလုံးကို အနိုင်ယူနိုင်တယ်လို့ ပြောရမယ်။ ခင်ဗျား ထက်မြက်နေရမယ်။ ပွဲတိုင်းအတွက် အဆင်သင့်ဖြစ်နေရမှာဖြစ်ပြီး အခုဆိုရင် အလုပ်များတဲ့ ပွဲချိန်စာရင်းဖြစ်နေပါပြီ။
အဲဒီတော့ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ်ပဲ အာရုံစိုက်ရမယ်။ ကျွန်တော်တို့ လာမယ့်အပတ်အတွက် အဆင်သင့်ဖြစ်နေအောင် လုပ်ရမယ်။ ပွဲအားလုံးက ကြီးမားတဲ့ပွဲလို့ ထင်တယ်။ ပထမဆုံး ကျွန်တော်တို့ ချန်ပီယံလိဂ်ကစားရမယ်။
ကျွန်တော်တို့ အဲဒီပွဲကိုလည်း အဆင်သင့်ဖြစ်နေအောင် လုပ်ရမယ်။ ပြီးရင်တော့ ကျွန်တော်တို့ ကြည့်ကြတာပေ့ါ။ ဒါပေမယ့် ကျွန်တော်တို့အတွက် ပွဲတိုင်းက ပွဲကြီးပွဲကောင်းတွေပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
