ဒီနှစ်က မန်စီးတီး နှစ် မဟုတ်တော့ဘူး၊ အာဆင်နယ် ချန်ပီယံ ဖြစ်မှာ လို့ ဂယ်ရီနဗီး သုံးသပ် စကားဆို

ပရီးမီးယားလိဂ် သုံးသပ်သူ တစ်ဦး ဖြစ်တဲ့ သရဲနီဟောင်းကြီး ဂယ်ရီနဗီးကတော့ အာဆင်နယ် က ဒီရာသီ မန်စီးတီးကို ကျော်ပြီး ချန်ပီယံ ဖြစ်နိုင်ပါတယ်လို့ စကိုင်းစပေါ့ကနေ သုံးသပ်လာပါတယ်။

နောက်အပတ် နှစ်သင်း ထိပ်တိုက်တွေ့မယ့် ပွဲစဉ် မတိုင်ခင် အာဆင်နယ်ဟာ မန်စီးတီးနောက် ၁ မှတ်အကွာဖြင့် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ထိုပွဲကို အနိုင်ရရင် အာဆင်နယ်ဟာ လက်ရှိ ပထမ နေရာမှာ ရှိနေတဲ့ မန်စီးတီး အသင်းကို ကျော်တက်ပြီး ဇယားထိပ်ကို ရောက်နိုင်ဖွယ် ရှိနေပါတယ်။

ဂယ်ရီနဗီးက “ ကျနော်ကတော့ ဒီရာသီ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား အနိုင်ရမယ့် ဘက်ကပါပဲ။ မန်စီးတီးက တစ်ပွဲ ရှုံးထားပြီး ဒီလို သေးငယ်တဲ့ ရလဒ်တွေဟာ ပြိုင်ဘက်အသင်းတွေကို ခွန်အားပေးပါတယ်။

စီးတီးတို့ အရှုံးရလဒ်ကနေ ဆက်တိုက် နိုင်ပွဲတွေနဲ့ ပြန်လာတာကို အတိတ်မှာ မြင်ခဲ့ကြပြီးပါပြီ။ သူတို့ကို ပရီးမီးယားလိဂ် ချန်ပီယံ နေရာအတွက် ဖယ်ထုတ်လိုက်လို့ မရသေးပေမယ့် သူတို့ ရှုံးခဲ့တာက အာဆင်နယ်အတွက် အတော်လေး ခွန်အားဖြစ်စေပါတယ်။ ဒါက စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။

အကယ်လို့ အာဆင်နယ်က သူတို့ ကစားသမားတွေကို ကြံ့ခိုင်နေအောင် ထိန်းထားနိုင်မယ် ဆိုရင် ဒီရာသီ သူတို့အသင်း အခွင့်အရေးကောင်းတွေ ရှိပါလိမ့်မယ်။ ဇယားထိပ်ကို ပြန်တက်ဖို့ အာဆင်နယ်တို့ ယုံကြည်ချက် ရှိနေပါလိမ့်မယ်။

အာဆင်နယ်တို့ စိတ်တည်တည်ငြိမ်ငြိမ် ထားပြီး နည်းနည်းလေး ပို အညှာအတာ ကင်းကင်း ကစားရပါမယ်။ စမ်းသပ်မှုကြီးတွေ ရောက်လာတော့မှာပါ။ ဘာတွေဖြစ်လာမယ် ဆိုတာ ကျနော် စောင့်ကြည့်သွားပါမယ်။

ဒီရာသီက မန်စီးတီးပဲ ချန်ပီယံဖြစ်သွားမှာပါကွာ ဆိုတဲ့ ဘောလုံးရာသီ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။