ပရီးမီးယားလိဂ်မှာ ဒိုင်တွေ အချိုးပြေဖို့ လိုတယ် လို့ ပြောလိုက်ပြီး လီဗာပူးဘက်က ရပ်တည်လိုက်တဲ့ ပက် ဂွာဒီယိုလာ

လီဗာပူးအသင်းရဲ့ စပါးနဲ့ပွဲမှာ ဖြစ်ခဲ့ရတဲ့ VAR အငြင်းပွားမှု ဖြစ်ရပ်ကြောင့်ပဲ ပရီးမီးယားလိဂ် VAR ဒိုင်တွေအနေနဲ့ ခြေတစ်လှမ်း နောက်ပြန် ဆုတ်ပြီး အချိုးပြေကြဖို့ လိုအပ်တယ်လို့ မန်စီးတီး နည်းပြ ဂွာဒီယိုလာက ယုံကြည်နေပါတယ်။
အင်္ဂလန်မှာတော့ ဒိုင်လူကြီးတွေဟာ သူတို့ ဆုံးဖြတ်ချက်ကပဲ အတည်ဖြစ်ပြီး သူတို့ကပဲ ပွဲတွေမှာ အဓိက တာဝန်ယူထားသူတွေအဖြစ် ပြုမှုနေကြတာပါ။ အခုချိန်မှာတော့ လီဗာပူးအသင်းဟာ ဒီ အခြေအနေကို ပြောင်းလဲဖို့ စတင် တွန်းလှန်နေပါပြီ။
“ ကစားသမားတွေနဲ့ ကစားပွဲက အဓိက ဇာတ်ကောင် ဖြစ်ရမှာ၊ အခုတော့ ဒိုင်လူကြီးတွေနဲ့ VAR ကပဲ ဇာတ်လိုက်တွေ ဖြစ်နေကြတယ်။ သူတို့ ခြေတစ်လှမ်း ပြန်ဆုတ်သင့်နေပါပြီ။ ပိုနိမ့်ချပြီး သူတို့ လုပ်ရမယ့် အလုပ်ကိုပဲ လုပ်သင့်နေပါပြီ။ ဒါဆိုရင် ပိုကောင်းလာမှာပါ ” လို့ ဂွာဒီယိုလာက မှတ်ချက်ပေးခဲ့တယ်။
ဂွာဒီယိုလာကတော့ VAR ဟာ ဒိုင်လူကြီးတွေရဲ့ တာဝန်ယူမှုအပေါ် သက်ရောက်မှု ရှိခဲ့ပြီး လီဗာပူးအသင်းရဲ့ နစ်နာမှုကို စာနာမိကြောင်း ပြောဆိုခဲ့သေးတာ ဖြစ်ပါတယ်။
“ ဒိုင်တွေရဲ့ အလုပ်က ပြောင်းလဲလာတယ်၊ သူတို့က ဆုံးဖြတ်ရသူတွေ မဟုတ်တော့ဘဲ VAR က အဓိက ဆုံးဖြတ်သူ ဖြစ်လာတယ်၊ အဲ့မှာပဲ VAR က အမှားလုပ်ရင် ပြဿနာတွေ ဖြစ်လာရော။
ဒီဖြစ်ရပ်မှာ လီဗာပူးရဲ့ စိတ်ပျက်မှုကို ကျနော် အပြည့်အဝ နားလည်တယ်။ ကျနော်တို့က ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်နောက် လိုက်နာရတာပါ ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။