ဗန်ဒိုက်နဲ့ နှိုင်းခံနေရတဲ့ ဘိုင်လီ၊ ဆန်ချို၊ ကန့်ဝဲလ်တို့နဲ့ ယူနိုက်တက် နံနက်ခင်းသတင်းများ

ချယ်ဆီးနဲ့ ပွဲမှာ မြင်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်ဟာ ပေါ့ဘာ မပါဝင်ဘဲ အထိုင်ကျခဲ့ပြီလို့ ဒေးလီးမေးလ်မှာ သုံးသပ်ဖော်ပြ ထားပါတယ်။ ပေါ့ဘာက ဒီတစ်ရာသီလုံး နီးပါး ဒဏ်ရာနဲ့ နောက်ဆက်တွဲများကြောင်း ယူနိုက်တက် အတွက် ကောင်းစွာ ပါဝင်ခြင်း မရှိပါဘူး။

ယူနိုက်တက်ဟာ လီဗာပူးနဲ့ အပြိုင် နောဝစ်ချ် ကွင်းလယ်ကစားသမား တုတ် ကန့်ဝဲလ်ကို ခေါ်ယူလိုနေပါတယ်။ အသက် ၂၁ နှစ် အရွယ် အင်္ဂလန်သားဟာ ခြေစွမ်းပိုင်း အပြင် ဆိုးရှား အလိုရှိနေတဲ့ လူငယ် အင်္ဂလန်သား ဆိုတဲ့ အချက်တွေနဲ့လည်း ပြည့်စုံသူပါ။

အပြန်အလှန် ပြောဆိုမှုများ ပြင်းထန်လာခဲ့ပေမယ့် ယူနိုက်တက် ကွင်းလယ် ပေါ့ဘာရဲ့ အေးဂျင် ရွိုင်းအိုလာက ၎င်း အနေနဲ့ ကလပ်အသင်းနဲ့ နည်းပြ ဆိုးရှား အပေါ် မလေးမစား ပြုမူလိုခြင်း မရှိကြောင်း ထုတ်ဖော် ပြောဆိုပါတယ်။

ညက ချန်ပီယံလိဂ်ပွဲမှာ ဒေါ့မွန်က ပီအက်စ်ဂျီကို ၂-၁ နဲ့ နိုင်တဲ့ ပွဲပြီးနောက် ထိုပွဲမှာ မိနစ် ၉၀ လုံး ခြေစွမ်းပြသွားခဲ့တဲ့ ဆန်ချိုကို ယူနိုက်တက် ပရိသတ်များ သဘောကျနေပြီး အရ ခေါ်ယူပေးဖို့ ယူနိုက်တက်အသင်း တာဝန်ရှိသူတွေအား ဝိုင်းဝန်းတောင်းဆိုနေကြပါတယ်။

မက်ဂွဲရားဟာ ချယ်ဆီး တိုက်စစ်မှူး ဘတ်ရှူဝါရီကို လဲကျရင်း မတော်တဆ ကန်ခဲ့မိတဲ့ ဖြစ်ရပ်အပေါ် အနီကတ်နဲ့ ထုတ်ပယ်ခံသင့်ကြောင်း ဝေဖန်မှုတွေ များပြားနေပေမယ့် အက်ဖ်အေရဲ့ နောက်ဆက်တွဲ ပြစ်ဒဏ်ချမှုမျိုး ခံရမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ချယ်ဆီးနဲ့ ပွဲက ယူနိုက်တက် ခံစစ်မှူး အဲရစ် ဘိုင်လီရဲ့ ခြေစွမ်းကို ပရိသတ်တွေက အထူး အားရနေပြီး လီဗာပူးရဲ့ ဗန်ဒိုက်နဲ့ နှိုင်းယှဉ် ချီးကျူးမှုတွေ ပြုလုပ်နေပါတယ်။

Zawgyi – ခ်ယ္ဆီးနဲ႕ ပြဲမွာ ျမင္ခဲ့ရတဲ့ မန္ခ်က္စတာယူနိုက္တက္ ကြင္းလယ္ဟာ ေပါ့ဘာ မပါ၀င္ဘဲ အထိုင္က်ခဲ့ျပီလို႔ ေဒးလီးေမးလ္မွာ သံုးသပ္ေဖာ္ျပ ထားပါတယ္။ ေပါ့ဘာက ဒီတစ္ရာသီလံုး နီးပါး ဒဏ္ရာနဲ႕ ေနာက္ဆက္တြဲမ်ားေၾကာင္း ယူနုိက္တက္ အတြက္ ေကာင္းစြာ ပါ၀င္ျခင္း မရွိပါဘူး။

ယူနုိက္တက္ဟာ လီဗာပူးနဲ႕ အျပိဳင္ ေနာ၀စ္ခ်္ ကြင္းလယ္ကစားသမား တုတ္ ကန္႔၀ဲလ္ကို ေခၚယူလိုေနပါတယ္။ အသက္ ၂၁ နွစ္ အရြယ္ အဂၤလန္သားဟာ ေျခစြမ္းပိုင္း အျပင္ ဆိုးရွား အလိုရွိေနတဲ့ လူငယ္ အဂၤလန္သား ဆိုတဲ့ အခ်က္ေတြနဲ႕လည္း ျပည့္စံုသူပါ။

အျပန္အလွန္ ေျပာဆိုမႈမ်ား ျပင္းထန္လာခဲ့ေပမယ့္ ယူနုိက္တက္ ကြင္းလယ္ ေပါ့ဘာရဲ႕ ေအးဂ်င္ ရြိဳင္းအိုလာက ၄င္း အေနနဲ႕ ကလပ္အသင္းနဲ႕ နည္းျပ ဆိုးရွား အေပၚ မေလးမစား ျပဳမူလိုျခင္း မရွိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ညက ခ်န္ပီယံလိဂ္ပြဲမွာ ေဒါ့မြန္က ပီအက္စ္ဂ်ီကို ၂-၁ နဲ႕ နုိင္တဲ့ ပြဲျပီးေနာက္ ထိုပြဲမွာ မိနစ္ ၉၀ လံုး ေျခစြမ္းျပသြားခဲ့တဲ့ ဆန္ခ်ိဳကို ယူနုိက္တက္ ပရိသတ္မ်ား သေဘာက်ေနျပီး အရ ေခၚယူေပးဖို႔ ယူနိုက္တက္အသင္း တာ၀န္ရွိသူေတြအား ၀ိုင္း၀န္းေတာင္းဆိုေနၾကပါတယ္။

မက္ဂြဲရားဟာ ခ်ယ္ဆီး တိုက္စစ္မွဴး ဘတ္ရွဴ၀ါရီကို လဲက်ရင္း မေတာ္တဆ ကန္ခဲ့မိတဲ့ ျဖစ္ရပ္အေပၚ အနီကတ္နဲ႕ ထုတ္ပယ္ခံသင့္ေၾကာင္း ေ၀ဖန္မႈေတြ မ်ားျပားေနေပမယ့္ အက္ဖ္ေအရဲ႕ ေနာက္ဆက္တြဲ ျပစ္ဒဏ္ခ်မႈမ်ိဳး ခံရမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

ခ်ယ္ဆီးနဲ႕ ပြဲက ယူနုိက္တက္ ခံစစ္မွဴး အဲရစ္ ဘိုင္လီရဲ႕ ေျခစြမ္းကို ပရိသတ္ေတြက အထူး အားရေနျပီး လီဗာပူးရဲ႕ ဗန္ဒိုက္နဲ႕ နႈိင္းယွဥ္ ခ်ီးက်ဴးမႈေတြ ျပဳလုပ္ေနပါတယ္။