မန်စီးတီးကို အနိုင်ရဖို့ အာဆင်နယ် အသင်းသားတွေ ရင်ထဲ စွဲမြဲနေရမယ့် ကိစ္စအား အာတီတာ သတိပေး

အာဆင်နယ်နည်းပြ အာတီတာက မန်စီးတီးကို အနိုင်ယူချင်တယ်ဆိုရင် အာရုံစူးစိုက်ဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
ဒီရာသီအစောပိုင်း ကွန်မြူနတီဒိုင်းပွဲစဉ်မှာတော့ အာဆင်နယ်က မန်စီးတီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်တို့ နောက်ဆုံးမိနစ်သွင်းဂိုးကြောင့် ကံကောင်းခဲ့ပြီး မန်စီးတီးက သာမန်ပွဲချိန်အတွင်း အနိုင်ရရှိဖို့ နီးစပ်ခဲ့ပါတယ်။
အာတီတာကတော့ “ကွန်မြူနတီဒိုင်းပွဲမှာ အနိုင်ရခဲ့တာက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ကိစ္စရပ် တစ်ခုပါ။ မန်စီးတီးကို အနိုင်ယူပြီး ရခဲ့တဲ့ အောင်မြင်မှုကို တန်ဖိုးထားရပါမယ်။
ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံ၊ ယုံကြည်ချက်နဲ့ဆိုရင် ကျွန်တော်တို့ မန်စီးတီးကို အနိုင်ကစားနိုင်ပါတယ်။ သေချာတာ တစ်ခုဟာ ကျွန်တော်တို့ နေရာစုံမှာ မိနစ် (၁၀၀) လောက်အထိ အကောင်းဆုံးပုံစံပြနိုင်ဖို့ လိုအပ်ပါတယ်။
အဲ့ဒါဆိုရင်တော့ ဒီပွဲမှာ ကျွန်တော်တို့အတွက် အခွင့်အရေးရှိလာမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။