အာဆင်နယ် ရှုံးပွဲအပြီး မန်စီးတီး ပရိသတ်တွေကို ကတိစကား တစ်ခွန်း ပေးလာတဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းအနေနဲ့ ပိုမိုကောင်းမွန်တဲ့ခြေစွမ်းနဲ့ ပြန်လာမယ်လို့ အာဆင်နယ်ကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့အပြီးမှာ နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ နှစ်ပွဲ ဆက်တိုက်ရှုံးပွဲတွေ့ခဲ့သလို ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိ ရှုံးပွဲတွေ့ခဲ့ရတာပါ။

အာဆင်နယ်နဲ့ပွဲဟာ နှစ်သင်းစလုံးအတွက် ခက်ခဲတဲ့ပွဲစဉ်ဖြစ်ပြီး လာမယ့် ပွဲစဉ်တွေမှာ ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းနဲ့ ပြန်လာမယ်လို့ နည်းပြဂွါဒီယိုလာကပြောပါတယ်။

“ကျနော်တို့ ခံစစ်ကစားပုံကောင်းမွန်ခဲ့ပြီး ကစားသမားတွေဘက်ကလည်း အရာအားလုံး ပေးဆပ်ကစားခဲ့တယ်။ ရှုံးပွဲတွေ့ခဲ့ရပြီး ဒါက ဘောလုံးရဲ့ သဘောသဘာဝပါပဲ။ နောက်ပွဲတွေမှာ ပိုကောင်းတဲ့ ခြေစွမ်းနဲ့ပြန်လာပါမယ်။”

ရိုဒရီဟာ အသင်းအတွက်အရေးပါတဲ့ကစားသမားဖြစ်ပြီး အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တာက ရိုဒရီမပါလိုဆိုတဲ့ အကြောင်းပြချက်ကြောင့် မဟုတ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။