တချိန်က မယုံနိုင်စရာ မိုးပြာရောင် တပ်သား၊ ဂိုးသွင်းစက်ကြီး ဖြစ်ခဲ့ပေမယ့် ဟာလန်း အခု ဘယ်လို ဖြစ်သွားသလဲ

မာတင်နယ်လီရဲ့ သွင်းဂိုးနဲ့အတူ မန်စီးတီးကို အနိုင်ရခဲ့တဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အတိုင်းအတာတစ်ခုအထိ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ မန်စီးတီးဟာ ဒီပွဲကို ရှုံးလိုက်တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ် ၂ ပွဲ ဆက်တိုက် ပထမဆုံး အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဂန်းနားတွေရဲ့ ပေးဂိုးမရှိ နိုင်ပွဲရ လဒ်ဟာ မန်စီးတီးအတွက် အချက်ပေးခေါင်းလောင်းသံ ဖြစ်သွားခဲ့သလို တစ်ဖက်မှာ ချန်ပီယံဆုကို စိန်ခေါ်ချင်တဲ့ အသင်းတွေအတွက်လည်း ရပ်တန့်လို့ မရနိုင်တဲ့ အသင်းမျိုး မရှိတော့ဘူးဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်သွားစေခဲ့ပါတယ်။

ဒီနေရာမှာ အဓိက ပြောစရာရှိတာက မန်စီးတီးရဲ့ တိုက်စစ်မှူး အာလင်းဟာလန်းပါ။

စီးတီးရဲ့ ဂိုးသွင်းစက်ဖြစ်တဲ့ နော်ဝေသားဟာ ပြီးခဲ့တဲ့ ဘော လုံးရာသီ ပရီးမီးယားလိဂ် ၃၅ ပွဲမှာ ၃၆ ဂိုးအထိ သွင်းပြီး ပြိုင်ပွဲစုံ ၅၂ ဂိုး အထိ သွင်းပြခဲ့လို့ လူသားစင်စစ်မှ ဟုတ်ရဲ့လားဆိုပြီး သူ့ရဲ့အသားကို သွား ကိုင်ကြည့်တဲ့ နည်းပြအဖွဲ့ဝင်တွေတောင် ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာဆိုရင်တော့ ဒီဘရိုင်းရဲ့ ထောက်ပို့ တပ်ကူမရခဲ့တဲ့ မိုးပြာရောင် စစ်သည်တော်ကြီးဟာ အစွယ် မရှိတော့တဲ့ ကျားတစ်ကောင် လို ဖြစ်ခဲ့ပြီး ဘယ်နေရာကိုမှ ထိမိအောင် လုပ်မပြနိုင်ခဲ့ပါဘူး။

နော်ဝေသားဟာ အာဆင်နယ်နောက်ခံလူ ဆာလီဘာရဲ့ လောင်းရိပ်မိနေခဲ့ပြီး ဘယ်နေရာမှာ ဘောလုံးစောင့်ယူရမှန်း မသိလောက်အောင်ကို လမ်းပျောက် သွားခဲ့တာပါ။

ဟာလန်းတစ်ယောက် ဘယ်လောက်အထိ ရုပ်ပေါက်ခဲ့သလဲဆိုရင် အာဆင်နယ်က ပွဲချိန် ၈၆ မိနစ်မှာ ဂိုးသွင်းပြီးတဲ့နောက် အသင်းခေါင်းဆောင် အိုဒီဂတ်၊ ပါတေး၊ ဒီကလန်ရိုက်စ်၊ ဘန်ဝှိုက်၊ ဟာဗက်ဇ်တို့ ဖွင့်ပြီး ကစားနေတော့ နေရာတောင် မယူတော့ဘဲ ကွင်းလယ်စက်ဝိုင်းနားမှ ပတ်ပြီး လမ်းလျှောက်နေတဲ့အထိကို ဖြစ်သွားခဲ့တာပါ။

ဒီအတွက် ဟာလန်းတစ်ယောက် ဘယ်ရောက်သွားတာလဲဆိုတဲ့ မေးခွန်းတွေလည်း အပြိုင်းအရိုင်း ထွက်လာခဲ့ပါတယ်။

ဒီအတွက် အဖြေကတော့ဟာလန်း ဆိုတဲ့ ဂိုးသွင်းစက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လူသားစင်စစ်မှဟုတ်ရဲ့ လားဆိုတဲ့ နေရာကနေပြီး လူသားစင်စစ် ဧကန်ဖြစ်တဲ့ နေရာကို ပြန်ရောက် သွားခဲ့ပြီလို့ ဖြေရတော့မှာပဲ ဖြစ်ပါတယ်။