စပါး၊ အာဆင်နယ်၊ မန်စီးတီး၊ လီဗာပူးတို့ရဲ့ လာမယ့် ပွဲစဉ် ၅ ပွဲကို နှိုင်းယှဉ်ကြည့်ခြင်း

နိုင်ငံတကာ သီတင်းပတ်မှာ ပရီးမီးယားလိဂ် ထိပ်ဆုံး နေရာတွေကို မြောက်လန်ဒန် ကလပ်တွေဖြစ်တဲ့ စပါးနဲ့ အာဆင်နယ်တို့ ရယူထားခဲ့ပါတယ်။

ဒီအပတ်တွေမှာ တော်တင်ဟမ်၊ အာဆင်နယ်တို့ ပျော်ရွှင်စရာ ရလဒ်တွေ ရနေပေမယ့် မန်စီးတီး၊ လီဗာပူးတို့ကတော့ ဆက်တိုက် ခြေချော်နေခဲ့တာပါ။ မကြာခင်မှာ ယူနိုက်တက်၊ ချယ်ဆီးတို့ဟာ ထိပ်ဆုံးတွေထံ ပြန်ရောက်လာနိုင်မယ်လို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပြန်လည် စတင်လာခဲ့ရင် ဒီဇင်ဘာ မတိုင်ခင် ထိပ်ဆုံး ၄ သင်း ယှဉ်ပြိုင်ရမယ့် အမှတ်ပေးပွဲ ၅ ပွဲကို နှိုင်းယှဉ်ကြည့်ကြပါမယ်။

စပါးလာမယ့် ၅ ပွဲ။ ဖူလ်ဟမ် (အိမ်ကွင်း)၊ ပဲလေစ့် (အဝေးကွင်း)၊ ချယ်ဆီး (အိမ်ကွင်း)၊ ဝုဗ် (အဝေးကွင်း)၊ ဗီလာ (အိမ်ကွင်း)။

စပါးအသင်းဟာ ပွဲမချောင်သလို ကြပ်လှတယ်လည်း မဟုတ်ပါဘူး။ လန်ဒန်ဒါဘီပွဲ ၃ ပွဲ ဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ခြေစွမ်းမာကျောတဲ့ အသင်းတွေနဲ့ပဲ ဆက်တိုက် တွေ့မှာပါ။ ဝုဗ်တစ်သင်းပဲ ဒီရာသီ ခြေစွမ်း မမှန်တဲ့ ပြိုင်ဘက် ဖြစ်ပါတယ်။

အာဆင်နယ် လာမယ့် ၅ ပွဲ။ ချယ်ဆီး (အဝေးကွင်း)၊ ရှက်ဖီး (အိမ်ကွင်း)၊ နယူးကာဆယ် (အဝေးကွင်း)၊ ဘန်လေ (အိမ်ကွင်း)၊ ဘရန့်ဖိုဒ့် (အဝေးကွင်း)။

အာဆင်နယ်ဟာ ချယ်ဆီး၊ နယူးကာဆယ်တို့ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာဖြစ်သလို လန်ဒန်ဒါဘီပြိုင်ဘက် ဘရန့်ဖိုဒ့်ကိုလည်း အဝေးကွင်းမှာ ယှဉ်ပြိုင်ရပါမယ်။ အိမ်ကွင်းပွဲတွေမှာတော့ အင်အားနည်းတဲ့ အသင်းတွေဖြင့် ထိပ်တိုက်တွေ့နေပါတယ်။

မန်စီးတီး လာမယ့် ၅ ပွဲ။ ဘရိုက်တန် (အိမ်ကွင်း)၊ မန်ယူနိုက်တက် (အဝေးကွင်း)၊ ဘုန်းမောက် (အိမ်ကွင်း)၊ ချယ်ဆီး (အဝေးကွင်း)၊ လီဗာပူး (အိမ်ကွင်း)။

ထိပ်ဆုံး ၄ သင်းထဲမှာ မန်စီးတီးက ပွဲအကြပ်ဆုံးဖြစ်ပါတယ်။ ကြီး ၆ ကြီးထဲက ၃ သင်းကို ဆက်တိုက် တွေ့မှာဖြစ်ကာ ဘရိုက်တန်လို ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်လည်း ရှိနေပါတယ်။ မန်စီးတီးဟာ ဒီတလော ရလဒ်တွေ ဆိုးရွားနေတာမို့ ဂရုစိုက် ယှဉ်ပြိုင်ဖို့လိုအပ်ကာ မဟုတ်ရင် ထိပ်ဆုံးကို ပြန်တက်ဖို့ ခက်ခဲပါမယ်။

လီဗာပူး လာမယ့် ပွဲစဉ် ၅ ပွဲ။ အဲဗာတန် (အိမ်ကွင်း)၊ ဖောရက်စ် (အိမ်ကွင်း)၊ လူတန်တောင်း (အဝေးကွင်း)၊ ဘရန့်ဖိုဒ့် (အိမ်ကွင်း)၊ မန်စီးတီး (အဝေးကွင်း)။

လီဗာပူးအသင်းကလည်း အချောင်ကြီး မဟုတ်ပေမယ့် အရမ်းတော့ မကြပ်လှပါဘူး။ မန်စီးတီး တစ်သင်းတည်း ခက်ခဲဖို့ရှိကာ ကျန်ပွဲစဉ်တွေက အိမ်ကွင်းပွဲတွေ ဖြစ်ပါတယ်။ အဝေးကွင်း နောက်ထပ် တစ်ပွဲကလည်း ပရီးမီးယားလိဂ် တန်းတက် လူတန်တောင်း ဖြစ်ပါတယ်။