ချယ်ဆီးနဲ့ပွဲက သွင်းဂိုးတွေက ကံကောင်းလို့ရတာ မဟုတ်ကြောင်း ရှင်းပြသွားတဲ့ မာတစ်
ချယ်ဆီးနဲ့ပွဲမှာ ယူနိုက်တက်ခံစစ်မှူး မက်ဂွဲရားဟာ သရဲနီကစားသမားဘဝ ပထမဆုံးသော သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး ကလပ်ကလည်း ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။
ကွင်းလယ်လူ မာတစ်ကတော့ မက်ဂွဲရားရဲ့ သွင်းဂိုးဟာ ကံကောင်းလို့ ရခြင်း မဟုတ်ပဲ ချယ်ဆီးပွဲကြို စပိန်ခရီးစဉ်မှာ ကြိုတင်ပြင်ဆင်ခဲ့တဲ့ နည်းစနစ်ပိုင်းဖြစ်တယ်လို့ ဆိုတယ်။ ချယ်ဆီးရဲ့ အမြင့်ဘော အားနည်းမှုကို အခွင့်အရေး ယူခဲ့ခြင်းဖြစ်ကာ ဆက်ပြီးလည်း ခေါင်းတိုက်ဂိုးတွေ သွင်းယူဖို့ အသင်းက ကြိုးစားသွားမယ်လို့ သူက ဆိုပါတယ်။
မာတစ်ကပဲ ” ချယ်ဆီးနဲ့ပွဲ သွင်းဂိုးက ဒီရာသီအတွက် ပထမဆုံးဂိုးလား၊ ဒုတိယမြောက်ဂိုးလား ကျနော် မမှတ်မိတော့ပါဘူး။ တည်ကန်ဘောကနေ ဂိုးမရတာတော့ ကြာပါပြီ။ ဒီဂိုးအတွက် ပျော်ရွှင်မိပါတယ်။
တည်ကန်ဘောတွေကနေ အခွင့်အရေးယူပြီး ဂိုးတွေ သွင်းယူနိုင်ဖို့နဲ့ ခုခံကာကွယ်နိုင်ဖို့ ဆိုတာတွေကို စပိန်ခရီးစဉ်မှာ သေချာ လေ့ကျင့်ခဲ့ကြပါတယ်။ ရှေ့ဆက်ပြီးလည်း ပိုကောင်းအောင် လုပ်ဆောင်သွားမှာပါ။ ခေါင်းတိုက်ဘောတွေကနေ သွင်းဂိုးတွေ ပိုရလာဖို့ ကြိုးစားသွားမှာပါ။
ပွဲကြိုမှာကတည်းက ချယ်ဆီးရဲ့ အားနည်းချက်တွေကို လေ့လာထားပြီး သူတို့ရဲ့ခံစစ်သမားတွေက မက်ဂွဲရားနဲ့ အမြင့်ဘော မယှဉ်နိုင်ဘူးဆိုတာကို ကြိုတင် တွက်ဆထားခဲ့တယ်။ ဒါကြောင့် တည်ကန်ဘောတွေမှာ ဘောလုံးကို မက်ဂွဲရားကို ဦးတည်ပေးဖို့ မှာခဲ့ပါတယ်။ ဘရူနိုရဲ့ ပေးပို့မှုကလည်း ကောင်းမွန်ခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။
မက်ဂွဲရားဟာ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးဂိုးကို ထရမ်မီရီနဲ့ အက်ဖ်အေပွဲမှာ အဝေးကန်ချက်နဲ့ သွင်းယူခဲ့ပြီး ချယ်ဆီးနဲ့ပွဲ ခေါင်းတိုက်သွင်းဂိုးကတော့ ဒုတိယမြောက် သွင်းဂိုး ဖြစ်ပါတယ်။
ZAWGYI
ခ်ယ္ဆီးနဲ႔ပြဲမွာ ယူႏုိက္တက္ခံစစ္မွဴး မက္ဂြဲရားဟာ သရဲနီကစားသမားဘဝ ပထမဆံုးေသာ သြင္းဂိုးကို သြင္းယူႏုိင္ခဲ့ျပီး ကလပ္ကလည္း ၂-၀ နဲ႔ အႏုိင္ရခဲ့ပါတယ္။
ကြင္းလယ္လူ မာတစ္ကေတာ့ မက္ဂြဲရားရဲ႕ သြင္းဂိုးဟာ ကံေကာင္းလို႔ ရျခင္း မဟုတ္ပဲ ခ်ယ္ဆီးပြဲၾကိဳ စပိန္ခရီးစဥ္မွာ ၾကိဳတင္ျပင္ဆင္ခဲ့တဲ့ နည္းစနစ္ပိုင္းျဖစ္တယ္လို႔ ဆိုတယ္။ ခ်ယ္ဆီးရဲ႕ အျမင့္ေဘာ အားနည္းမႈကို အခြင့္အေရး ယူခဲ့ျခင္းျဖစ္ကာ ဆက္ျပီးလည္း ေခါင္းတိုက္ဂိုးေတြ သြင္းယူဖို႔ အသင္းက ၾကိဳးစားသြားမယ္လို႔ သူက ဆိုပါတယ္။
မာတစ္ကပဲ ” ခ်ယ္ဆီးနဲ႔ပြဲ သြင္းဂိုးက ဒီရာသီအတြက္ ပထမဆံုးဂိုးလား၊ ဒုတိယေျမာက္ဂိုးလား က်ေနာ္ မမွတ္မိေတာ့ပါဘူး။ တည္ကန္ေဘာကေန ဂိုးမရတာေတာ့ ၾကာပါျပီ။ ဒီဂိုးအတြက္ ေပ်ာ္ရႊင္မိပါတယ္။
တည္ကန္ေဘာေတြကေန အခြင့္အေရးယူျပီး ဂိုးေတြ သြင္းယူႏုိင္ဖို႔နဲ႔ ခုခံကာကြယ္ႏုိင္ဖို႔ ဆိုတာေတြကို စပိန္ခရီးစဥ္မွာ ေသခ်ာ ေလ့က်င့္ခဲ့ၾကပါတယ္။ ေရွ႔ဆက္ျပီးလည္း ပိုေကာင္းေအာင္ လုပ္ေဆာင္သြားမွာပါ။ ေခါင္းတိုက္ေဘာေတြကေန သြင္းဂိုးေတြ ပိုရလာဖို႔ ၾကိဳးစားသြားမွာပါ။
ပြဲၾကိဳမွာကတည္းက ခ်ယ္ဆီးရဲ႕ အားနည္းခ်က္ေတြကို ေလ့လာထားျပီး သူတို႔ရဲ႕ခံစစ္သမားေတြက မက္ဂြဲရားနဲ႔ အျမင့္ေဘာ မယွဥ္ႏုိင္ဘူးဆိုတာကို ၾကိဳတင္ တြက္ဆထားခဲ့တယ္။ ဒါေၾကာင့္ တည္ကန္ေဘာေတြမွာ ေဘာလံုးကို မက္ဂြဲရားကို ဦးတည္ေပးဖို႔ မွာခဲ့ပါတယ္။ ဘရူႏိုရဲ႕ ေပးပို႔မႈကလည္း ေကာင္းမြန္ခဲ့ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။
မက္ဂြဲရားဟာ ယူႏုိက္တက္ကစားသမားဘဝ ပထမဆံုးဂိုးကို ထရမ္မီရီနဲ႔ အက္ဖ္ေအပြဲမွာ အေဝးကန္ခ်က္နဲ႔ သြင္းယူခဲ့ျပီး ခ်ယ္ဆီးနဲ႔ပြဲ ေခါင္းတိုက္သြင္းဂိုးကေတာ့ ဒုတိယေျမာက္ သြင္းဂိုး ျဖစ္ပါတယ္။