ဒီနှစ် ဘလွန်းဒီအော ဆုကို ဟာလန်း မရရင် လုံးဝ လက်ခံနိုင်စရာ မရှိဘူး လို့ အပြတ် ဆိုလာတဲ့ ချယ်ဆီး ကစားသမားဟောင်း

ချယ်ဆီး၊ စပါး ကစားသမားဟောင်းကြီး ဂျေဆန် ကန်ဒီ က ဒီရာသီ ဘလွန်းဒီအောဆု ကို ဟာလန်း မရရင် လုံးဝ လက်မခံနိုင်ကြောင်း သူ့ သဘောထားကို ပြတ်ပြတ်သားသား ထုတ်ပြောလာပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့မှာတော့ ပဲရစ်မှာ နှစ်တစ်နှစ်ရဲ့ အကောင်းဆုံး ဆိုတာထက် ၂၀၂၂-၂၀၂၃ ဘောလ သီရဲ့ အကောင်းဆုံး ကစားသမားကို ရွေးချယ်သွားမှာပါ။

ဒီဆုအတွက် ကမ္ဘာ့ဖလား ချန်ပီယံ မက်ဆီ၊ မန်စီးတီးနဲ့ ဖလား ၃ လုံး အောင်မြင်ခဲ့သူ ဟာလန်း၊ ပြင်သစ်စတား အမ်ဘတ်ပီတို့ ရေပန်းစားနေသလို ရိုဒရီ၊ ဒီဘရိုင်း၊ အဲဗာရက်စ်တို့ကလည်း ထိပ်ဆုံး ၁၀ ဦးစာရင်းထဲ ဝင်လာဖို့ ရှိပါတယ်။

အခုချိန်မှာ အငြင်းပွားနေတာကတော့ ဘလွန်းဒီအောဆုကို အနိုင်ရသင့်သူက ၄ နှစ်တစ်ကြိမ် ကမ္ဘာ့အ ကြီးကျယ်ဆုံး လက်ရွေးစင်အဆင့် ပြိုင်ပွဲမှာ အောင်မြင်ခဲ့တဲ့ မက်ဆီလား? ဥရောပရဲ့ အမြင့်ဆုံး ဆုဖလားတွေကို အောင်မြင်ခဲ့တဲ့ ဟာလန်းလား? ဆိုတာပဲ ဖြစ်ပါတယ်။

ကန်ဒီ ကတော့ “ ကျနော်ကတော့ ဟာလန်း ဘလွန်းဒီအောဆု အနိုင်မရရင် လုံးဝ လက်မခံဘူးဗျာ။ ကမ္ဘာ့ဖလား အနိုင်ရခဲ့လို့ မက်ဆီကို ဒီဆုပေးရမယ်ဆိုတာကို တကယ်ကို လေးစားမှု မရှိတာပါပဲ ” လို့ သူ့အမြင်ကို talkSPORT ကတစ်ဆင့် ပြတ်ပြတ်သားသား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တချို့က မက်ဆီရဲ့ စွမ်းဆောင်ပြမှုဟာ နောက်ထပ် ထပ်မြင်ရဖို့ မရှိတော့တာမို့ ဒီဆုနဲ့ ထိုက်တန်တယ်လို့ ထောက်ခံကြတယ်။

တချို့လည်း အတိတ်မှာတုန်းက ကမ္ဘာ့ဖလား ချန်ပီယံတွေကို ကျော်ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ် အောင်မြင်ခဲ့တဲ့ မက်ဆီကို ဘလွန်းဒီအောဆု ပေးခဲ့ဖူးတာမို့ ဒီတစ်ကြိမ်မှာ မက်ဆီကို ကျော်ပြီး ဘာကြောင့် ဟာလန်း မရနိုင်ရမှာလဲ? မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။