မန်စီးတီး ၆ ဂိုးထိ သွင်းမယ် လို့ ဘရိုက်တန်နဲ့ ပွဲ အတွက် အတိအကျ ကြိုတင်ခန့်မှန်းချက် ထုတ်လာတဲ့ ခရစ်ဆက်တန်

အောက်တိုဘာ နိုင်ငံတကာ သီတင်းပတ် ပြီးဆုံးပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတင်တော့မှာပါ။ မန်ချက်စတာ စီးတီးကတော့ ဘရိုက်တန် အသင်းကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားဖို့ ရှိနေပါတယ်။
ဒီနှစ်သင်း ကစားမယ့် ပွဲချိန်ကတော့ မနက်ဖြန် စနေနေ့ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားမှာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ကတော့ မန်စီးတီး – ဘရိုက်တန် ပွဲ အတွက် ကြိုတင် သုံးသပ်လာပြီ ဖြစ်ပြီး ဂိုးမြူးမယ့် ပွဲလို့ ဆိုလာခဲ့ပါတယ်။
ဆက်တန် သုံးသပ်ချက်
ဒီပွဲကို ကျနော် တိုက်ရိုက် ကြည့်သွားမှာပါ။ ဘရိုက်တန်နည်းပြ ဒီဇာဘီက အကြောက်တရားကင်းတယ်၊ မန်စီးတီး ကလည်း ဒီပွဲမှာ တိုက်စစ်အသားပေးမှာမို့ ကြည့်လို့ကောင်းမယ့် ပွဲစဉ် ဖြစ်လာမယ်လို့ ထင်မိပါတယ်။
စီးတီးဟာ ဝုဗ်နဲ့ အာဆင်နယ်ကို အရေးနိမ့်ထားတာကြောင့် ၂၀၁၆ ကစပြီး ပထမဆုံး အကြိမ်အဖြစ် ၃ ပွဲဆက် အရေးနိမ့်နိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်။ ကွင်းလယ်မှာ ရိုဒရီ ပြန်ပါလာမှာပါ။ သူပြန်ပါလာပြီး ပုံမှန် ခြေစွမ်းတွေနဲ့ ကူညီနိုင်ဖို့ မျှော်လင့်ပါတယ်။
ဘရိုက်တန် ဘယ်လိုပုံစံနဲ့ ထွက်လာမယ်ဆိုတာ မသေချာပါဘူး။ ဖွင့်ကစားမယ် ဆိုရင်တော့ စက်တင်ဘာတုန်းက သူတို့ အက်စတွန်ဗီလာကို ဂိုးပြတ် ရှုံးခဲ့သလို ဖြစ်သွားမယ် ထင်ပါတယ်။
ကျနော် ခန့်မှန်းတာ မှန်မယ် ဆိုရင် သွင်းဂိုးတွေ မြင်ရမယ်၊ စိတ်လှုပ်ရှားစရာ ဖျော်ဖြေမှု ပေးနိုင်တဲ့ ပွဲကောင်းကို မြင်ရပါမယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်
မန်စီးတီး ၆-၂ ဘရိုက်တန်