ရာသီတစ်လျှောက်လုံး ယူနိုက်တက် လုပ်လာတဲ့ ပုံစံကြောင့် ချယ်ဆီးကိုနိုင်ပေမယ့် မပျော်တဲ့ ဂယ်ရီနဗီး
ယူနိုက်တက်ခံစစ်သမားဟောင်း ဂယ်ရီနဗီးကတော့ ချယ်ဆီးကို အနိုင်ရခဲ့ပေမယ့် ထိပ်ဆုံး လေးသင်းဝင်ခွင့်အတွက် မယုံကြည်ပါကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့ပါတယ်။
နဗီးကတော့ ဒီရာသီတစ်လျှောက်လုံးမှာ ယူနိုက်တက်ရဲ့ ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေကို ထောက်ပြခဲ့ပြီး အဆိုပါ အနေအထားကပဲ ချန်ပီယံလိဂ်ဝင်ခွင့်ကို မယုံကြည်ရဲ ဖြစ်နေစေတာလို့ ဆိုတယ်။ ဒီရာသီမှာ ယူနိုက်တက်ဟာ ထိပ်သီးအသင်းတွေကို ရလဒ်ကောင်းတွေ ယူပြခဲ့ပြီး အသင်းငယ်တွေကို ရလဒ်တွေ ပြန်ဆုံးရံှူးကာ ရလဒ်က အတက်အကျ မြန်လွန်းနေတာဖြစ်တယ်။
နဗီးက ပြောရာမှာ ” တစ်ပတ်ပြီး တစ်ပတ်နဲ့ ယူနိုက်တက်က ရလဒ်တွေ မတည်ငြိမ်ပါဘူး။ သူတို့ ရာသီတစ်လျှောက်လုံး လုပ်ပြခဲ့မှုတွေအရ ကျနော်ကတော့ ယုံကြည်မှု သိပ်ပြီး မရှိလှဘူး။
ဒီအပတ်နိုင်ပေမယ့် နောက်အပတ်ဆိုရင် ယူနိုက်တက်က ပြန်အရေးနိမ့်မယ်။ ချယ်ဆီးက အနိုင်ရသွားမယ်။ ဒါဆိုရင် ကျနေ်ာတို့က မူလနေရာကိုပဲ ပြန်ရောက်ပါလိမ့်မယ်။ အသင်းထံကနေ ယုံကြည်မှုနဲ့ မျှော်လင့်ချက် ရတယ်ကို မရှိပါဘူး။ ရာသီကုန်ထိ ဆက်လက် ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် သူတို့ကလည်း ကိုယ်ဘာသာကနေ ယုံကြည်မှုတွေ ရကြတယ်လို့ မထင်ပါဘူး။
ချယ်ဆီးနဲ့ပွဲမှာ ခံစစ်သုံးယောက်တန်းက ကောင်းမွန်ခဲ့ပြီး မာတစ်၊ ဖရတ်၊ ဖာနန်ဒက်စ်တို့ရဲ့ ကွင်းလယ်ကလည်း ကောင်းမွန်မှု ရှိပါတယ်။ သူတို့တွေ အကောင်းဆုံး လုပ်နိုင်ခဲ့တာဖြစ်လို့ ဒါကတော့ ယူနိုက်တက်အတွက် အကောင်းမြင်စရာပါပဲ။ သူတို့တွေကတော့ ခံစားချက် ကောင်းနေမယ်လို့ ထင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။
ယူနိုက်တက်ဟာ ချယ်ဆီးနဲ့ကြား ရမှတ်ကွာဟချက်ကို လျော့နိုင်ခဲ့ပေမယ့် စွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းမှာ တည်ငြိမ်ဖို့ လိုနေပြီး ဒါမှပဲ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကို ရယူနိုင်မှာ ဖြစ်ပါတယ်။
ZAWGYI
ယူႏုိက္တက္ခံစစ္သမားေဟာင္း ဂယ္ရီနဗီးကေတာ့ ခ်ယ္ဆီးကို အႏုိင္ရခဲ့ေပမယ့္ ထိပ္ဆံုး ေလးသင္းဝင္ခြင့္အတြက္ မယံုၾကည္ပါေၾကာင္း ပြင့္ပြင့္လင္းလင္း ထုတ္ေျပာခဲ့ပါတယ္။
နဗီးကေတာ့ ဒီရာသီတစ္ေလွ်ာက္လံုးမွာ ယူႏုိက္တက္ရဲ႕ ေျခစြမ္းပိုင္း မတည္ျငိမ္မႈေတြကို ေထာက္ျပခဲ့ျပီး အဆိုပါ အေနအထားကပဲ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို မယံုၾကည္ရဲ ျဖစ္ေနေစတာလို႔ ဆိုတယ္။ ဒီရာသီမွာ ယူႏုိက္တက္ဟာ ထိပ္သီးအသင္းေတြကို ရလဒ္ေကာင္းေတြ ယူျပခဲ့ျပီး အသင္းငယ္ေတြကို ရလဒ္ေတြ ျပန္ဆံုးရံွဴးကာ ရလဒ္က အတက္အက် ျမန္လြန္းေနတာျဖစ္တယ္။
နဗီးက ေျပာရာမွာ ” တစ္ပတ္ျပီး တစ္ပတ္နဲ႔ ယူႏုိက္တက္က ရလဒ္ေတြ မတည္ျငိမ္ပါဘူး။ သူတို႔ ရာသီတစ္ေလွ်ာက္လံုး လုပ္ျပခဲ့မႈေတြအရ က်ေနာ္ကေတာ့ ယံုၾကည္မႈ သိပ္ျပီး မရွိလွဘူး။
ဒီအပတ္ႏုိင္ေပမယ့္ ေနာက္အပတ္ဆိုရင္ ယူႏုိက္တက္က ျပန္အေရးနိမ့္မယ္။ ခ်ယ္ဆီးက အႏုိင္ရသြားမယ္။ ဒါဆိုရင္ က်ေန္ာတို႔က မူလေနရာကိုပဲ ျပန္ေရာက္ပါလိမ့့္မယ္။ အသင္းထံကေန ယံုၾကည္မႈနဲ႔ ေမွ်ာ္လင့္ခ်က္ ရတယ္ကို မရွိပါဘူး။ ရာသီကုန္ထိ ဆက္လက္ ယွဥ္ျပိဳင္ရမွာျဖစ္ေပမယ့္ သူတို႔ကလည္း ကိုယ္ဘာသာကေန ယံုၾကည္မႈေတြ ရၾကတယ္လို႔ မထင္ပါဘူး။
ခ်ယ္ဆီးနဲ႔ပြဲမွာ ခံစစ္သံုးေယာက္တန္းက ေကာင္းမြန္ခဲ့ျပီး မာတစ္၊ ဖရတ္၊ ဖာနန္ဒက္စ္တို႔ရဲ႕ ကြင္းလယ္ကလည္း ေကာင္းမြန္မႈ ရွိပါတယ္။ သူတို႔ေတြ အေကာင္းဆံုး လုပ္ႏုိင္ခဲ့တာျဖစ္လို႔ ဒါကေတာ့ ယူႏုိက္တက္အတြက္ အေကာင္းျမင္စရာပါပဲ။ သူတို႔ေတြကေတာ့ ခံစားခ်က္ ေကာင္းေနမယ္လို႔ ထင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။
ယူႏုိက္တက္ဟာ ခ်ယ္ဆီးနဲ႔ၾကား ရမွတ္ကြာဟခ်က္ကို ေလ်ာ့ႏုိင္ခဲ့ေပမယ့္ စြမ္းေဆာင္ရည္နဲ႔ ရလဒ္ပိုင္းမွာ တည္ျငိမ္ဖို႔ လိုေနျပီး ဒါမွပဲ ရာသီကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာကို ရယူႏုိင္မွာ ျဖစ္ပါတယ္။