ဘရိုက်တန်တို့ မှန်းရခက်ပေမယ့် စီးတီးကိုတော့ မကျော်နိုင်ဘူး ကြိုတင်ဟောကိန်း ထုတ်သွားတဲ့ ပေါမာဆန်ရဲ့ ခန့်မှန်းချက်

ဒီတပတ် ပရီးမီးယားလိဂ် ပွဲတွေ ပြန် စတင် ကစားချိန်မှာ မန်ချက်စတာ စီးတီးကတော့ ဘရိုက်တန် အသင်းကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားဖို့ ရှိနေပါတယ်။

ဒီနှစ်သင်း ကစားမယ့် ပွဲချိန်ကတော့ ဒီနေ့ စနေနေ့ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားမှာပါ။ ဘောလုံးပွဲတွေ သုံးသပ်နေကြ ဆရာကြီး ပေါမာဆန်က စီးတီးနဲ့ ဘရိုက်တန် ပွဲ အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်း ထားပါတယ်။

ပေါမာဆန် သုံးသပ်ချက်

ဘရိုက်တန်ထံက ဘာတွေ မျှော်လင့်နိုင်မလဲဆိုတာကို ဘယ်တော့မှ မသိနိုင်ပါဘူး။ ဘရိုက်တန်ဟာ ဒီအပတ် မန်စီးတီးတို့ ထိပ်တိုက် မတွေ့ချင်တဲ့ အသင်းတွေထဲက တစ်သင်းပဲ ဖြစ်ပါတယ်။

အသင်း အများအပြားက အီတီဟတ် ကွင်းကို သွားပြီး ကုတ်ကပ် ကစားကြပေမယ့် ဘရိုက်တန်ကတော့ ပြိုင်ဘက်ကို ဂရုမစိုက်ပဲ သူတို့ ပုံစံအတိုင်း ကစားသွားမှာပါ။

ဟာလန်းက အခွင့်အရေးတွေ အများကြီး မရပေမယ့် ၈ ပွဲမှာ ၈ ဂိုး သွင်းထားပါတယ်။ သူက သူ့ဘာသာ အရမ်းမြင့်တဲ့ အဆင့်ရောက်အောင် ပို့ထားတာပါ။

ခံစစ်သမားတွေက သူ့ကို ကပ်ထားနိုင်ပြီး ဟာလန်းကို ဘယ်လို ထိန်းချုပ်ရမယ် သိလာနေကြတယ်။ ဒီရာသီမှာ ဟာလန်းက အဆင်ပြေနေဦးမှာပါ။ ဘရိုက်တန်ကို သူ ဟက်ထရစ် သွင်းနိုင်ရင် ကျနော်တော့ အံ့ဩမှာ မဟုတ်ပါဘူး။

နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲ ရှုံးနိမ့်ထားခဲ့တဲ့ စီးတီးအတွက် ပွဲကောင်းဖြစ်ပါတယ်။ သူတို့က ဒီပွဲပြီးရင် မန်ယူနိုက်တက်၊ လီဗာပူး၊ ချယ်ဆီးတို့နဲ့ ရင်ဆိုင်ရမှာပါ။ ဒီပွဲက သူတို့ရဲ့ ဘောလုံးရာသီအတွက် အရေးပါလာပါလိမ့်မယ်။

ဒီပွဲကို မန်စီးတီးရှုံးရင် သူတို့ အဆင့်တွေ ကျသွားပါလိမ့်မယ်။ မန်စီးတီးက ပွဲတွေ သိပ်ရှုံးလေ့ မရှိပါဘူး။ ဘရိုက်တန်ကလည်း သူတို့ ကိုယ်ပိုင် နည်းလမ်းနဲ့ ကစားလိုမှာဖြစ်ပြီး ဒီပွဲမှာ စီးတီးတို့ ရမှတ် ထိခိုက်မယ် မထင်ပါဘူး။

ပေါမာဆန် ခန့်မှန်းရလဒ်

မန်စီးတီး ၃-၀ ဘရိုက်တန်