မန်စီးတီး ကစားသမားဘဝ မှာ သိပ်မလုပ်ဖူးတဲ့ ဂိုးသွင်းဟန်နဲ့ ဂိုးသွင်းပြီး ၂ ပွဲဆက် ဂိုးပေါက်ပျောက်မှုကို ဟာလန်း ရပ်တန့်

မနေ့ညက ဘရိုက်တန်နဲ့ ပွဲမတိုင်ခင်မှာ တိုက်စစ်မှုး ဟာလန်းဟာ မန်စီးတီးကစားသမားဘဝ သူ့ရဲ့အရှည်ကြာဆုံး ဂိုးပေါက်ပျောက်မှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။

ပရီးမီးယားလိဂ်မှာလည်း သူ့ရဲ့ပူးတွဲအရှည်ကြာဆုံး (၂ ပွဲဆက်) ဂိုးပေါက်ပျောက်မှု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘရိုက်တန်နဲ့ ကစားတော့ ၁၉ မိနစ်အကြာမှာပဲ သူ့ရဲ့ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့တာပါ။

ဧရိယာအပြင်ဘက်ကနေ ဘယ်ခြေနဲ့အပြင်းကန်သွင်းပြီး မန်စီးတီးအတွက် ဒုတိယမြောက်ဂိုးဖြစ်စေခဲ့ပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာ ဘရိုက်တန် ကွင်းလယ်လူ ဘာလီဘာကို နောက်ကနေ ဘာနာဒို ဆေးလ်ဗားက ဖိအားလိုက်ပေးရာမှာ ပျက်သွားခဲ့တဲ့ ဘောလုံးကို ဟားလန်းက ဧရိယာထဲကို ဆွဲယူပြီး စိတ်ကြိုက်ကျုံးကန်သွားခဲ့တာပါ။

မန်စီးတီးအတွက် သူသွင်းပေးခဲ့တဲ့ ၆၁ ဂိုးမှာ ပင်နယ်တီဧရိယာအပြင်ဘက်က သူသွင်းတာဆိုလို့ ဒါနဲ့မှ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

ပထမတစ်ကြိမ်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၇ မှာ ဝုဗ်ဘက်ကို သွင်းခဲ့တာ ဖြစ်ပါတယ်။ အသင်းငယ်တွေကိုပဲ ဂိုးသွင်းတတ်တာ၊ ပိတ်သွင်းတာလောက်ပဲ လုပ်တတ်တာဆိုတဲ့ ပြောဆိုမှုတွေကို အခုလိုသွင်းဂိုးမျိုးုနဲ့ နော်ဝေသားက အသံတိတ်စေနိုင်ခဲ့တာပါ။

ဟာလန်းရဲ့အဲဒီဂိုးဟာ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ ၄၅ ဂိုးမြောက်ဖြစ်ပြီး အသင်းကပ္ပတိန်ဟောင်းဂန်ဒိုဂန်ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး အရေအတွက်ကို ကျော်တက်သွားပါတယ်။

ဒါ့အပြင် ဒေါ့မန်ကြယ်ပွင့်ဟောင်းဟာ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် ဂိုးပေါက် ပျောက်တာမျိုး တစ်ခါမှ မရှိသေးပါဘူး။

ဒီရာသီမှာ အရင်နှစ်ကထက် ဂိုးသွင်းကြဲနေသေးတဲ့ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီတုန်းကတော့ ပရီးမီးယားလိဂ်မှာ ၃၆ ဂိုးတောင် သွင်းခဲ့တာပါ။