မန်စီးတီး ကွင်းလယ်သမား ကယ်လ်ဗင် ဖီးလစ် ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ဘိုင်ယန်မြူးနစ်

မန်ချက်စတာစီးတီးအသင်း မှာ ဦးစားပေး ပွဲထွက်ခွင့် မရတဲ့ ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဖီးလစ်က ဘိုင်ယန်မြူးနစ် အသင်းကို ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေကြောင်း သတင်းထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဖီးလစ် အနေဖြင့် မန်စီးတီးအသင်းနဲ့ ဆုဖလားအောင်မြင်မှု တွေ ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပေမဲ့ ပုံမှန် ပွဲထွက် ကစားခွင့်ရရန် ရုန်းကန်နေရတာကြောင့် နယ်ပယ်သစ်တွင် စိန်ခေါ်မှုရှာဖွေရန် လိုလားနေပါတယ်။

ဒါကြောင့် စီးတီးကနေ အခြား ကလပ် အသင်းတစ်သင်းကို ပြောင်းရွှေ့ကစားနိုင်ကြောင်း သတင်းထွက်နေချိန် ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းက ချိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။

နည်းပြ သောမက်စ်တူချယ်ရဲ့ ဘိုင်ယန်မြူးနစ်အသင်းက မန်စီးတီးအသင်းမှာ ခြေစွမ်းပြသရန် ရုန်းကန်နေရတဲ့ ဖီးလစ် ကို စိတ်ဝင်တစား ကမ်းလှမ်းမှုတွေ လုပ်ဆောင်တာနိုင်ပါတယ်။

မန်စီးတီးအသင်းက ၂၀၂၂-၂၃ ခုနှစ်ဘောလုံးရာသီအတွင်း လိဒ်ယူနိုက်တက်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေတဲ့ ကယ်လ်ဗင်ဖီးလစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၄၂သန်းဖြင့် ခေါ်ယူထားခဲ့တာဖြစ်ပြီး ကစားသမားအနေဖြင့် ပုံမှန် ပွဲထွက်ကစားခွင့်ရရန် ရုန်းကန်နေခဲ့ရပါတယ်။

နည်းပြ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းတွင် ပုံမှန် ပွဲထွက်ကစားခွင့်ရရန် ရုန်းကန်နေရတာကြောင့် အသက် ၂၇ နှစ် အရွယ် ဖီးလစ်အနေဖြင့် လာမယ့် ဇန်နဝါအပြောင်းအရွှေ့ကာလအတွင်း ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ကစားနိုင်ခြေ ရှိနေပါတယ်။

ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဟယ်ရီကိန်းကို ခေါ်ယူ ထားသလို မန်စီးတီးစတား ဝေါ်လ်ကာကို ချိတ်ဆက်ရာမှာ ခေါ်ယူနိုင်ခဲ့ခြင်းမရှိပေမဲ့ မန်စီးတီးမှာ အနာဂတ်မရေ မရာဖြစ်နေတဲ့ ဖီးလစ်ကို ခေါ်ယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။