ဒန်နီရယ် ဂျိမ်းစ်ကို ခေါက်ထားဖို့ ဆိုးရှားအား အကြံပေးတိုက်တွန်းမှု ထွက်ပေါ်

မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းလိုက် ကစားပုံ ပိုမိုကောင်းမွန်ဖို့ အတွက် တောင်ပံတိုက်စစ်သမား ဒန်နီရယ် ဂျိမ်းစ်ကို ဆိုးရှား အသင်း ပွဲထွက်ကနေ ခေါက်ထားဖို့ လိုကြောင်း ပေါမာဆန်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒန်နီရယ် ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့နွေကမှ ဆွမ်ဆီးကနေ ယူနိုက်တက် ပေါင် ၁၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ဒီရာသီ အစောပိုင်းမှာ စီနီယာအသင်းကြီးနဲ့ အတူ တောက်ပခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျိမ်းစ်ဟာ သြဂုတ်လနောက်ပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး မရှိတော့တဲ့ အပြင် နောက်ဆုံး ပြုလုပ်ထားတဲ့ ဂိုးထောက်ပံ့မှုကလည်း ဒီဇင်ဘာလထဲက ဘန်လေနဲ့ပွဲမှာ ဖြစ်ပါတယ်။

ပုံစံကောင်းများ ရဖို့ ဂျိမ်းစ် တစ်ယောက် ရုန်းကန်နေရတာ ဖြစ်ပြီး ချယ်ဆီးကို နိုင်တဲ့ ပွဲမှာလည်း ခြေစွမ်းမပြနိုင်ဘဲ ကွင်းထဲ လမ်းပျောက်နေဟန် ရှိတယ်လို့ ပေါမာဆန်က သုံးသပ်ခဲ့ပါတယ်။

” မန်ချက်စတာယူနိုက်တက်ဟာ ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းတွေထဲက တစ်သင်းပါ။ ဒါပေမယ့် သူတို့မှာ အထောင်တိုက်စစ်မှူး စစ်စစ် တစ်ယောက်မှ မရှိ ဖြစ်နေတယ်။ ဒန်နီရယ် ဂျိမ်းစ်လို အနှေးနဲ့ အမြန်ဆိုသလို ပွဲထွက်ကနေ ချန်လှပ်ခံရတော့မယ့် ကစားသမားကို ရှေ့ တင် ကစားထားတယ်။ သူ့အတွက်တော့ စိတ်မကောင်း ဖြစ်မိတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် ဂျိမ်းစ်က လမ်းပျောက်နေသလို ဖြစ်နေတယ်။ သူ အနားယူဖို့ လိုပါတယ်။ သူ ပွဲတိုင်း ဝင်ကစားနေတယ် ဟိုဟိုဒီဒီ ပြေးလွှားပြီး နေရာယူတယ်။ ပရီးမီးယားလိဂ်မှာက ဒီလောက်နဲ့တင် မရဘူး။ ဒါကို ကျနော် ခံစားမိနေတယ်။

ယူနိုက်တက်က သူ့ကို ခေါက်ထားသင့်နေပါပြီ။ ဒါပေမယ့် ခက်တာက ဂျိမ်းစ်ကို ဖယ်ထားရင်လည်း ထည့်စရာ တခြားူ မရှိဘူး။ ချယ်ဆီးကို နိုင်လိုက်တာက ယူနိုက်တက် အတွက် နိုင်ပွဲကြီးပါ။ ဒါပေမယ့် သူတို့ ကစားပုံ သိပ်အကောင်းကြီး မဟုတ်ခဲ့ဘူး ” လို့ ပေါမာဆန်က သုံးသပ် ပြောကြားခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ရဲ႕ အသင္းလိုက္ ကစားပံု ပိုမိုေကာင္းမြန္ဖို႔ အတြက္ ေတာင္ပံတိုက္စစ္သမား ဒန္နီရယ္ ဂ်ိမ္းစ္ကို ဆိုးရွား အသင္း ပြဲထြက္ကေန ေခါက္ထားဖို႔ လိုေၾကာင္း ေပါမာဆန္က တိုက္တြန္းေျပာဆိုလိုက္ပါတယ္။

ဒန္နီရယ္ ဂ်ိမ္းစ္ဟာ ျပီးခဲ့တဲ့ေႏြကမွ ဆြမ္ဆီးကေန ယူနိုက္တက္ ေပါင္ ၁၅ သန္းနဲ႕ ေခၚယူခဲ့တာ ျဖစ္ျပီး ဒီရာသီ အေစာပိုင္းမွာ စီနီယာအသင္းၾကီးနဲ႕ အတူ ေတာက္ပခဲ့သူ ျဖစ္ပါတယ္။ ဒါေပမယ့္ ဂ်ိမ္းစ္ဟာ ၾသဂုတ္လေနာက္ျပီး ပရီးမီးယားလိဂ္မွာ သြင္းဂိုး မရွိေတာ့တဲ့ အျပင္ ေနာက္ဆံုး ျပဳလုပ္ထားတဲ့ ဂိုးေထာက္ပံ့မႈကလည္း ဒီဇင္ဘာလထဲက ဘန္ေလနဲ႕ပြဲမွာ ျဖစ္ပါတယ္။

ပံုစံေကာင္းမ်ား ရဖို႔ ဂ်ိမ္းစ္ တစ္ေယာက္ ရုန္းကန္ေနရတာ ျဖစ္ျပီး ခ်ယ္ဆီးကို နုိင္တဲ့ ပြဲမွာလည္း ေျခစြမ္းမျပနိုင္ဘဲ ကြင္းထဲ လမ္းေပ်ာက္ေနဟန္ ရွိတယ္လို႔ ေပါမာဆန္က သံုးသပ္ခဲ့ပါတယ္။

” မန္ခ်က္စတာယူနုိက္တက္ဟာ ကမၻာ့အၾကီးဆံုး ကလပ္အသင္းေတြထဲက တစ္သင္းပါ။ ဒါေပမယ့္ သူတို႔မွာ အေထာင္တိုက္စစ္မွဴး စစ္စစ္ တစ္ေယာက္မွ မရွိ ျဖစ္ေနတယ္။ ဒန္နီရယ္ ဂ်ိမ္းစ္လို အေႏွးနဲ႕ အျမန္ဆိုသလို ပြဲထြက္ကေန ခ်န္လွပ္ခံရေတာ့မယ့္ ကစားသမားကို ေရွ႕ တင္ ကစားထားတယ္။ သူ႔အတြက္ေတာ့ စိတ္မေကာင္း ျဖစ္မိတယ္။

ပြင့္ပြင့္လင္းလင္း ေျပာရရင္ ဂ်ိမ္းစ္က လမ္းေပ်ာက္ေနသလို ျဖစ္ေနတယ္။ သူ အနားယူဖို႔ လိုပါတယ္။ သူ ပြဲတိုင္း ၀င္ကစားေနတယ္ ဟိုဟိုဒီဒီ ေျပးလႊားျပီး ေနရာယူတယ္။ ပရီးမီးယားလိဂ္မွာက ဒီေလာက္နဲ႕တင္ မရဘူး။ ဒါကို က်ေနာ္ ခံစားမိေနတယ္။

ယူနုိက္တက္က သူ႔ကို ေခါက္ထားသင့္ေနပါျပီ။ ဒါေပမယ့္ ခက္တာက ဂ်ိမ္းစ္ကို ဖယ္ထားရင္လည္း ထည့္စရာ တျခားူ မရွိဘူး။ ခ်ယ္ဆီးကို နုိင္လိုက္တာက ယူနိုက္တက္ အတြက္ နုိင္ပြဲၾကီးပါ။ ဒါေပမယ့္ သူတို႔ ကစားပံု သိပ္အေကာင္းၾကီး မဟုတ္ခဲ့ဘူး ” လို႔ ေပါမာဆန္က သံုးသပ္ ေျပာၾကားခဲ့ပါတယ္။