ကီဗင် ဒီဘရိုင်းနဲ့ ပတ်သတ်ပြီး မန်စီးတီးက အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက်မျိုး ချမှတ်ဖွယ် ရှိနေ

မန်စီးတ အသင်းဟာ ကွင်းလယ် ဖန်တီးရှင် ကီဗင်ဒီဘရိုင်းအား စာချုပ်သစ်မကမ်းလှမ်းဘဲ အသင်းမှ ထွက်ခွာခွင့် ပေးလာနိုင်ကြောင်း သတင်း ထွက်လာပါတယ်။
စီးတီးရဲ့ အဓိက ကွင်းလယ်လူ ကီဗင်ဒီဘရိုင်းဟာ ယခုရာသီတွင် ပေါင်ကြွက်သားဒဏ်ရာကြောင့် အနားယူနေရသူ ဖြစ်ပြီး လာမယ့် နှစ်သစ်ကူးကာလအထိ ကစားနိုင်ဦးမဲ့ အခြေအနေမှာ မရှိပါဘူး။
မန်စီးတီးဟာ ဝုဗ်၊ အာဆင်နယ်တို့အား နှစ်ပွဲဆက်အရှုံးနှင့် ရင်ဆိုင်ခဲ့ရပေမဲ့လည်း ကီဗင်ဒီဘရိုင်း ပါဝင် မကစားနိုင်မှုကို ကိုင်တွယ်ဖြေရှင်းထားနိုင်ပါတယ်။
သမိုင်းဝင် ဖလား ၃ လုံး ချန်ပီယံ စီးတီး ဟာ စနေနေ့တုန်းက ဘရိုက်တန်ကို အယ်ဗာရက်ဇ်၊ ဟာလန်းတို့ရဲ့ ဂိုးများဖြင့် ၂-၁ ဖြင့် အနိုင်ယူကာ အနိုင်လမ်းကြောင်းပေါ်သို့ ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။
Football Insider သတင်း ရဲ့ ဖော်ပြလာမှုအရ မန်စီးတီးဟာ ပြီးခဲ့တဲ့နှစ်များအတွင်းတွင် ကီဗင်ဒီဘရိုင်းမှာ ဒဏ်ရာပြဿနာများ ပိုမိုကြုံတွေ့လာရမှုကြောင့် စာချုပ်သစ်ချုပ်ဆိုခြင်း မပြုဘဲ အသင်းမှ စောစောစီးစီး ထွက်ခွာခွင့် ပြုလာနိုင်ကြောင်း သိရပါတယ်။
မန်စီးတီးဟာ ကီဗင်ဒီဘရိုင်းရဲ့ စာချုပ်အား အလျှင်စလို စာချုပ်သက်တမ်းတိုးချုပ်ဆိုဖို့ မရှိဘဲ နောက်ဆုံး ၁၂ လ သက်တမ်း ကျန်တဲ့အချိန်အထိ စောင့်ကြည့်လာဖို့ ရှိနေပါတယ်။
ဘရိုင်းဟာ မန်စီးတီးနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပြီး မန်စီးတီးရဲ့ လုပ်ခအများဆုံးရ ကစားသမားများ ထဲမှ တစ်ဦးလည်း ဖြစ်ပါတယ်။
ကီဗင်ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဆုဖလား ၃ လုံးရစဉ်တုန်းက ၄၉ ပွဲကစားကာ ၁၀ ဂိုးသွင်းယူပြီး ၃၁ ကြိမ် ဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။