ပရီးမီးယားလိဂ် သမိုင်းမှာ မရှိဖူးသေးတဲ့ မှတ်တမ်း ရေးထိုးချင်နေတဲ့ ဂွာဒီယိုလာက အာဆင်နယ်ကို စိုးရိမ်စိတ် ရှိနေ
ဒီရာသီမှာ အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီး စိုးရိမ်စိတ် ပိုများလာတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၄ နှစ်ဆက် တိုက် ဆက်ထိန်းထားနိုင်ဖို့ အစွမ်းကုန်ကြိုးစားကြရေး အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။
မန်စီးတီးဟာ ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ပြီး တဲ့နောက် ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် ရှုံးပွဲဆက်မှုကို ရပ်တန့်ပစ်နိုင်ခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးကိုလည်း ပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာ အဓိက ပြိုင်ဘက်ဖြစ်နေတဲ့ အာဆင်နယ်ကလည်း ရမှတ် တူ ဂိုးကွာခြားချက်အသာနဲ့ ဒုတိယနေရာကနေ ဆက်တိုက်ကို ဖိအားပေး နေတာပါ။
မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံး ၃ နှစ်ဆက် တိုက်ရယူနိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာဆိုရင်တော့ သမိုင်းဝင် ဖလား ၃ လုံးကို အရယူနိုင်ခဲ့တာပါ။
ဒါကြောင့် ပရီးမီးယားလိဂ် ဖလားကို ၄ နှစ် ဆက်တိုက် ရယူနိုင်ရေး ကြိုးစားကြဖို့နဲ့ ပြီးခဲ့တဲ့ ဘောလုံးရာ သီကအတိုင်း လုပ်ပြနိုင်ဖို့ကို ဂွါဒီယိုလာတစ်ယောက် ရည်သန်နေတာလည်း ဖြစ်ပါတယ်။
” ဖလား ၃ လုံးက ကျွန်တော်တို့အပေါ်မှာ လွှမ်းမိုးမှုတစ်ခုတော့ ရှိနေတယ်။ ကျွန်တော် အပါအဝင်ပေါ့။ ဒါကြောင့် အဒီလိုမျိုး ဖြစ်လာဖို့ လို တယ်။ ရာသီအဆုံးမှာ ဗိုလ်လုပွဲတွေဆီကို ရောက်ဖို့ပေါ့နော်။ ပြိုင်ဘက် အသင်းတွေနဲ့အတူ နီးနီးကပ်ကပ်နေပြီး အဲဒါကို နောက်တစ်ကြိမ် ထပ်ဖြစ် အောင် လုပ်ပြနိုင်ဖို့ပေါ့။
ပရီးမီးယားလိဂ်ဖလားကို ၄ ကြိမ်ဆက်တိုက် ရတဲ့ အသင်း တစ်သင်းမှ မရှိသေးဘူးလို့ ကျွန်တော် အများကြီး ပြောခဲ့ပါတယ်။ ဘယ်တုန်းကမှ မရဖူးကြတာပါ။ ဒါကြောင့် ဒါဟာ ဘယ်လောက်အထိ ခက်သလဲဆိုတာကို ပြနေတာပါ။ ဒါပေမဲ့ အခုတော့ အဲဒီလို လုပ်ပြနိုင်ဖို့က အရေးကြီးသွားပြီ။
အထူးသဖြင့် ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကို ရောက် နိုင်ဖို့ပေါ့။ အခုဆိုရင်တော့ ကျွန်တော်တို့ဟာ ယန်းဘွိုင်းစ်နဲ့ ကစားရတော့ မယ်။ အဲဒီနောက် အိမ်ကွင်းပွဲစဉ်ပေါ့။ အဲဒီပွဲတွေကိုတော့ ဖြစ်နိုင်ပါတယ်။
အဲဒီနောက်မှာဆိုရင်တော့ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်၊ ပရီးမီးယား လိဂ်၊ ပရီးမီးယားလိဂ်ပဲ။ အဲဒါက ရည်မှန်းချက်ပဲ။ ဒါကြောင့် ဒီနေ့ဟာ အရေး ကြီးတယ်လို့ ပြောတာပါ ” လို့ ဂွါဒီယိုလာက ဘရိုက်တန်ကို အနိုင်ရတဲ့ပွဲစဉ် ပြီးတဲ့နောက်မှာ ပရီးမီးယားလိဂ် ရည်မှန်းချက်နဲ့ပတ်သက်ပြီး ပြောသွားခဲ့တာပါ။
မန်စီးတီးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ၂ ပွဲ ရှုံးထားပြီး အဲဒီအထဲမှာ အဓိက ပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်ကို အမ်းမရိတ်စ်ကွင်းပွဲစဉ်မှာ မာတင်နယ်လီရဲ့ နောက်ကျသွင်းဂိုးနဲ့ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။