ဂိုးသွင်းမုဆိုး ဟာလန်းကို ပြိုင်ဘက်တွေက ကျရှုံးစေချင်နေကြတယ်လို့ ပေါ်တင် ဖိုက်လိုက်တဲ့ ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းက ဂိုးတွေသွင်းယူနိုင်ဖို့အတွက် ဖိအားပေးထားတာမျိုး မရှိကြောင်း ဖွင့်ဟပြောကြားလာပါတယ်။
မနေ့ညက ယန်းဘွိုင်းစ်ကို ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဟာလန်းက အသင်းအတွက် နှစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ ဒီရာသီ ပြိုင်ပွဲစုံ (၁၄) ပွဲမှာ မန်စီးတီးအတွက် သွင်းဂိုး (၁၁) ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။
ဟာလန်း ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၅၂) ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ကစားသမားပါ။ အဲ့ဒါကြောင့်လည်း ဟာလန်းအပေါ် မျှော်လင့်ချက်တွေ များပြားနေကြပြီး ဂွါဒီယိုလာကတော့ ဟာလန်းရဲ့ ပခုံးပေါ်က ဖိအားတွေကို လျှော့ချပေးခဲ့တာလည်း ဖြစ်ပါတယ်။
ယန်းဘွိုင်းစ်နဲ့ပွဲအပြီးမှာ ဂွါဒီယိုလာက “ပြီးခဲ့တဲ့ရာသီ ပြီးသွားတဲ့နောက်မှာ ဟာလန်းက တစ်ပွဲကို (၇)ဂိုး သွင်းရမယ်ဆိုတာမျိုး ဖြစ်နေကြပါတယ်။ ဒါက မဖြစ်နိုင်တဲ့ကိစ္စပါ။ ဒါပေမယ့်လည်း သူက ဂိုးတွေ အများကြီး သွင်းနေဆဲပါ။
လူတွေက သူသာ ဂိုး (၅၀) လောက် ထပ်မသွင်းရင် သူက ကျရှုံးတယ်ဆိုတာမျိုး ဖြစ်စေချင်နေပါတယ်။ ဒါက ပြဿနာမဟုတ်ပါဘူး။ ဟာလန်းက ဒီမှာ အမြဲဆက်ရှိနေဦးမှာပါ။ ဒုတိယဂိုးက တကယ်ကို ကောင်းပြီး သူ့မှာ အခြားအခွင့်အရေးတွေလည်း ရှိခဲ့ပါသေးတယ်။
အရေးကြီးတာက ဒီအခွင့်အရေးတွေကို ဟာလန်းအတွက် ဖန်တီးပေးနေဖို့ပါပဲ။ သူ ဂိုးသွင်း၊ မသွင်းကြည့်ဖို့ ကျွန်တော် မဆုံးဖြတ်ဘူးလို့ သူ့ကို ပြောပြီးသားပါ” လို့ ပြောကြားသွားခဲ့ပါတယ်။