ယန်းဘွိုင်းစ်ကို ၂ ဂိုးသွင်းပြီး အမ်ဘာပေရဲ့ စံချိန်ကို ချိုးဖျက်ကာ ချန်ပီယံလိဂ် မှတ်တမ်းသစ် တစ်ခုကိုလည်း ဟာလန်း စိုက်ထူနိုင်ခဲ့ပါပြီ
မန်စီးတီး တိုက်စစ်မှုး အာလင်း ဟာလန်းဟာ မနက်က ချန်ပီယံလိဂ်ပွဲအဖြစ် ယန်းဘွိုင်းအသင်းကို ၁-၃ ရလဒ်နဲ့ အနိုင်ရတဲ့ အဝေးကွင်း ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုး ရယူနိုင်ခဲ့တာမို့ ချန်ပီယံလိဂ်မှာ သွင်းဂိုး ၃၇ ဂိုး ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့်ပဲ လက်ရှိ ဥရောပ ချန်ပီယံ စီးတီးဟာ အုပ်စုတွင်း ၃ ပွဲကစားရာမှာ ၉ မှတ် အပြည့် ရထားပြီး ရှုံးထွက်ကို တက်ရောက်နိုင်ဖို့ ၉၀% လောက်ကို သေချာသွားခဲ့ပြီလည်း ဖြစ်ပါတယ်။
အုပ်စုဗိုလ်နေရာအတွက်ပဲ လိုက်ဇစ်နဲ့ အပြိုင်လုရဖို့ရှိကာ စီးတီးပဲ ထိပ်ဆုံးမှာ ရပ်တည်သွားဖို့ များနေခဲ့ပါတယ်။

ယန်ဘွိုင်းပွဲမှာ ဂိုးတွေ သွင်းယူခဲ့တဲ့ ဟာလန်း (အသက် ၂၃ နှစ် ၉၆ ရက်) ဟာ ယခင် ပီအက်စ်ဂျီ တိုက်စစ်မှုး အမ်ဘတ်ပီ တင်ရှိထားတဲ့ အသက် အငယ်ဆုံး (၂၃ နှစ် ၂၉၅ ရက်) နဲ့ ချန်ပီယံလိဂ် သွင်းဂိုး ၃၇ ဂိုး သွင်းယူနိုင်ခဲ့သူ ဆိုတဲ့ မှတ်တမ်းကို ချိုးဖျက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ဟာလန်းဟာ ချန်ပီယံလိဂ်ပွဲ ၃၁ ပွဲပဲ ကစားရသေးပေမယ့်လို့ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ထာဝရ ဂိုးသွင်းအများဆုံး တိုက်စစ်မှူး ၂၀ စာရင်းထဲကိုလည်း အသက် ၂၃ နှစ်နဲ့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဟာလန်းရဲ့ ဆက်တိုက် တောက်ပနေမှုကြောင့်ပဲ သူ့လို ငယ်ငယ်ရွယ်ရွယ်နဲ့ အရာအားလုံး အောင်မြင်ခဲ့တဲ့ တိုက်စစ်မှူးဟာ ဘလွန်းဒီအောဆု အနိုင်မရဘူးဆိုရင် အတော်လေး အငြင်းပွားစရာပဲလို့ မှတ်ချက်တွေ ပေးလာနေကြပြီ ဖြစ်ပါတယ်။
