ကလပ်ဘရုစ်နဲ့ ယူနိုက်တက် တို့ရဲ့ ယူရိုပါလိဂ်ပွဲ ပကျော့ အိုဝင် သုံးသပ်ခန့်မှန်းချက်

ဒီတပတ် ကြားရက်မှာ မန်ချက်စတာယူနိုက်တက်ဟာ ယူရိုပါလိဂ် ၃၂ သင်း အဆင့် ပွဲစဉ် ပထမအကျော့ အဖြစ် ဘယ်လ်ဂျီယံကလပ် ကလပ်ဘရုစ်နဲ့ ယှဉ်ပြိုင် ကစားဖို့ ရှိပါတယ်။ ကလပ်ဘရုစ်ကတော့ ပြည်တွင်း အမှတ်ပေးလိဂ်မှာ ထိပ်ဆုံးက ဦးဆောင်ထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ကလပ်ဘရုစ်နဲ့ ယူနိုက်တက်တို့ ပွဲစဉ်က လာမယ့် ကြာသပတေးနေ့ည ၁၂း၂၅ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။ ဒီပွဲစဉ်အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီတပတ်ကတော့ မန်ချက်စတာယူနိုက်တက်တို့ အလုပ်များတဲ့ သီတင်းပတ်ပါ။ စတန်းဖို့ ဘရစ်ချ်မှာ သွားကစားပြီး နိုင်ပွဲ ယူထားတဲ့ ယူနိုက်တက်ဟာ ယူရိုပါလိဂ် ပထမအကျော့ ပွဲအတွက် ဘယ်လ်ဂျီယံကို ခရီးသွားရဦးမှာ ဖြစ်ပါတယ်။

ကလပ်ဘရုစ်က ဘယ်လ်ဂျီယံ ပထမတန်းလိဂ်မှာတော့ ၉ မှတ် ပြတ်နဲ့ ဇယားထိပ်မှာ ဦးဆောင်ထားပါတယ်။ ဒါ့အပြင် ဒီရာသီ အစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်ကို ဘာနေဗြူးကွင်းမှာ သွားရောက်ရင်ဆိုင်စဉ်က ၂-၂ သရေ ရအောင် ကစားထားတဲံ အသင်းလည်း ဖြစ်ပါတယ်။ အိမ်ရှင် ကလပ်ဘရုစ်က ယူနိုက်တက်ကို ခက်ခဲတဲ့ စိန်ခေါ်မှုတွေ ပေးပါလိမ့်မယ်။

ဒါပေမယ့် ကလပ်ဘရုစ်က ပရီးမီးယားလိဂ် ကလပ်တွေနဲ့ နောက်ဆုံး ကစားထားတဲ့ ၁၀ ပွဲလုံးမှာ နိုင်ပွဲ တစ်ပွဲမှ ရမထားပါဘူး။ ဒါကြောင့် အိုလေဂန်းနား ဆိုးရှားရဲ့ အသင်းက ကလပ်ဘရုစ်ထံကနေ သရေတစ်မှတ်တော့ ခက်ခက်ခဲခဲ ယူသွားဖို့ ရှိပါမယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

ကလပ်ဘရုစ်နဲ့ ယူနိုက်တက်ပွဲ မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်ကတော့ သရေ ရလဒ်ပဲ ဖြစ်ပါတယ်။

Zawgyi – ဒီတပတ္ ၾကားရက္မွာ မန္ခ်က္စတာယူနိုက္တက္ဟာ ယူရိုပါလိဂ္ ၃၂ သင္း အဆင့္ ပြဲစဥ္ ပထမအေက်ာ့ အျဖစ္ ဘယ္လ္ဂ်ီယံကလပ္ ကလပ္ဘရုစ္နဲ႕ ယွဥ္ျပိဳင္ ကစားဖို႔ ရွိပါတယ္။ ကလပ္ဘရုစ္ကေတာ့ ျပည္တြင္း အမွတ္ေပးလိဂ္မွာ ထိပ္ဆံုးက ဦးေဆာင္ထားတဲ့ အသင္းလည္း ျဖစ္ပါတယ္။

ကလပ္ဘရုစ္နဲ႕ ယူနိုက္တက္တုိ႔ ပြဲစဥ္က လာမယ့္ ၾကာသပေတးေန႔ည ၁၂း၂၅ နာရီ အခ်ိန္မွာ ယွဥ္ျပိဳင္ ကစားၾကမွာပါ။ ဒီပြဲစဥ္အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ကေတာ့ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” ဒီတပတ္ကေတာ့ မန္ခ်က္စတာယူနိုက္တက္တို႔ အလုပ္မ်ားတဲ့ သီတင္းပတ္ပါ။ စတန္းဖို႔ ဘရစ္ခ်္မွာ သြားကစားျပီး နုိင္ပြဲ ယူထားတဲ့ ယူနိုက္တက္ဟာ ယူရိုပါလိဂ္ ပထမအေက်ာ့ ပြဲအတြက္ ဘယ္လ္ဂ်ီယံကို ခရီးသြားရဦးမွာ ျဖစ္ပါတယ္။

ကလပ္ဘရုစ္က ဘယ္လ္ဂ်ီယံ ပထမတန္းလိဂ္မွာေတာ့ ၉ မွတ္ ျပတ္နဲ႕ ဇယားထိပ္မွာ ဦးေဆာင္ထားပါတယ္။ ဒါ့အျပင္ ဒီရာသီ အေစာပိုင္းမွာ ရီးရဲလ္မက္ဒရစ္ကို ဘာေနျဗဴးကြင္းမွာ သြားေရာက္ရင္ဆိုင္စဥ္က ၂-၂ သေရ ရေအာင္ ကစားထားတဲံ အသင္းလည္း ျဖစ္ပါတယ္။ အိမ္ရွင္ ကလပ္ဘရုစ္က ယူနိုက္တက္ကို ခက္ခဲတဲ့ စိန္ေခၚမႈေတြ ေပးပါလိမ့္မယ္။

ဒါေပမယ့္ ကလပ္ဘရုစ္က ပရီးမီးယားလိဂ္ ကလပ္ေတြနဲ႕ ေနာက္ဆံုး ကစားထားတဲ့ ၁၀ ပြဲလံုးမွာ နုိင္ပြဲ တစ္ပြဲမွ ရမထားပါဘူး။ ဒါေၾကာင့္ အိုေလဂန္းနား ဆိုးရွားရဲ႕ အသင္းက ကလပ္ဘရုစ္ထံကေန သေရတစ္မွတ္ေတာ့ ခက္ခက္ခဲခဲ ယူသြားဖို႔ ရွိပါမယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။

ကလပ္ဘရုစ္နဲ႕ ယူနိုက္တက္ပြဲ မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ သေရ ရလဒ္ပဲ ျဖစ္ပါတယ္။