ဂရင်းဝုဒ် မပါပဲ တော်မီနေး၊ လင်ဒီအော့နဲ့ တောင်ပံသမားလေးတို့ ပါဝင်တဲ့ ကလပ်ဘရုဂျ်ပွဲကြို လေ့ကျင့်ရေး

ကလပ်ဘရုဂျ်ပွဲကြို ယူနိုက်တက်ရဲ့ ဒီကနေ့ လေ့ကျင့်ရေး အစီအစဉ်မှာတော့ ကွင်းလယ်လူ တော်မီနေး၊ ခံစစ်မှူးတွေဖြစ်တဲ့ လင်ဒီအော့နဲ့ တွမ်ဇီဘီတို့ ပြန်လည် ပါဝင်လာတဲ့ ၂၄ ဦးပါလူစာရင်းကို မန်ချက်စတာအခြေစိုက် သတင်းက ဖော်ပြသွားပါတယ်။

ဒီအပတ်မှာ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ရံှူးထွက်ပွဲအဖြစ် ယူနိုက်တက်ဟာ ဘရုဂျ်ရဲ့ အိမ်ကွင်းထံသွားပြီး ယှဉ်ပြိုင်ရမှာပါ။ အထက်က ကစားသမား သုံးဦးဟာ တနင်္လာနေ့က ချယ်ဆီးနဲ့ပွဲမှာ မပါနိုင်ခဲ့သလို တော်မီနေးနဲ့ တွမ်ဇီဘီတို့ဟာ ကာလရှည် ဒဏ်ရာတွေကြောင့် အနားယူနေခဲ့ရတာဖြစ်တယ်။

စပိန်ခရီးစဉ်မှာ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ သူတို့နှစ်ဦး ပြန်လည် ပါဝင်ထားသလို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ဖာနန်ဒက်စ်ကလည်း အသင်းနဲ့ တောက်လျှောက် အကောင်းဆုံး လေ့ကျင့်နေပါတယ်။ ဒီကနေ့ လေ့ကျင့်ရေးမှာ တိုက်စစ်မှး အစ်ဟာလိုလည်း ပါဝင်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ၂၄ ဦးပါ လူစာရင်းမှာ ဂရင်းဝုဒ် မပါခဲ့ပေမယ့် အသက် ၁၈ နှစ် အရွယ် အကယ်ဒမီထွက် တိုက်စစ်သမားလေးဟာ ကော်နာ စတန်လေ ပါဝင်လာတာကို မြင်ရပါတယ်။ နောက်ပြီး ခံစစ်သမား ဖိုဆူမန်ဆာလည်း ပါဝင်လာခဲ့ပါတယ်။

United training squad

Goalkeepers: David de Gea, Sergio Romero, Nathan Bishop

Defenders: Diogo Dalot, Aaron Wan-Bissaka, Brandon Williams, Harry Maguire, Phil Jones, Axel Tuanzebe, Victor Lindelof, Luke Shaw, Eric Bailly, Timothy Fosu-Mensah

Midfielders: Fred, Jesse Lingard, Scott McTominay, Andreas Pereira, Nemanja Matic, Bruno Fernandes, Connor Stanley, Juan Mata

Forwards : Odion Ighalo, Anthony Martial, Daniel James.

ZAWGYI

ကလပ္ဘရုဂ်္ပြဲၾကိဳ ယူႏုိက္တက္ရဲ႕ ဒီကေန႔ ေလ့က်င့္ေရး အစီအစဥ္မွာေတာ့ ကြင္းလယ္လူ ေတာ္မီေနး၊ ခံစစ္မွဴးေတြျဖစ္တဲ့ လင္ဒီေအာ့နဲ႔ တြမ္ဇီဘီတို႔ ျပန္လည္ ပါဝင္လာတဲ့ ၂၄ ဦးပါလူစာရင္းကို မန္ခ်က္စတာအေျခစိုက္ သတင္းက ေဖာ္ျပသြားပါတယ္။

ဒီအပတ္မွာ ယူရိုပါလိဂ္ ၃၂ သင္းအဆင့္ ရံွဴးထြက္ပြဲအျဖစ္ ယူႏုိက္တက္ဟာ ဘရုဂ်္ရဲ႕ အိမ္ကြင္းထံသြားျပီး ယွဥ္ျပိဳင္ရမွာပါ။ အထက္က ကစားသမား သံုးဦးဟာ တနလၤာေန႔က ခ်ယ္ဆီးနဲ႔ပြဲမွာ မပါႏုိင္ခဲ့သလို ေတာ္မီေနးနဲ႔ တြမ္ဇီဘီတို႔ဟာ ကာလရွည္ ဒဏ္ရာေတြေၾကာင့္ အနားယူေနခဲ့ရတာျဖစ္တယ္။

စပိန္ခရီးစဥ္မွာ ဒဏ္ရာကေန ျပန္သက္သာလာတဲ့ သူတို႔ႏွစ္ဦး ျပန္လည္ ပါဝင္ထားသလို ဇန္နဝါရီအေျပာင္းအေရႊ႔မွာ ေခၚယူထားတဲ့ ဖာနန္ဒက္စ္ကလည္း အသင္းနဲ႔ ေတာက္ေလွ်ာက္ အေကာင္းဆံုး ေလ့က်င့္ေနပါတယ္။ ဒီကေန႔ ေလ့က်င့္ေရးမွာ တိုက္စစ္မွး အစ္ဟာလိုလည္း ပါဝင္ခဲ့ပါတယ္။

ယူႏုိက္တက္ရဲ႕ ၂၄ ဦးပါ လူစာရင္းမွာ ဂရင္းဝုဒ္ မပါခဲ့ေပမယ့္ အသက္ ၁၈ ႏွစ္ အရြယ္ အကယ္ဒမီထြက္ တိုက္စစ္သမားေလးဟာ ေကာ္နာ စတန္ေလ ပါဝင္လာတာကို ျမင္ရပါတယ္။ ေနာက္ျပီး ခံစစ္သမား ဖိုဆူမန္ဆာလည္း ပါဝင္လာခဲ့ပါတယ္။

United training squad

Goalkeepers: David de Gea, Sergio Romero, Nathan Bishop

Defenders: Diogo Dalot, Aaron Wan-Bissaka, Brandon Williams, Harry Maguire, Phil Jones, Axel Tuanzebe, Victor Lindelof, Luke Shaw, Eric Bailly, Timothy Fosu-Mensah

Midfielders: Fred, Jesse Lingard, Scott McTominay, Andreas Pereira, Nemanja Matic, Bruno Fernandes, Connor Stanley, Juan Mata

Forwards : Odion Ighalo, Anthony Martial, Daniel James.