မန်ယူကို ၃ဂိုးပြတ် ကွင်းထဲမှာ နိုင်ပြီးလည်း ကွင်းပြင် လူမှုကွန်ယက်ကနေ ဆက်ကြိတ်နေတဲ့ ဂျယ်ရီမီ ဒိုကူ

မန်စီးတီး ကွင်းလယ် ကစားသမား ဂျယ်ရမီ ဒိုကူကတော့ မနေ့ည က တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း မန်ယူတိုက်စစ်သမား အန်တိုနီနဲ့ ပြဿနာတက်ခဲ့ပြီးနောက် ပွဲအပြီး လူမှုကွန်ရက်ပေါ်မှာ ထပ်မံ လှောင်ပြောင်ခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ အိုးထရက်ဖို့ဒ်မှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပြီး အာလင်း ဟာလန်းနဲ့ ဖိုဒန်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပရီးမီးယားလိဂ်ချန်ပီယံတွေက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အန်တိုနီက မန်စီးတီးနဲ့ပွဲစဉ်မှာ ၃-၀ နဲ့ နောက်ကနေ လိုက်ကစားနေရချိန်မှာ နောက်ကျ လူစားဝင်ကစားသမားအဖြစ် ခေါ်ယူခြင်း ခံခဲ့ရတာဖြစ်ပြီး ဘရာဇီးလ်တောင်ပံကစားသမားဟာ စိတ်မထိန်းနိုင်ဘဲ ညာတောင်ပံမှာ ဒိုကူကို လိုက်လူချ၊ ကန်ကျောက်ခဲ့တာ ဖြစ်ပါတယ်။

ဒိုကူ က အန်တိုနီကို လက်ညှိုးငေါက်ငေါက်ထိုး ရန်တွေ့ခဲ့ပြီး မတ်တီအို ကိုဗာချစ်က အခြေအနေကို တည်ငြိမ်သွားအောင် ကြားဝင် ထိန်းသိမ်းပေးခဲ့ပြီးနောက် မန်ယူနိုက်တက်တောင်ပံကစားသမားဟာ ပေါလ် တီယာနီရဲ့ အဝါကတ်ပြခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဒိုကူ က အန်တိုနီနဲ့ ပြဿနာတက်နေတဲ့ပုံနဲ့အတူ “စိတ်အေးအေးထားပါ။ မန်ချက်စတာက အပြာရောင်ပဲ”လို့ လှောင်ပြောင်ရေးသားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက အန်တိုနီရဲ့ ဒိုကုအပေါ် ပြုမူခဲ့တဲ့ လုပ်ဆောင်မှုက အရှက်ရစရာဖြစ်တယ်လို့ ပြစ်တင်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

“ ဒိုကူ ရဲ့ တုံ့ပြန်မှုက လုံးဝ မှန်တယ်။ အန်တိုနီက သူ့ကို ကန်ခဲ့တာပါ။ လုံးဝ မှန်တယ် ဒိုကူ။ ယူနိုက်တက်က စည်းကမ်းမဲ့ခဲ့တယ်။ ဒါက လုံးဝကို ရယ်စရာကောင်းတယ်။ ကျွန်တော်သာဆိုရင် သူ့ကို ထုတ်ပစ်မယ်။ အန်တိုနီဆီကနေ လုံးဝကို ရယ်စရာကောင်းတဲ့လုပ်ရပ်ပဲ။ အဲဒါက အရှက်ရစရာကောင်းတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။