ဆန်ချိုက နေမာလိုအဆင့်မှာ ရှိနေပြီး အရခေါ်ယူဖို့ တိုက်တွန်းတဲ့ ယူနိုက်တက် ကွင်းလယ်လူဟောင်းကြီး

မနက်က ယှဉ်ပြိုင်ကစားတဲ့ ဒေါ့မွန်နဲ့ ပီအက်ဂျီပွဲမှ တိုက်စစ်မှူး ဟာလန်က ဒေါ့မွန်အတွက် နှစ်ဂိုး သွင်းယူပေးခဲ့ပြီး နေမာက ပီအက်ဂျီအတွက် တစ်ဂိုး သွင်းယူပေးသွားခဲ့တာပါ။

ဒါပေမယ့်လို့ သူတို့နှစ်ဦးအပြင် တောင်ပံသမား ဆန်ချိုကလည်း တောက်ပတဲ့ ခြေစွမ်းတွေကို ပြသခဲ့သေးတာပါ။ အင်္ဂလန်ကစားသမားဟောင်းတွေဖြစ်ပြီး အားကစားပိုင်းဆိုင်ရာ သုံးသပ်သူတွေလည်းဖြစ်တဲ့ ဟားဂရိတ်နဲ့ ဂျီးနပ်တို့က တိုက်စစ်သမားရဲ့ အစွမ်းအစကို ထုတ်ဖော်မှုနဲ့အတူ သူ့ကို လက်မှတ်ထိုး ခေါ်ယူသင့်နေပြီလို့ ထောက်ခံမှု ပြုလုပ်သွားပါတယ်။

ဟားဂရိတ်က ” မနေ့ညက ဆန်ချိုရဲ့ စွမ်းဆောင်ရည်တွေဟာဆိုရင် နေမာ အကောင်းဆုံး အချိန်တွေတုန်းက ခြေစွမ်းတွေအတိုင်းပါပဲ။ သူ့ကို ထိန်းချုပ်လို့ မရခဲ့ပါဘူး။ ဆန်ချိုကို တစ်ယောက်ယောက်ကတော့ လက်မှတ်ထိုးပြီး ခေါ်ယူသင့်နေပါပြီ။ သူက တကယ်ကို ထူးရှယ် ကစားသမားမျိုးပါ ” လို့ ချီးကျူးခဲ့တယ်။

ဟားဂရိတ်နဲ့တွဲဘက် အားကစားသုံးသပ်သူအဖြစ် ပါဝင်သွားတဲ့ ဂျီးနပ်ကလည်း ဆန်ချိုဟာ တောက်ပလာမယ့် လူငယ်ကစားသမားအဆင့် မဟုတ်တော့ပဲ ရင့်ကျက်တဲ့ ခြေစွမ်းတွေကို ပြသနေတဲ့ ကစားသမား တစ်ဦး ဖြစ်နေပါပြီလို့ ထောက်ခံသွားခဲ့ပါတယ်။

ဂျီးနပ်က ” ဆန်ချိုက အရမ်းကို တက်ကြွနေပါတယ်။ သူ့ထံကနေ ဒီလိုပုံစံတွေကို နှစ်တွေအကြာကြီး မြင်ရဦးမှာပါ။ ဒီနှစ်တွေမှာ ဆန်ချိုက သူ့ရဲ့ အရွယ်ရောက်မှုတွေကို ပြသလာနေပါတယ်။ ညတုန်းကလည်း သူထံက တစ်ခုခု မြင်ရမယ်လို့ ကျနော် ခံစားမိခဲ့ပြီး ဒေါ့မွန်အသင်းကို သူဦးဆောင်ခဲ့တယ်။ သူဂိုး မသွင်းနိုင်ပေမယ့် အကောင်းဆုံး ကစားသမားလို့တောင် ပြောလို့ ရပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မနက္က ယွဥ္ျပိဳင္ကစားတဲ့ ေဒါ့မြန္နဲ႔ ပီအက္ဂ်ီပြဲမွ တိုက္စစ္မွဴး ဟာလန္က ေဒါ့မြန္အတြက္ ႏွစ္ဂိုး သြင္းယူေပးခဲ့ျပီး ေနမာက ပီအက္ဂ်ီအတြက္ တစ္ဂိုး သြင္းယူေပးသြားခဲ့တာပါ။

ဒါေပမယ့္လို႔ သူတို႔ႏွစ္ဦးအျပင္ ေတာင္ပံသမား ဆန္ခ်ိဳကလည္း ေတာက္ပတဲ့ ေျခစြမ္းေတြကို ျပသခဲ့ေသးတာပါ။ အဂၤလန္ကစားသမားေဟာင္းေတြျဖစ္ျပီး အားကစားပိုင္းဆိုင္ရာ သံုးသပ္သူေတြလည္းျဖစ္တဲ့ ဟားဂရိတ္နဲ႔ ဂ်ီးနပ္တို႔က တိုက္စစ္သမားရဲ႕ အစြမ္းအစကို ထုတ္ေဖာ္မႈနဲ႔အတူ သူ႔ကို လက္မွတ္ထိုး ေခၚယူသင့္ေနျပီလို႔ ေထာက္ခံမႈ ျပဳလုပ္သြားပါတယ္။

ဟားဂရိတ္က ” မေန႔ညက ဆန္ခ်ိဳရဲ႕ စြမ္းေဆာင္ရည္ေတြဟာဆိုရင္ ေနမာ အေကာင္းဆံုး အခ်ိန္ေတြတုန္းက ေျခစြမ္းေတြအတိုင္းပါပဲ။ သူ႔ကို ထိန္းခ်ဳပ္လို႔ မရခဲ့ပါဘူး။ ဆန္ခ်ိဳကို တစ္ေယာက္ေယာက္ကေတာ့ လက္မွတ္ထိုးျပီး ေခၚယူသင့္ေနပါျပီ။ သူက တကယ္ကို ထူးရွယ္ ကစားသမားမ်ိဳးပါ ” လို႔ ခ်ီးက်ဴးခဲ့တယ္။

ဟားဂရိတ္နဲ႔တြဲဘက္ အားကစားသံုးသပ္သူအျဖစ္ ပါဝင္သြားတဲ့ ဂ်ီးနပ္ကလည္း ဆန္ခ်ိဳဟာ ေတာက္ပလာမယ့္ လူငယ္ကစားသမားအဆင့္ မဟုတ္ေတာ့ပဲ ရင့္က်က္တဲ့ ေျခစြမ္းေတြကို ျပသေနတဲ့ ကစားသမား တစ္ဦး ျဖစ္ေနပါျပီလို႔ ေထာက္ခံသြားခဲ့ပါတယ္။

ဂ်ီးနပ္က ” ဆန္ခ်ိဳက အရမ္းကို တက္ၾကြေနပါတယ္။ သူ႔ထံကေန ဒီလိုပံုစံေတြကို ႏွစ္ေတြအၾကာၾကီး ျမင္ရဦးမွာပါ။ ဒီႏွစ္ေတြမွာ ဆန္ခ်ိဳက သူ႔ရဲ႕ အရြယ္ေရာက္မႈေတြကို ျပသလာေနပါတယ္။ ညတုန္းကလည္း သူထံက တစ္ခုခု ျမင္ရမယ္လို႔ က်ေနာ္ ခံစားမိခဲ့ျပီး ေဒါ့မြန္အသင္းကို သူဦးေဆာင္ခဲ့တယ္။ သူဂိုး မသြင္းႏုိင္ေပမယ့္ အေကာင္းဆံုး ကစားသမားလို႔ေတာင္ ေျပာလို႔ ရပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။