တော်မီနေး ပြန်ပါလာခြင်း၊ အကယ်ဒမီ ညာတောင်ပံလူငယ်နဲ့ ယူနိုက်တက် ညနေခင်းသတင်းများ
ယူနိုက်တက် ကွင်းလယ်ကစားသမား ဖရက်ဒ်က မန်ချက်စတာယူနိုက်တက်မှာ တစ်နေရာ အခိုင်အမာ ရပ်တည်နိုင်မယ်လို့ ယုံကြည်ချက် ရှိနေပြီး ဆိုးရှားကလည်း ပြီးခဲ့တဲ့နွေက ၎င်းကို အသင်း ရေရှည်အစီအစဉ်တွေမှာ ပါဝင်ကြောင်း အာမခံချက် ပေးထားခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာကြောင့် နားနေခဲ့ရတဲ့ ယူနိုက်တက် ကွင်းလယ် တော်မီနေးဟာ ကလပ် ဘရုစ်နဲ့ ယူရိုပါလိဂ် ပွဲမတိုင်ခင် ပြင်ဆင်လေ့ကျင့်နေတဲ့ ပွဲကြို ထရိန်နင်မှာ ပါဝင်နေတာ တွေ့ရပါတယ်။ တော်မီနေးအပြင် အသင်း ထရိန်နင်မှာ လင်ဒီလော့ဖ်၊ တူရမ်ဇီဘီတို့လည်း ပါဝင် လေ့ကျင့်နေပါတယ်။
အဲလစ်ဆစ် ဆန်းချက်ကို အငှားခေါ်ထားတဲ့ ကလပ် အင်တာမီလန်က အပြီးသတ် ခေါ်ယူဖို့ စကား စထားခြင်းပင် မရှိတာကြောင့် ချီလီသား အနေနဲ့ လက်ကျန်ရာသီမှာ ၎င်း အရည်အချင်းကို သက်သေပြရန် လိုအပ်နေပါတယ်။
ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှာ မက်ဂွဲရားနဲ့ ဘိုင်လီတို့က လိုက်ဖက်စွာ ကစားနိုင်ကြကြောင်း ချယ်ဆီးကို နိုင်တဲ့ ပွဲအပြီးမှာ နည်းပြ ဆိုးရှားက ချီးကျူးစကား ဆိုခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ အပြီး အလန်ရှီးယား ရွေးချယ်တဲ့ တစ်ပတ်တာ အကောင်းဆုံး အသင်းမှာ မက်ဂွဲရားနဲ့ ဘိုင်လီ ပါဝင်ေ်နပြီး နည်းပြ အဖြစ် ဆိုးရှားကို ရှီးယားက ရွေးချယ်ထားပါတယ်။
တိုက်စစ်မှူးဟောင်း ဗန်ပါစီက ယူနိုက်တက်ဟာ အသင်းနည်းပြ တွေ ဆက်တိုက် ပြောင်းလဲနေတာမျိုး မပြုလုပ်သင့်တော့ဘဲ ဆိုးရှားကို အချိန်ပေး စောင့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ယူနိုက်တက် စီနီယာအသင်း ထရိန်နင်မှာ အကယ်ဒမီမှ အသက် ၁၈ နှစ် အရွယ် ညာတောင်ပံ တိုက်စစ်သမားလေး ကွန်နာ စတန်လေ ပါဝင် လေ့ကျင့်ခွင့် ရရှိလာပါတယ်။
Zawgyi – ယူနိုက္တက္ ကြင္းလယ္ကစားသမား ဖရက္ဒ္က မန္ခ်က္စတာယူနုိက္တက္မွာ တစ္ေနရာ အခိုင္အမာ ရပ္တည္နိုင္မယ္လို႕ ယံုၾကည္ခ်က္ ရွိေနျပီး ဆိုးရွားကလည္း ျပီးခဲ့တဲ့ေႏြက ၄င္းကို အသင္း ေရရွည္အစီအစဥ္ေတြမွာ ပါ၀င္ေၾကာင္း အာမခံခ်က္ ေပးထားခဲ့တယ္လို႔ သိရပါတယ္။
ဒဏ္ရာေၾကာင့္ နားေနခဲ့ရတဲ့ ယူနုိက္တက္ ကြင္းလယ္ ေတာ္မီေနးဟာ ကလပ္ ဘရုစ္နဲ႕ ယူရိုပါလိဂ္ ပြဲမတိုင္ခင္ ျပင္ဆင္ေလ့က်င့္ေနတဲ့ ပြဲၾကိဳ ထရိန္နင္မွာ ပါ၀င္ေနတာ ေတြ႔ရပါတယ္။ ေတာ္မီေနးအျပင္ အသင္း ထရိန္နင္မွာ လင္ဒီေလာ့ဖ္၊ တူရမ္ဇီဘီတို႔လည္း ပါ၀င္ ေလ့က်င့္ေနပါတယ္။
အဲလစ္ဆစ္ ဆန္းခ်က္ကို အငွားေခၚထားတဲ့ ကလပ္ အင္တာမီလန္က အျပီးသတ္ ေခၚယူဖို႔ စကား စထားျခင္းပင္ မရွိတာေၾကာင့္ ခ်ီလီသား အေနနဲ႕ လက္က်န္ရာသီမွာ ၄င္း အရည္အခ်င္းကို သက္ေသျပရန္ လိုအပ္ေနပါတယ္။
ယူနိုက္တက္ရဲ႕ ဗဟိုခံစစ္မွာ မက္ဂြဲရားနဲ႕ ဘိုင္လီတို႔က လိုက္ဖက္စြာ ကစားနုိင္ၾကေၾကာင္း ခ်ယ္ဆီးကို နုိင္တဲ့ ပြဲအျပီးမွာ နည္းျပ ဆိုးရွားက ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။
ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၆ အျပီး အလန္ရွီးယား ေရြးခ်ယ္တဲ့ တစ္ပတ္တာ အေကာင္းဆံုး အသင္းမွာ မက္ဂြဲရားနဲ႕ ဘိုင္လီ ပါ၀င္ေ္နျပီး နည္းျပ အျဖစ္ ဆိုးရွားကို ရွီးယားက ေရြးခ်ယ္ထားပါတယ္။
တိုက္စစ္မွဴးေဟာင္း ဗန္ပါစီက ယူနိုက္တက္ဟာ အသင္းနည္းျပ ေတြ ဆက္တိုက္ ေျပာင္းလဲေနတာမ်ိဳး မျပဳလုပ္္သင့္ေတာ့ဘဲ ဆိုးရွားကို အခ်ိန္ေပး ေစာင့္ၾကည့္ဖို႔ တိုက္တြန္းလိုက္ပါတယ္။
ယူနိုက္တက္ စီနီယာအသင္း ထရိန္နင္မွာ အကယ္ဒမီမွ အသက္ ၁၈ နွစ္ အရြယ္ ညာေတာင္ပံ တိုက္စစ္သမားေလး ကြန္နာ စတန္ေလ ပါ၀င္ ေလ့က်င့္ခြင့္ ရရွိလာပါတယ္။