စနေည အီတီဟတ်မှာ မန်စီးတီးက ဘုန်းမောက်ကို ဘယ်နှဂိုး သွင်းမလဲ ကြိုတင် သုံးသပ်ခန့်မှန်းသွားတဲ့ ဘီဘီစီ ခရစ်ဆက်တန်

နည်းပြ ပက် ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးကတော့ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက် အသင်းကို အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲကစားမယ့် အချိန်ကတော့ ဒီနေ့ စနေနေ့ည ၉ နာရီခွဲ အချိန် ဖြစ်ပါတယ်။
ဘောလုံးပွဲ သုံးသပ်နေကြ ဆရာကြီး တစ်ယောက် ဖြစ်တဲ့ ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန် ကတော့ မန်စီးတီးနဲ့ ဘုန်းမောက် ပွဲ အတွက် ကြိုတင် သုံးသပ်မှုတွေ ထုတ်လာပါပြီ။
ခရစ်ဆက်တန်ရဲ့ ပွဲ သုံးသပ်ချက်
ပြီးခဲ့တဲ့ ပွဲတုန်းက ဘုန်းမောက်ဟာ နည်းပြ Iraola နဲ့အတူ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲကို စရသွားခဲ့ပါပြီ။ ဒါပေမယ့် သူ့ကို ယုံကြည်လို့တော့ မရသေးပါဘူး။
သူ့အသင်းက ခက်ခဲတဲ့ နေ့ခင်းတစ်ခုအဖြစ် အီတီဟက်ထံ သွားရမှာဖြစ်ပါတယ်။ မန်စီးတီးဟာ အိမ်ကွင်းမှာ ကစားတဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၂၁ ပွဲလုံးကို အနိုင်ရထားပါတယ်။
စီးတီးနည်းပြ ဂွာဒီယိုလာက လူစာရင်းကို အနည်းငယ် ပြောင်းလဲမှာဖြစ်ပြီး ဘယ်ခြမ်းအတွက် ဂရီလစ်နဲ့ ဒိုကူကြား ဘယ်သူ့ကို နေရာပေးမယ် မြင်ရဖို့က စိတ်ဝင်စားစရာပါပဲ။ ဘရိုက်တန်ပွဲမှာ ဒိုကူ ကောင်းခဲ့ပေမယ့် ဂရီလစ်ကလည်း မန်ယူနိုက်တက်ပွဲမှာ ကောင်းခဲ့ပါတယ်။
ဘယ်သူပဲ ကစားပါစေ ရလဒ်ကတော့ အတူတူပါပဲ။ စီးတီးပဲ နိုင်သွားမှာပါ။ ဟာလန်းက မနှစ်ကရာသီ ခြေစွမ်းမျိုး ရှိမနေဘူးလို့ လူတွေက ပြောကြတယ် ဒါပေမယ့် သူက ဂိုးတွေ သွင်းယူနိုင်နေဆဲပါ။ ဒီပွဲမှာလည်း သူ ၂ ဂိုးလောက် သွင်းမယ် မျှော်လင့်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်
မန်စီးတီး ၄-ဝ ဘုန်းမောက်