စပါး ရှုံးသွားတာကြောင့် ဇယားထိပ် အပိုင်သိမ်းလိုက်ပြီ ဖြစ်တဲ့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ကြီး ၆ ကြီးရဲ့ လာမယ့် ၆ ပွဲ
မနေ့ညက ပွဲမှာ စပါးအသင်းက ချယ်ဆီးကို ရှုံးနိမ့်သွားခဲ့တာကြောင့် မန်စီးတီး အသင်းက အမှတ်ပေးဇယား ထိပ်မှာ ဆက်လက် ရပ်တည်သွားပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လက်ရှိ 1 to 6 အသင်းတွေနဲ့ မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီးတို့ရဲ့ လာမယ့် ပရီးမီးယားလိဂ် ၆ ပွဲ ကို နှိုင်းယှဉ်လို့ရအောင် စုစည်း ဖော်ပြပေးလိုက်ပါတယ်။
မန်စီးတီး
ချယ်ဆီး (အဝေးကွင်း) ၊ လီဗာပူး (အိမ်ကွင်း) ၊ စပါး (အဝေးကွင်း) ၊ အက်စတွန်ဗီလာ (အိမ်ကွင်း) ၊ လူတန်တောင် (အဝေးကွင်း)၊ ပဲလေစ့် (အိမ်ကွင်း)။
မန်စီးတီးအနေနဲ့ ချန်ပီယံလမ်းကြောင်းကို ဦးဆောင်ဖို့ဆိုရင် လာမယ့် ပွဲစဉ် ၆ ပွဲလုံးကို အနိုင်ရဖို့ လိုပါတယ်။ ဒီပွဲ အားလုံးကို အနိုင်ရမယ်ဆိုရင် တနည်းအားဖြင့် ဒီရာသီ ချန်ပီယံကလည်း မန်စီးတီးပဲ ဆိုတာမျိုး ဖြစ်သွားပါလိမ့်မယ်။
တော့တင်ဟမ် စပါး
ချယ်ဆီး (အိမ်ကွင်း) ၊ ဝုဗ် (အဝေးကွင်း)၊ အက်စတွန်ဗီလာ (အိမ်ကွင်း) ၊ မန်စီးတီး (အဝေးကွင်း) ၊ ဝက်စ်ဟမ်း (အိမ်ကွင်း) ၊ နယူးကာဆယ် (အိမ်ကွင်း)။
စပါးအသင်းရဲ့ ဒီရာသီ အနေအထားကို အဆုံးအဖြတ်ပေးမယ့် ပွဲစဉ်တွေ ဖြစ်ပါတယ်။ မာကျောတဲ့ အသင်းတွေနဲ့ပဲ ထိပ်တိုက်တွေ့မှာဖြစ်ပြီး ဒီခယောင်းလမ်းကို အကောင်းဆုံး ကျော်ဖြတ်နိုင်ရင် မန်စီးတီးကို ယှဉ်ပြိုင်ပြီး ဖလားလုနိုင်ပါလိမ့်မယ်။
အာဆင်နယ်
ဘန်လေ (အိမ်ကွင်း) ၊ ဘရန့်ဖိုဒ့် (အဝေးကွင်း) ၊ ဝုဗ် (အိမ်ကွင်း) ၊ လူတန်တောင် (အဝေးကွင်း)၊ အက်စတွန်ဗီလာ (အဝေးကွင်း) ၊ ဘရိုက်တန် (အိမ်ကွင်း) ။
ဒီ ၆ ပွဲမှာ အာဆင်နယ်အသင်း ရသင့်တာက ၁၈ မှတ် အပြည့် ဖြစ်ပါတယ်။ ဗီလာနဲ့ အဝေးကွင်းပွဲ တစ်ပွဲကပဲ ခက်ခဲနိုင်တာဖြစ်ပြီး ချန်ပီယံနေရာ မှန်းမျှော်ရင် ဒီအသင်းတွေ အားလုံးကို အနိုင်ရသင့်ပါတယ်။
လီဗာပူး
ဘရန့်ဖိုဒ့် (အိမ်ကွင်း) ၊ မန်စီးတီး (အဝေးကွင်း) ၊ ဖူလ်ဟမ် (အိမ်ကွင်း) ၊ ရှက်ဖီး (အဝေးကွင်း) ၊ ပဲလေစ့် (အဝေးကွင်း) ၊ မန်ယူနိုက်တက် (အိမ်ကွင်း)။
ဒီ ၆ ပွဲမှာ ရမှတ် ဘယ်လောက် ယူနိုင်မလဲက လီဗာပူးရဲ့ ဒီရာသီ လမ်းကြောင်းကို ပေါ်ပေါက်စေမှာပါ။ လီဗာပူးဟာ ခြေစွမ်း မတည်ငြိမ်ဘဲ အတက်အကျ မြန်နေသလို ပွဲထိန်းချုပ်နိုင်မှု နည်းပါပါတယ်။ ထိပ်ဆုံး ၄ သင်းထဲမှာ ကစားပုံ အားအနည်းဆုံး အသင်းလည်း ဖြစ်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်
လူတန် (အိမ်ကွင်း) ၊ အဲဗာတန် (အဝေးကွင်း) ၊ နယူးကာဆယ် (အဝေးကွင်း) ၊ ချယ်ဆီး (အိမ်ကွင်း) ၊ ဘုန်းမောက် (အိမ်ကွင်း) ၊ လီဗာပူး (အဝေးကွင်း)။
ယူနိုက်တက်ဟာ အသင်းငယ် ၃ သင်း၊ အသင်းကောင်း ၃ သင်းဖြင့် ထိပ်တိုက်တွေ့မှာဖြစ်ပြီး ဒီ ၆ ပွဲမှာ ၁၀ မှတ် ဒါမှမဟုတ် ၁၀ မှတ် အထက် ရမယ်ဆိုရင် ကောင်းမွန်တဲ့ ကျော်ဖြတ်မှု ဖြစ်လာမှာပါ။
ချယ်ဆီး
မန်စီးတီး (အိမ်ကွင်း) ၊ နယူးကာဆယ် (အဝေးကွင်း) ၊ ဘရိုက်တန် (အိမ်ကွင်း)၊ မန်ယူနိုက်တက် (အဝေးကွင်း)၊ အဲဗာတန် (အဝေးကွင်း)၊ ရှက်ဖီး (အိမ်ကွင်း)။
ချယ်ဆီး အတော်လေး ပွဲကြပ်နေပေမယ့် ဒါကပဲ သူတို့ရဲ့ အလားအလာကို သက်သေပြရမယ့် အချိန်အခါ ဖြစ်ပါတယ်။ ရလဒ်တွေ မကောင်းဖြစ်နေတဲ့ ချယ်ဆီးဟာ ပွဲကြီးတွေမှာဆိုရင် ခြေစွမ်း ကောင်းမွန်လေ့ ရှိပါတယ်။