ချယ်ဆီး၊ လီဗာပူး ပွဲ မတိုင်ခင် စီးတီးရဲ့ ထူးရှယ် ကစားသမား ဒဏ်ရာရနေလို့ စဉ်းစားနေရတဲ့ ဂွာဒီယိုလာ

ဘုန်းမောက်ကို ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ ဟာလန်းဟာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီး ဒီအပတ် ချန်ပီယံလိဂ်နဲ့ ချယ်ဆီး ပွဲတွေမှာ ပြန်ပါလာမလား မသေချာသေးပါဘူး။

ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ်ပွဲ မတိုင်ခင်မှာ နည်းပြဂွာဒီယိုလာက ဟာလန်းအကြောင်း ထုတ်ပြောလာခဲ့ပြီး အနားပေးမယ့် လေသံတွေ ဖြစ်နေပါတယ်။ ချန်ပီယံလိဂ်မှာက နောက်တစ်ဆင့် တက်ရောက်ဖို့ သေချာသလောက် ရှိနေတာမို့ ပရီးမီးယားလိဂ်အတွက် ဟာလန်းကို အားမွေးထားစေချင်ဟန် ရှိပါတယ်။

ဂွါဒီယိုလာက “ အသင်းဆရာဝန်တွေ ပြောတာကို နားထောင်သွားမှာပါ။ ဟာလန်းကတော့ သူ့ဒဏ်ရာက သက်သာလာပြီလို့ ပြောနေတယ်။ ဒါပေမယ့် ကျွန်တော် အသေးစိတ် မသိရသေးပါဘူး။

တကယ်လို့ ဟာဇန်း ကစားဖို့ အဆင်သင့်ဖြစ်နေပြီ၊ ဒဏ်ရာက မနာကျင်တော့ဘူးဆိုရင် ကျွန်တော် ထည့်ကစားဖို့ စဉ်းစားမှာပါ။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ အယ်လ်ဗာရက်ဇ်က သူ့နေရာကို ဝင်ကစားပါလိမ့်မယ်။

အယ်လ်ဗာရက်ဇ်ကလည်း အတော်လေး ကောင်းတဲ့ ကစားသမားပါ။ သူ တိုက်စစ်မှူးအဖြစ် ရောက်လာတာကို ကျွန်တော် သဘောကျပါတယ်၊ ကျေနပ်ပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

ချယ်ဆီးပွဲအပြီး နိုင်ငံတကာ သီတင်းပတ် ရှိနေကာ ပြီးရင်တော့ လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲ ရှိနေတာ ဖြစ်ပါတယ်။