ဒီဘရိုင်း နေရာ အစားထိုးဖို့ အသက် ၂၀ အရွယ် ကြယ်ပွင့်ကို ရီးရဲလ်မက်ဒရစ်နဲ့အပြိုင် ချိတ်ဆက်မယ့် မန်စီးတီး

မန်စီးတီးဟာ ၂၀၂၄ နွေမှာ ဦးစားပေး ပစ်မှတ်အဖြစ် ဘိုင်ယန်ကြယ်ပွင့် မူဆီယာလာကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့အပြိုင် စိတ်ဝင်စားနေပါတယ်။
မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက မူဆီယာလာကို အသက်အရွယ်ရလာတဲ့ ကွင်းလယ်လူ ကီဗင်ဒီဘရိုင်းနားရဲ့ နေရာမှာ ရေရှည်အစားထိုးနိုင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်ကလည်း တိုက်စစ်အတွက် ကာလရှည် ကြိုးပမ်းနေတဲ့ အမ်ဘာပေကို ခေါ်ယူနိုင်ရေး မအောင်မြင်ခဲ့ရင် ဂျာမာန်သားကို နံပါတ်တစ် ပစ်မှတ်အဖြစ် ကြိုးစားမှာ ဖြစ်ပါတယ်။
မူဆီယာလာဟာ နည်းပြတူချယ် လက်အောက်မှာ မပျော်ရွှင်ဖြစ်နေတာမို့ နွေမှာ အသင်းပြောင်းမယ် အသံထွက်နေတာပါ။ လီဗာပူးနည်းပြ ကလော့ပ်ကလည်း မူဆီယာလာကို သဘောကျပေမယ့် ရေပန်းစားမှု အားနည်းပါတယ်။
အင်္ဂလန်သက်တမ်းအလိုက် လူငယ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ချဲလ်ဆီးအကယ်ဒမီထွက်မူဆီယာလာဟာ ဘိုင်ယန်နဲ့ ၁၃၈ ပွဲမှာ ၃၅ ဂိုးသွင်းထားသူပါ။ မနှစ်က ရာသီမှာလည်း စုစုပေါင်း ၄၇ ပွဲ ကစားခဲ့ပြီး ၁၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
မန်စီးတီးဟာ စပိန် ကွင်းလယ်တိုက်စစ်သမား အော်မိုကိုလည်း သဘောကျနေပြီး လိုက်ဇစ်အသင်းနဲ့ သူ့ရဲ့ စာချုပ်ကတော့ ၂၀၂၇ ခုနှစ်ထိ သက်တမ်းရှိပါတယ်။