လာမယ့် ချယ်ဆီး – မန်စီးတီး ပွဲ ကိုင်မယ့် ဒိုင်လူကြီး အမည် ထွက်ပေါ်လာပြီးနောက် ပရိသတ်တွေကတော့ ရင်ထိတ် နေရပါပြီ

ဒီအပတ် တနင်္ဂနွေနေ့ည စတန်းဖို့ ဘရစ်ချ်မျာ ကစားမယ့် ချယ်ဆီးနဲ့ မန်စီးတီး ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်ကို ကိုင်တွယ်ဖို့ အင်္ဂလန်နဲ့ ပရီးမီးယားလိဂ် နာမည်ကျော် ဒိုင်လူကြီးတစ်ဦးဖြစ်သူ အန်တိုနီ တေလာကို တာဝန်ပေးလိုက်ပြီ လို့ သိရပါတယ်။

ဒိုင်လူကြီး အန်တိုနီ တေလာ ဟာ ဝုလ် ၂-၂ နယူးကာဆယ်ပွဲမှာ နယူးကာဆယ်ဘက်ကို အငြင်းပွားစရာ ပယ်နယ်တီ ကန်ခွင့်ပေးခဲ့ခြင်းကြောင့် ချန်ပီယံရှစ်ထံ ရာထူးချခံခဲ့ရတာပါ။

၎င်းဟာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံရှစ် ပွဲစဉ်ကို ကိုင်တွယ်ခဲ့ရပါတယ်။

ပရက်စတန်နဲ့ ကိုဗင်ထရီ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံရှစ်မှာလည်း အိမ်ရှင် ပရက်စတန်ဘက်ကို ပယ်နယ်တီ ကန်ခွင့် ပေးခဲ့ပြီး ၃-၂ နဲ့ အနိုင်ရစေတဲ့ အန်တိုနီရဲ့ ဆုံးဖြတ်ချက်ဟာ ဝေဖန်ခံခဲ့ရပါသေးတယ်။

တစ်ပွဲသာ တန်းဆင်း ကိုင်ခိုင်းပြီးတဲ့နောက် ပရီးမီးယားလိဂ်ကတော့ ဒိုင်လူကြီး အန်တိုနီ တေလာ ကို အခုတစ်ပတ် ချယ်ဆီးနဲ့ မန်စီးတီး ပရီးမီးယားလိဂ်ပွဲကို ပြန်လည်ကိုင်တွယ်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။

လာမယ့် ဆန်းဒေး ချယ်ဆီး – မန်စီးတီးပွဲမှာ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေ မြင်ရဦးမလား ရင်မောစွာ စောင့်ကြည့် ကြရဦးမှာ ဖြစ်ပါတယ်။