ဒီအပတ် ချယ်ဆီး – မန်စီးတီး ပွဲ ဘယ်လို ရလဒ်ထွက်လာမလဲ၊ ဘယ်သူ့ အပေါ် မူတည်နေသလဲ ခရစ်ဆက်တန် ကြိုတင် သုံးသပ် ဟောကိန်းထုတ်

ပက် ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီး အသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ချယ်ဆီးနဲ့ ထိပ်တိုက်တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာပါ။

ဒီနှစ်သင်းဟာ စတန်းဖို့ဘရစ်ချ်မှာ တနင်္ဂနွေနေ့ ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဖြစ်တဲ့ပ ဘီဘီစီမှ ပင်တိုင် ဆရာကြီး ခရစ်ဆက်တန် ကတော့ ချယ်ဆီးနဲ့ မန်စီးတီး တို့ ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းလာပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

ပြီးခဲ့တဲ စပါးနဲ့ ပွဲ နိုင်လိုက်တာက ချယ်ဆီးအသင်းသားတွေ အပေါ် သက်ရောက်မှု ရှိပါမယ်။ ဘယ်လိုပုံစံနဲ့ပဲ နိုင်တယ် ဆိုဆို လူတော်တော် များများက သူတို့ နိုင်မယ် မထင်တဲ့ ပွဲမှာမှ သူတို့ လုပ်ပြနိုင်ခဲ့တာ ဖြစ်တယ်။

ဒီတပတ် ပွဲ ရလဒ်ကတော့ ချယ်ဆီး ဘယ်လိုကြိုးစားတယ် ဆိုတာထက် စီးတီး ဘယ်လို ပုံစံ ကစားမလဲ ဆိုတာ ပိုပြီး မူတည်ပါမယ်။ ပက် ဂွာဒီယိုလာ အသင်းမှာ ဒဏ်ရာ ပြသနာတွေ အနည်းငယ် ရှိပေမယ့် တကယ့် တကယ် ပွဲထွက် ကစားတဲ့ အခါ သိပ်ကြီး ခြားနားမှုတွေ ရှိမနေဘူး။ သူတို့ လူစာရင်းက သိပ်ကို တောင့်တယ်။

ဂွာဒီယိုလာမှာက ဘယ်ခြမ်းမှာ ဘယ်သူ့ကို ပွဲထွက် ရွေးရမလဲ ဆိုတာ ပြသနာကောင်းလည်း ရှိနေပြီ။ ဂျယ်ရီမီ ဒိုကူလား ဂျက် ဂရေးလစ်ချ်လား။

ပက်နဲ့ ဆိုရင် ဘာမှတော့ မှန်းမရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒိုကူ ကစားတာ ကလည်း သိပ်ကောင်းနေတယ် ဆိုပေမယ့် နောက် ၆ ပွဲ လောက် သူ့ကို ခေါက်ထားတာလည်း ဖြစ်နိုင်တယ်။

ဘယ်သူ ဝင် ကစား ကစား၊ စီးတီးကတော့ အညှာအတာ မရှိဘူး။ သူတို့ နှစ်ဂိုးလောက် အသာနဲ့ နိုင်ပါမယ်။ မေးခွန်း ထုတ်စရာ တစ်ခု ကျန်တာက ချယ်ဆီး ဂိုးသွင်းနိုင်မလား ဆိုတာပါပဲ။

ခရစ်ဆက်တန် ရဲ့ ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ဝ-၂ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။