ဒီအပတ် ချယ်ဆီးကို မန်စီးတီး အနိုင် မကစားနိုင်ဘူး ဟောကိန်း ထုတ်လာတဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်

မန်ချက်စတာ စီးတီး အသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ချယ်ဆီးနဲ့ ထိပ်တိုက်တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာပါ။
ဒီနှစ်သင်းဟာ စတန်းဖို့ဘရစ်ချ်မှာ တနင်္ဂနွေနေ့ ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး ဖြစ်တဲ့ ပေါမာဆန် ကတော့ ချယ်ဆီးနဲ့ မန်စီးတီး တို့ ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းလာပါတယ်။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
ပြီးခဲ့တဲ့ အပတ်တုန်းက ချယ်ဆီးတော့ စပါးအနိုင်ယူသွားတာ ခံရတော့မှာပဲလို့ ကျနော် လျှောက်ပြောခဲ့မိတယ်။ ချယ်ဆီး အဲ့လိုဖြစ်မယ် ထင်ခဲ့ပေမယ့် သူတို့က တစ်ကွင်းလုံး နေရာစုံမှာ သိပ်ကောင်းခဲ့ပါတယ်။
ချယ်ဆီးက စီးတီးကို ဒုက္ခတွေပေးမှာပါ။ ဒါပေမယ့် ချယ်ဆီးနိုင်သွားမယ်တော့ မမြင်ပါဘူး။ ဒီပွဲကို သူတို့ နိုင်သွားခဲ့ရင် ကျနော်တော့ အတော်လေး အံ့ဩမိမှာပါပဲ။
အကြောင်းရင်း တစ်ခုက မန်စီးတီးမှာက ပွဲအဖြေကို ပြောင်းလဲစေနိုင်မယ့် ကစားသမားတွေ အများကြီး ရှိပါတယ်။ ပြိုင်ဘက်ကို ဖျက်ဆီးဖို့ ရွေးချယ်စရာတွေ အမြဲတမ်း ရှိပါတယ်။
ဒီရာသီ စီးတီးရဲ့ အထက်မှာ ရပ်တည်နိုင်မယ့် ကလပ်ရယ်လို့လည်း မမြင်မိဘူး။ ဒါပေမယ့် ဒီပွဲမှာ ချယ်ဆီး သရေကျဖို့ မျှော်လင့်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်
ချယ်ဆီး ၁-၁ မန်ချက်စတာ စီးတီး