ကမ္ဘာ့အကောင်းဆုံး တိုက်စစ်သမားတွေ ရှိနေတဲ့ မန်စီးတီးကို ချယ်ဆီး ဘယ်လို ရင်ဆိုင်မလဲ ဘာဘာတော့ဗ် ရဲ့ သုံးသပ် ခန့်မှန်းချက်
စပါးနဲ့ မန်ယူ တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ်ကတော့ ဒီအပတ် ချယ်ဆီးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲ အတွက် ကြို တင် သုံးသပ် ခန့်မှန်းလာပြီ ဖြစ်ပါတယ်။
နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် နောက်ဆုံးပွဲ ဖြစ်တာကြောင့် နှစ်သင်းလုံးကတော့ ဒီပွဲ အနိုင်ရဖို့ အားကုန်ထုတ် ကြိုးစားလာကြမှာပါ။ ပွဲကတော့ တနင်္ဂနွေနေ့ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဘာဘာတော့ဗ် ပွဲကြို သုံးသပ်ချက်
စပါးကို ရင်ဆိုင်ပြီး ချယ်ဆီးတို့ နိုင်ခဲ့ပေမယ့် ၉ ယောက်ကျန် ပြိုင်ဘက်ကို အနိုင်ရခြင်း ဖြစ်ပါတယ်။ စီးတီးကို ရင်ဆိုင်ရာမှာတော့ အချိန်တိုင်း သူတို့ အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ သူတို့ အများကြီး ကြိုးစားရမှာတွေ ရှိနေပါသေးတယ်။
ချယ်ဆီးက ပြိုင်ဘက်တွေကို ခပ်လွယ်လွယ် ဂိုးသွင်းခွင့်တွေ ပေးနေပြီး စီးတီးမှာက ကမ္ဘာ့အကောင်းဆုံး တိုက်စစ် သမား အချို့ ရှိနေတာ ဖြစ်ပါတယ်။
ချယ်ဆီးအသင်း အာရုံစိုက်မှု နည်းခဲ့မယ်ဆိုရင် စီးတီးကစားသမားတိုင်းက ဂိုးသွင်းသွားနိုင်စွမ်း ရှိပါတယ်။ ဒီပွဲကို စီးတီးပဲ အနိုင်ရသွားမယ် ထင်ပါတယ်။ ပိုချက်တီနိုနဲ့အတူ ချယ်ဆီးတို့ ပုံစံကောင်းရဖို့ ရှာဖွေနေရဆဲ အခြေအနေမှာ မန်စီးတီးကို ရင်ဆိုင်ရမှာက ခက်ခဲပါတယ်။
ဘာဘာတော့ဗ် ခန့်မှန်းရလဒ်
ချယ်ဆီး 1-3 မန်ချက်စတာ စီးတီး
