ယူရိုပြိုင်ပွဲပါ လွဲဖွယ် ရှိနေတဲ့ ရက်ဖို့ဒ်၊ အစ်ဟာလို ပွဲထွက်ခွင့်နဲ့ ယူနိုက်တက် နံနက်ခင်းသတင်းများ

တိုက်စစ်မှူး ရက်ဖို့ဒ်ရဲ့ ဒဏ်ရာက သီတင်းပတ် ၆ ပတ်လောက်ကြာ အနားယူ ကုသမှုခံယူရမယ်လို့ မှန်းထားခဲ့ပေမယ့် ထင်ထားတာထက် ဒဏ်ရာက ပြင်းထန်တာကြောင့် ရက်ဖို့ဒ်က ယူရို ၂၀၂၀ ပြိုင်ပွဲပါ လွဲချော်ရမယ့် အနေအထား ရင်ဆိုင်နေရပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ၎င်း အနေနဲ့ ရက်ဖို့ဒ် ဒီရာသီမှာ ဘောလုံး ပြန်ကစားဖို့ မျှော်လင့်ဆဲ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပြီး မျှော်လင့်ထားတာထက် မြန်မြန် သက်သာစေဖို့ ဆန္ဒရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာက အသင်းဖော်တွေနဲ့ အတူ ထရိန်နင် ပြန်ဆင်းဖို့ မျှော်လင့်ထားပေမယ့် ဆိုးရှားကတော့ ပြင်သစ်သား အခြေအနေက ထရိန်နင်ဆင်းဖို့ အသင့် မဖြစ်သေးသလို နီးလည်း မနီးစပ်သေးဘူးလို့ အသိပေး ပြောကြားခဲ့ပါတယ်။

ကလပ်ဘရုစ်နဲ့ ယူရိုပါလိဂ် ပွဲမှာ တိုက်စစ်မှူး အစ်ဟာလို ပွဲထွက် ကစားခွင့် ရဖွယ် ရှိကြောင်း ဆိုးရှားက ပွဲကြိုမှာ ပြောဆိုခဲ့ပါတယ်။ အစ်ဟာလို ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောက်ရှိလာခဲ့ပြီး ယူနိုက်တက် အတွက် ကစားပေးရခြင်း မရှိသေးပါဘူး။

ယူနိုက်တက် ကွင်းလယ်သမား ဖရက်က နည်းပြ ဆိုးရှားဟာ အသင်းသားတွေ အတွက် တမူထူးခြားတဲ့ ဆရာတစ်ဦး ဖြစ်ပြီး အလုပ်ကောင်းတွေလည်း လုပ်ပြထားတယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

အဆင့် ၄ အတွင်း ဝင်ဖို့ အခွင့်အရေးဟာ မန်ချက်စတာ ယူနိုက်တက် လက်ထဲမှာ ရှိပြီး ကိုယ်ပိုင် ဖန်တီးနိုင်ပြီလို့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အားပေးစကား ဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ အဆင့် ၄ နေရာမှ ချယ်ဆီးနဲ့ ၃ မှတ် အကွာမှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Zawgyi – တိုက္စစ္မွဴး ရက္ဖို႔ဒ္ရဲ႕ ဒဏ္ရာက သီတင္းပတ္ ၆ ပတ္ေလာက္ၾကာ အနားယူ ကုသမႈခံယူရမယ္လို႔ မွန္းထားခဲ့ေပမယ့္ ထင္ထားတာထက္ ဒဏ္ရာက ျပင္းထန္တာေၾကာင့္ ရက္ဖို႕ဒ္က ယူရို ၂၀၂၀ ျပိဳင္ပြဲပါ လြဲေခ်ာ္ရမယ့္ အေနအထား ရင္ဆိုင္ေနရပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ ၄င္း အေနနဲ႔ ရက္ဖို႔ဒ္ ဒီရာသီမွာ ေဘာလံုး ျပန္ကစားဖို႔ ေမွ်ာ္လင့္ဆဲ ျဖစ္ေၾကာင္း ဖြင့္ဟခဲ့ျပီး ေမွ်ာ္လင့္ထားတာထက္ ျမန္ျမန္ သက္သာေစဖို႔ ဆႏၵရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာက အသင္းေဖာ္ေတြနဲ႕ အတူ ထရိန္နင္ ျပန္ဆင္းဖို႔ ေမွ်ာ္လင့္ထားေပမယ့္ ဆိုးရွားကေတာ့ ျပင္သစ္သား အေျခအေနက ထရိန္နင္ဆင္းဖို႔ အသင့္ မျဖစ္ေသးသလို နီးလည္း မနီးစပ္ေသးဘူးလို႔ အသိေပး ေျပာၾကားခဲ့ပါတယ္။

ကလပ္ဘရုစ္နဲ႕ ယူရိုပါလိဂ္ ပြဲမွာ တိုက္စစ္မွဴး အစ္ဟာလို ပြဲထြက္ ကစားခြင့္ ရဖြယ္ ရွိေၾကာင္း ဆိုးရွားက ပြဲၾကိဳမွာ ေျပာဆိုခဲ့ပါတယ္။ အစ္ဟာလို ဟာ ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာ ေရာက္ရွိလာခဲ့ျပီး ယူနိုက္တက္ အတြက္ ကစားေပးရျခင္း မရွိေသးပါဘူး။

ယူနိုက္တက္ ကြင္းလယ္သမား ဖရက္က နည္းျပ ဆိုးရွားဟာ အသင္းသားေတြ အတြက္ တမူထူးျခားတဲ့ ဆရာတစ္ဦး ျဖစ္ျပီး အလုပ္ေကာင္းေတြလည္း လုပ္ျပထားတယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

အဆင့္ ၄ အတြင္း ၀င္ဖို႔ အခြင့္အေရးဟာ မန္ခ်က္စတာ ယူနိုက္တက္ လက္ထဲမွာ ရွိျပီး ကိုယ္ပိုင္ ဖန္တီးနိုင္ျပီလို႔ တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က အားေပးစကား ဆိုခဲ့ပါတယ္။ ယူနိုက္တက္ဟာ လက္ရွိ အဆင့္ ၄ ေနရာမွ ခ်ယ္ဆီးနဲ႕ ၃ မွတ္ အကြာမွာ ေရာက္ရွိေနျပီ ျဖစ္ပါတယ္။