မင်းဂွတ်သီးနဲ့ အခုမှ ဂိုးသွင်းဖူးတာ၊ စံချိန်သစ်ပဲ ဆိုပြီး ဟာသလုပ်နေတဲ့ မန်စီးတီး တိုက်စစ်မှုး အာလင်း ဟာလန်း

မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကတော့ မနေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်ဆီး ၄-၄ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ရာ သူ့ရဲ့ သွင်းဂိုး ၁ဂိုးက မင်းဂွတ်သီးနဲ့ သွင်းယူခဲ့တာကြောင့် ဟာသ ဖြစ်နေပါတယ်။

ချယ်ဆီးရဲ့ အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ပွဲက အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ကြသလို အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြတာကြောင့် အတော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။

ဟာလန်းက ပထမပိုင်း ပွဲချိန် ၂၅မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် စီးတီး အတွက် အဖွင့် ဦးဆောင်ဂိုး စတင် သွင်းယူပေးခဲ့ပါတယ်။

ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ချယ်ဆီးက ချေပဂိုးတွေ ပြန်ရဖို့ တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး အပြန်အလှန် သွင်းဂိုးတွေကြောင့် ပထမပိုင်း အပြီးမှာ ၂-၂ နဲ့ သရေကျနေပါတယ။်

အဲ့ဒီနောက် ဒုတိယပိုင်း စစချင်းမှာပဲ အာလင်း ဟာလန်းက ဖိုဒန်ရဲ့ ပေးပို့မှုကို အနီးကပ် ပိတ်သွင်းကာ မန်ချက်စတာ စီးတီး အတွက် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပြီး ထူးခြားချက် တချက်က ဟာလန်းဟာ ဘောလုံးကို လျှောထိုး ပိတ်သွင်းခဲ့ချိန်မှာ သူ့ရဲ့ ငယ်ပါ မင်းဂွတ်သီး နဲ့ ထိကာ ဘောလုံးဟာ ဂိုးထဲ ဝင်သွားခဲ့တဲ့ အချက်ပဲ ဖြစ်ပါတယ်။

ညကပွဲမှာ စီးတီးအတွက် သွင်းဂိုး ၂ဂိုး သွင်းပေးခဲ့တဲ့ အာလင်း ဟာလန်းက သူ ဒီလို့ ဂိုးမသွင်းဖူးတာကြောင့် ဒီပွဲမှာ စံချိန်သစ် တခု ရခဲ့ကြောင်း ဟာသလုပ်ကာ ပြောကြားသွားခဲ့ပါတယ်။

ဟာလန်းက – “ကျွန်တော်က မင်းဂွတ်သီးနဲ့ တခါမှ ဂိုးမသွင်းဖူးပါဘူး။ ဒါကြောင့် ဒီဂိုးက ကျွန်တော့်အတွက် စံချိန်သစ် တခုပါပဲ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။

ပွဲအပြီးမှာတော့ ချယ်ဆီးနဲ့ မန်စီးတီးတို့ ၄-၄ နဲ့ သရေကျသွားပြီး တစ်မှတ်စီ ခွဲယူခဲ့ရတာ ဖြစ်ပါတယ်။